HomeCovid 19မွန်အထူးငါးဖမ်းကွက်တင်ဒါ ကျပ်သိန်း ၆၀၀၀ ကျော်ရရှိ ငါးဖမ်းကွက် ၁၆ ခုကျန်သေး

မွန်အထူးငါးဖမ်းကွက်တင်ဒါ ကျပ်သိန်း ၆၀၀၀ ကျော်ရရှိ ငါးဖမ်းကွက် ၁၆ ခုကျန်သေး

-

စိုင်းထွန်းစံ(မော်လမြိုင်၊သြဂုတ် ၂၆)

မွန်ပြည်နယ်အတွင်း ယခုနှစ်ငါးဖမ်းရာသီအတွက် အထူးငါးဖမ်းလုပ်ငန်းကွက်များ တင်ဒါခေါ်ယူရောင်းချရာတွင် ငွေကျပ် ၆၂၈၅ သိန်းရရှိခဲ့ပြီး ရောင်းချရန်အထူးငါးဖမ်းကွက် (၁၆) ချက်ကျန်ရှိကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

အထူးငါးဖမ်းလုပ်ငန်းကွက် တင်ဒါခေါ်ယူရောင်းချခြင်းကို သြဂုတ်လ ၂၅ ရက်နေ့တွင် (၅) ကြိမ်မြောက်ကျင်းပ  ပြုလုပ်ခဲ့ပြီး ငါးဖမ်းလုပ်ငန်းကွက်စုစုပေါင်း ပိုက်ချက် ၁၁၃ ခုရှိကြောင်း မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်တိုးက ပြောသည်။

ဦးအောင်တိုးက “ကော်မတီကတော့ပြောထားတယ် ၆ ကြိမ်မြောက်တော့မပစ်တော့ဘူး နည်းဥပဒေအရတော့ သို့သော်သူတို့ကနေပြီးတော့ ကျနော်တို့ကတော့နှစ်စဉ်လုပ်လာပြီးတော့မှ ဒီနှစ်ဘာအချက်မရလို့ပါ ဆိုပြီးလာပြီးတော့တောင်းဆိုတယ်ဆိုရင်တော့ ကော်မတီကနေပြီးတော့စဉ်းစားပေးမယ် ဆိုပြီးတော့လည်း ကြားတယ်” ဟု ဆိုသည်။

ငါးဖမ်းလုပ်ငန်းရှင်များ ပြောကြားချက်အရ ရောင်းချရန်ကျန်ရှိသည့် ငါးဖမ်းလုပ်ငန်းကွက်များကို ဝယ်ယူခြင်းမရှိသည်မှာ ထိုနေရာများသည် သောင်ထွန်းခြင်း၊ ရေကြောင်းပြောင်းလဲမှုကြောင့် ဝယ်ယူခြင်းမရှိကြောင်း သိရသည်။

ယခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကပ်ရောဂါကြောင့် ငါးဖမ်းလုပ်ငန်းရှင်များအနေဖြင့် ပြည်ပဈေးကွက်မရှိတော့သည့်အတွက် ပြည်တွင်းဈေးကွက်မှ အရင်းပြန်လည်ရရှိရန် အတော်လေးရုန်းကန်လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆိုကြသည်။

ရေလုပ်သားများ အနေဖြင့် ငါးပျက်(ခ)ငါးပုတ်သင်ငါးကိုအားထားဖမ်းနေရသဖြင့် ယခုအခါတွင် တရုတ်ဈေး ကွက်အဝယ်မရှိတော့ခြင်း၊ ကုမ္ပဏီများမှ ငါးအဝယ်ရပ်တန့်နေခြင်းတို့ကြောင့် ယခင်က ငါးပျက်ဈေးတစ်ပိသာ ၅ သောင်းခန့်ရှိခဲ့ရာမှ ယခုအခါ ၂ သောင်းခန့်သာရှိတော့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ်တွင် အထူးငါးဖမ်းလုပ်ငန်းကွက် တင်ဒါတတိယအကြိမ်ရောင်ချမှုတွင် ကျပ်သိန်း ၆၀၀၀ ခန့်ရရှိခဲ့ပြီး ပိုက်ချက်အားလုံးရောင်းရငွေ သိန်းပေါင်း ၉၀၀၀ ကျော်ရရှိခဲ့ကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

Photo- အထူးငါးဖမ်းလုပ်ငန်းကွက်များ တင်ဒါရောင်းချပွဲ (MNA)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts