spot_img
Sunday, February 1, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးပြည်နယ်ဖွဲ့စည်းပုံရေးဆွဲရေးကို ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃) တွင် ထည့်သွင်းချုပ်ဆိုပေးရန် ဒေါက်တာဆလိုင်းလျန်မုန်း မေတ္တာရပ်ခံ

    ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲရေးကို ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃) တွင် ထည့်သွင်းချုပ်ဆိုပေးရန် ဒေါက်တာဆလိုင်းလျန်မုန်း မေတ္တာရပ်ခံ

    -

    မွန်သတင်းအေဂျင်စီ (သြဂုတ် ၁၇)

    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ချမှတ်ပေးခဲ့သည့် ဖက်ဒရယ်အခြေခံမူ ၅ ချက်ထဲမှ အရေးကြီးဆုံးဖြစ်သော ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲရေးကို ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃) တွင် ထည့်သွင်းချုပ်ဆိုပေးရန် ယနေ့ကျင်းပသည့် အစည်းအဝေး၌ UPDJC ဒုတိယဥက္ကဌ ဒေါက်တာဆလိုင်းလျန်မုန်း ဆာခေါင်းက မေတ္တာရပ်ခံပြောကြားလိုက်သည်။

    ဒေါက်တာဆလိုင်းလျန်မုန်းက “အကယ်၍ ဖြစ်နိုင်တဲ့ နည်းလမ်းရှိရင် ညီလာခံမတိုင်ခင်မှာ ပြန်ပါနိုင်အောင် ဆောင်ရွက်ပေးဖို့လည်း မေတ္တာရပ်ခံပါတယ်၊ ဒီငြိမ်းချမ်းရေးသော့ချက်ကြီးဖြစ်တဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေပဲခေါ်ခေါ် ပြည်နယ်အခြေခံဥပဒေပဲခေါ်ခေါ် လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးမှာ ချုပ်ဆိုမယ့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) မှာ ပါမလာပဲ ကျန်ရစ်သွားမှာကို ယူကြုံးမရ ဖြစ်မိပါတယ်” ဟု ဆိုသည်။

    ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေသည် မိမိတို့တိုင်းရင်းသားလူမျိုးများနှစ်ပေါင်း ၇၀ ကျော်တောင်းဆိုလာသည့် ဖက်ဒရယ်အခြေခံမူများတွင် အရေးကြီးဆုံးဖြစ်ပြီး တိုင်းရင်းသားလူမျိုးများ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲရခြင်း၏ အဓိကအကြောင်းရင်းလည်းဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။ 

    “အကယ်၍ ဒီညီလာခံမှာ ထည့်သွင်းနိုင်တဲ့ နည်းလမ်းမရှိတော့ဘူးဆိုရင် နောက်တစ်ကြိမ် ကျင်းပမယ့်ညီလာခံမှာ ဒီအခြေခံမူကို ပြည်ထောင်စုသဘောတူစာချုပ်အဖြစ် ချုပ်ဆိုဖို့အားလုံးဝိုင်းပြီး ကြိုးစားကြရအောင် တိုက်တွန်း မေတ္တာရပ်ခံချင်ပါတယ် ဘာဖြစ်လဲဆိုတော့ ဒါဟာ ငြိမ်းချမ်းရေး သော့ချက်ကြီးဖြစ်ပါတယ် ကျနော်တို့တိုင်းပြည်ငြိမ်းချမ်းဖို့ သော့ချက်ကြီးဖြစ်ပါတယ်” ဟု ဒေါက်တာဆလိုင်းလျန်မုန်းက ပြောသည်။ 

    State Constitution နှင့်ပတ်သက်၍ မြန်မာဝေါဟာရ အဓိပ္ပါယ်ဖွင့်ဆိုချက်တွင် အစိုးရဘက်မှ ပြည်နယ်အခြေခံဥပဒေဟူ၍လည်းကောင်း၊ တိုင်းရင်းသားဘက်မှ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေဟူ၍လည်းကောင်း ယခင်အစည်းအဝေးများတွင် “ဖွဲ့စည်းပုံ”ဝေါဟာရ ထည့်ရေးမထည့်ရေးတွင် ဆုံးဖြတ်ချက်မချမှတ်နိုင်သေးဘဲ ဆက်လက်ဆွေးနွေးရန်အဖြစ် ချန်ရစ်ထားခဲ့ခြင်း ဖြစ်သည်။

    အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက “ တဖက်ကလည်း ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့ဟာကို ကိုယ်စားပြုတဲ့အခေါ်အဝေါ်အသုံးအနှုန်းပေါ့နော် ပြည်ထောင်စုမှာ ဘယ်လိုသွားမလဲ ပြည်နယ်မှာ ဘယ်လိုခေါ်လဲ ဒီဟာကို ဆက်လက်ဆွေးနွေးတဲ့အခါကျရင် ပြေလည်သွားမှာပဲလို့ ကျနော်တို့ မျှော်မှန်းထားတယ်” ဟု မကြာသေးမီက ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

    ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို ယနေ့ သြဂုတ်လ ၁၇ ရက်က နေပြည်တော်၌ ကျင်းပခဲ့ရာတွင် “မကြာခင်ကျင်းပမယ့် ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံမှာ ချုပ်ဆိုဖို့ရှိတဲ့ ပြည်ထောင်စုသဘောတူညီချက်စာချုပ် အပိုင်း ၃ ဟာ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အလွန်အရေးကြီးတယ်” ဟု UPDJC ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။

    UPDJC အဖွဲ့တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့ တိုင်းရင်းသားလက်နက်ကိုင်များအစုအဖွဲ့နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့ စုစုပေါင်း အဖွဲ့ဝင် ၅၄ ဦးပါဝင်ကြောင်း သိရသည်။

    Photo-၁၇ သြဂုတ် ၂၀၂၀-နေပြည်တော် UPDJC အစည်းအဝေး (EAO-S EAO)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks