spot_img
Wednesday, February 11, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းကိုဗစ်ကာလမဲဆွယ်ရေးစည်းကမ်းချက်များ အမြန်ဆုံးကြေညာရန် မွန်ပြည်နယ်အခြေစိုက်နိုင်ငံရေးပါတီများတောင်းဆို

    ကိုဗစ်ကာလမဲဆွယ်ရေးစည်းကမ်းချက်များ အမြန်ဆုံးကြေညာရန် မွန်ပြည်နယ်အခြေစိုက်နိုင်ငံရေးပါတီများတောင်းဆို

    -

    ရန်လင်းအောင် Tuesday, September 01, 2020  

    ကိုဗစ်ကာလ ရွေးကောက်ပွဲမဲဆွယ်နိုင်ရေး လိုက်နာရမည့် စည်းကမ်းချက်များနှင့် မဲဆွယ်ကာလကို အမြန်ဆုံးကြေညာပေးရန်  ရွေးကောက်ပွဲကော်မရှင်အား မွန်ပြည်နယ် USDP ပါတီ အတွင်းရေးမှူး ဦးဝင်းမော်ဦးက တောင်းဆိုပြောကြားလိုက်သည်။

    လက်ရှိအစိုးရ၏ ကိုဗစ်ကာလ စည်းကမ်းချက်များကြောင့် ပါတီစည်းရုံးရေးလုပ်ဆောင်ရာတွင် အခက်အခဲရှိနေပြီး မဲဆွယ်ကာလအတွက် ရွေးကောက်ပွဲကော်မရှင်က ကိုဗစ်နှင့်ပတ်သက်၍ စည်းကမ်းချက်များထုတ်ပြန်မှာသာ မည်သည့်ပါတီများ၏ စည်ရုံးရေးကို တိကျစွာလုပ်ဆောင်နိုင်မည်ဟု ၎င်းကပြောသည်။

    “အာရပါတီနဲ့ အာဏာမရထားတဲ့ ပါတီတွေအကြား တပြေးညီ ဖြစ်စေချင်တယ်။ ဘာလို့လဲဆိုတော့ အာဏာရပါတီက လုပ်ပိုင်ခွင့်ရှိတဲ့ အနေအထားနဲ့လုပ်သွားရင် သူက ကိုဗစ်ကာလ တားမြစ်ချက်တွေ ရှောင်သွားလို့ရတယ်။ ကျန်ပါတီတွေက အဲလိုမျိုးတွေ မရဘူးလေ။ ဒါကြောင့် ရွေးကောက်ပွဲမဲဆွယ်နိုင်ဖို့ လိုက်နာရမည့်စည်းကမ်းချက်တွေနဲ့ မဲဆွယ်ကာလကို ထုတ်ပြန်ပေးဖို့လိုတယ်” ဟု ဦးဝင်းမော်ဦးက ပြောသည်။

    အဆိုပါ တောင်းဆိုမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားလာပါက ပါတီများကို အမြန်ဆုံးအသိပေးမည်ဖြစ်ကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောသည်။

    “ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားချက်လာရင် ဒီမဲဆွယ်ကိစ္စရပ်နဲ့ပတ်သက်ပြီးတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ဆီ ညွှန်ကြားချက်ရောက်လာရင်တော့ ဒီညွှန်ကြားချက်အတိုင်း သက်ဆိုင်တဲ့ပါတီတွေကို အကြောင်းကြားမှာပါ” ဟု ၎င်းကပြောသည်။

    လက်ရှိတွင် ကိုဗစ်ကာလဖြစ်သည့်အတွက်  မဲရုံများ ထပ်တိုးရန်လိုအပ်နေပြီး ရွေးကောကပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးရန် လိုအပ်ကြောင်း မွန်ညီညွှတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး ၂ နိုင်စံတင်ကပြောသည်။

    “ကော်မရှင်က ခုထိ ဘယ်အချိန် မဲဆွယ်ကာလကို မထုတ်ပြန်သေးဘူး။ တကယ်လို့ ကိုဗစ်ကာလမှာ ကျွန်တော်တို့ မဲထည့်ရရင် မဲထည့်တဲ့ နေ့က အရမ်းအရေးကြီးပါတယ်။ ဒီမဲအရေအတွက်နဲ့ဆိုရင် မဲထည့်မယ့်နေ့မှာ ဘယ်လိုမှ ပြီးမှာမဟုတ်ပါဘူး။ အတွေ့အကြုံအရ ၂၀၁၀ ရော ၂၀၁၅ ရော လူတွေ ပိတ်တိုးနေတာတောင် အချိန်မီ မပြီးနိုင်ဘူးဖြစ်နေတယ်။ မဲရုံတွေကို တိုးပေးဖို့ လိုအပ်ပါတယ်” ဟု ၎င်းကပြောသည်။

    မွန်ပြည်နယ်တွင် လက်ရှိအချိန်အထိ မဲပေးခွင့်ရှိသူ တစ်ဆယ့်ခုနစ်သိန်းငါးသောင်းကျော်ရှိပြီး မဲရုံအရေအတွက်ကို ၉၅၀ ကျော်ဖွင့်လှစ်ရန်  ပြည်နယ်ကော်မရှင်အဖွဲ့ခွဲက လျာထားသည်။

    မွန်ပြည်နယ်တွင် မဲဆန္ဒနယ် ၄၅ နေရာရှိပြီး ၎င်းမဲဆန္ဒနယ်များကို နိုင်ငံရေးပါတီ ၁၇ ပါတီနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၃၀၂ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ညီညွှတ်သော ဒီမိုကရက်တစ်ပါတီများနှင့် မွန်ညီညွှတ်ရေးပါတီများအကြား ပြိုင်ဆိုင်မှုပြင်းထန်နိုင်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks