spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်မြို့ အတ္တရံမြစ်ရေသန့်စက်ရုံ စီမံကိန်း ၈၅ ရာခိုင်နှုန်းခန့်ပြီးစီးဟုဆို

    မော်လမြိုင်မြို့ အတ္တရံမြစ်ရေသန့်စက်ရုံ စီမံကိန်း ၈၅ ရာခိုင်နှုန်းခန့်ပြီးစီးဟုဆို

    -

    စိုင်းထွန်းစံ(မော်လမြိုင်၊စက်တင်ဘာ ၄)

    မော်လမြိုင်မြို့ သာယာအေးရပ်ကွက် လှိုင်ဈေးလမ်းရှိ အတ္ထရံ (၂) မြစ်ရေတင်စက်ရုံဝင်းအတွင်း တည်ဆောက်နေသည့်  အထ္ထရံမြစ်ရေသန့်စက်ရုံတည်ဆောက်ရေးစီမံကိန်း တည်ဆောက်မှု ၈၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း မွန်ပြည်နယ်စည်ပင်သာရေးအဖွဲ့ ထံမှသိရသည်။

    အထ္ထရံမြစ်ရေသန့်စက်ရုံတည်ဆောက်မှုလုပ်ငန်းကို ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် စတင်ဆောင်ရွက်ခဲ့ပြီး ငွေကျပ် ၈ ဒဿမ ၅ ဘီလီယံ အသုံးပြုထားကြောင်း လုပ်ရတာအဆင်မပြေသေးလို့စောင့်နေတာ”ဟု မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ပြည်နယ်ညွန်ကြားရေးမှူး ဦးတင်ကိုကိုက ဆိုသည်။

    “ခုဘာတွေဆက်လုပ်နေလဲဆိုတော့ အထဲမှာတပ်ဆင်တဲ့စက်ပစ္စည်း အစိတ်အပိုင်းတွေပေါ့။ တပ်ဆင်ဖို့အတွက်လဲပစ္စည်းတွေရောက်ရှိနေပြီ။ စက်တင်ဘာလကုန်လောက်ဆိုရင်တော့ တပ်ဆင်မှုအစိတ်အပိုင်းတွေ ပြီးသွားမယ်လို့မှန်းထားတယ် ကျန်တဲ့ဆက်စက်လုပ်ငန်းတွေဘာတွေကျန်မလည်းဆိုတော့ မြစ်ကမ်းထိမ်းလုပ်ငန်း လက်ရှိမိုးတွင်းကာလဆိုတော့ လုပ်ရတာအဆင်မပြေသေးလို့စောင့်နေတာ”ဟု ဦးတင်ကိုကိုက ပြောသည်။

    မြစ်ကမ်းရေထိမ်းလုပ်ငန်းနှင့် ရေးပေးဝေရေးလုပ်ငန်းဝန်ထမ်းများ နေထိုင်ရန်အတွက် နေအိမ်တစ်လုံးဆောက်ရွက်ရန်အတွက် ကျပ်သိန်း ၄၅၀၀ ခန့်တင်ပြရန်ရှိကြောင်း ၎င်းထံမှသိရသည်။

    အတ္တရံ (၂) ရေပေးဝေရေးစက်ရုံတည်ဆောက်ရခြင်းမှာ မော်လမြိုင်မြို့ရှိ ကင်မွန်းခြုံဆည်နှင့် ရွှေနတ်တောင်ဆည်ရေများ နွေရာသီတွင် ရေမလုံလောက်သည့်ပြသနာများဖြစ်သည့်အတွက် ဆောင်ရွက်ခြင်းရဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်က “အခုဒီအတ္ထရံစီမံကိန်းပြီးသွားရင် WHO ရဲ့ စံနှုန်းထက် ပိုသာတဲ့ ရေသန့်ရရှိကြမှာ ဖြစ်ပါတယ်။ နောက် ရေသွယ်ယူမယ့် လုပ်ငန်းကလည်း ၈၀ ရာခိုင်နှုန်းလောက်ပြီးနေပါပြီ။ ဒါ့ကြောင့် လာမယ့်နှစ်ဆန်းပိုင်းမှာ မော်လမြိုင်မြို့မှာရှိတဲ့ မူလရေပိုက်လိုင်းဟောင်းတွေကို ရေပေးနိုင်တော့မှာ ဖြစ်ပါတယ်။ ရေမီတာခနဲ့ ပတ်သက်လို့တစ်ယူနစ်ကို ၇၅ ကျပ်ကနေ ၁၅၀ ကျပ်၊ ၂၀၀ ကျပ်အထိတော့ တက်နိုင်ပါတယ်။ ရေကိုတော့ ၂၄ နာရီ ပေးသွားမှာပါ” ဟု ပြီးခဲ့သည့် ဇူလိုလအတွင်းက မီဒီယာများကို ပြောကြားခဲ့သည်။

    လက်ရှိတွင် ရေမီတာတစ်ယူနစ်ကို ၁၅၀ ကျပ်ကောက်ခံရာမှ အထ္ထရံ(၂) ရေးပေးဝေရေးစက်ရုံမှ ရေဖြန့်ဖြူးသည့်အခါ တစ်ယူနစ် ၂၅၀ ကျပ်ကောက်ခံသွားရန် စည်ပင်သာရေးဌာနမှလျာထားကြောင်း သိရသည်။

    အဆိုပါ အထ္ထရံမြစ်ရေသန့်စက်ရုံစီမံကိန်းကို လာမည့် ၂၀၂၂ ခုနှစ်တွင် စတင်လည်ပတ်သည့်အခါ တစ်ရက်လျှင် ရေဂါလံ လေးသန်းကျော် ထုတ်လုပ်ရန်လျာထားပြီး မော်လမြိုင်မြို့ရှိ ရပ်ကွက်ပေါင်း ၂၉ ရက်ကွက်ကို ၂၄ နာရီရေပေးဝေသွားမည် ဖြစ်သည်။

    Photo-အထ္ထရံမြစ်ရေသန့်စက်ရုံတည်ဆောက်မှုအခြေအနေ (မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks