spot_img
Saturday, July 20, 2024
More
    spot_img
    HomeCovid 19မော်လမြိုင်မြို့ရှိ မုပွန်ရပ်ကွက်နှင့် စစ်ကဲကုန်း ရပ်ကွက်တို့ကို Stay at home ကြေငြာ

    မော်လမြိုင်မြို့ရှိ မုပွန်ရပ်ကွက်နှင့် စစ်ကဲကုန်း ရပ်ကွက်တို့ကို Stay at home ကြေငြာ

    -

    ရန်လင်းအောင် (မော်လမြိုင်၊ စက်တင်ဘာလ ၂)

    မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မုပွန်ရပ်ကွက်နှင့် စစ်ကဲကုန်းရပ်ကွက်ကို Stay at home အဖြစ် အသွားအလာကန့်သတ် ကြေငြာလိုက်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီး နေထွဋ်ဦးက ပြောသည်။

    စက်တင်ဘာလ ၂ ရက်နေ့မှာ ကျင်းပတဲ့ မွန်ပြည်နယ် Covid 19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေး ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးက ဆုံးဖြတ်ချက် ချခဲ့ခြင်း ဖြစ်သည်။

    “Stay at home ကြေငြာဖို့ အစီအစဉ်ကိုတော့ လက်ရှိမှာ ကျွန်တော်တို့ မုပွန်ရပ်ကွက်နဲ့ စစ်ကဲကုန်း ရပ်ကွက် ရပ်ကွက်နှစ်ခုကိုတော့ ဒီနေ့ကစပြီ” ဟု ၎င်းကဆိုသည်။

    ယင်းအပြင် လူမှုကူညီရေးအဖွဲ့များ  အနေဖြင့် Covid 19 ပိုး ထိတွေ့သူများအား သွားရောက်ခေါ်ဆောင်ရာတွင် အနည်းဆုံးအင်အားကိုပဲ အသုံးပြုသင့်သည်ဟု ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောသည်။

    “ကယ်ဆယ်ရေးအဖွဲ့တွေက မတူတဲ့ အခါကျတော့ သူခေါ်ကိုယ်ခေါ်နဲ့ အချိတ်အဆက်မမိဘဲနဲ့ Contact Person တွေကို ခေါ်ရာမှာ ကားတွေတအားများတယ် လူတွေတအားများတယ် များပြီးတော့မှ သွားခေါ်တဲ့နေရာမှာ လူစုလူဝေး ပုံစံတွေ ဖြစ်ပြီး ဒီနေရာမှာ ကူးစက်မှုတွေ ရှိလာတယ် လို့ သွားတွေ့ရတယ်” ဟု ၎င်းကဆိုသည်။

    ယင်းအပြင် မော်လမြိုင်မြို့ရှိ ဆိုင်များကိုလည်း ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်ခွင့်ပြုထားပြီး အသွားအလာကန့်သတ်ထားသည့် ရပ်ကွက်များကိုလည်းလူစုလူဝေးမဖြစ်ရန် ရဲတပ်ဖွဲ့များကသာ လုံခြုံရေးအပိုင်းကို ကင်းလှည့် တာဝန်ယူမှာလည်း ဖြစ်သည်။

    စက်တင်ဘာလ ၁ ရက်နေ့ ည ၈ နာရီမှာမွန်ပြည်နယ်တွင် Covid 19 ပိုးတွေ့လူနာ ၈ ဦး တွေ့ရှိခဲ့ပြီး ၄ ဦးမှာ Case 771 နှင့် ထိစပ်သူများဖြစ်ပြီး ကျန် ၄ ဦးမှာ လူမှုကူညီရေး အသင်းများမှ စေတနာ့ဝန်ထမ်း များ ဖြစ်သည်။

    မွန်ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနကလည်း မုပွန်ရပ်ကွက်နှင့် စစ်ကဲကုန်း ရပ်ကွက်ကို နေအိမ်တွင် နေထိုင်ရေး အသွားအလာကန့်သတ်ထားပြီး စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၈ နာရီတွင် အမိန့် စတင်သက်ရောက်ကြောင်း  အမိန့် ကြေငြာချက် ထုတ်ထားသည်။

    အလားတူ ရန်ကုန်တိုင်းဒေသကြီးတွင် ၇ မြို့နယ်နှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံးကို Stay at home အဖြစ် အသွားအလာကန့်သတ်ထားသည်။

    မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာန၏ Stay at Home အမိန့်ကြေငြာစာ(Copy)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    26,300SubscribersSubscribe
    spot_img

    Latest posts