spot_img
Friday, January 16, 2026
More
    spot_img
    HomeCovid 19ကိုဗစ်ကာလ ကူညီဆောင်ရွက်ခဲ့သည့်မော်လမြိုင်မြို့လူမှုကယ်ဆယ်ရေးအဖွဲ့ များကို နိုင်ငံတော်အဆင့် စေတနာ့ဝန်ထမ်းဂုဏ်ပြုမှတ်တမ်းပေးရန်ကျန်ရှိ

    ကိုဗစ်ကာလ ကူညီဆောင်ရွက်ခဲ့သည့်မော်လမြိုင်မြို့လူမှုကယ်ဆယ်ရေးအဖွဲ့ များကို နိုင်ငံတော်အဆင့် စေတနာ့ဝန်ထမ်းဂုဏ်ပြုမှတ်တမ်းပေးရန်ကျန်ရှိ

    -

    စိုင်းထွန်းစံ (မော်လမြိုင်၊ သြဂုတ် ၇)

    နိုင်ငံတော်အဆင့် စေတနာ့ဝန်ထမ်းဂုဏ်ပြုမှတ်တမ်းကို ကိုဗစ် ၁၉ ကာလမှာပါဝင်ကူညီဆောင်ရွက်ခဲ့သော လူမှုကူညီရေးအသင်းသားများ။Volunteer များကိုပေးရာတွင် မော်လမြိုင်မြို့ရှိ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တစ်သင်းလျှင် တစ်ခုသာရရှိကြောင်း ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

    မွန်ပြည်နယ်ရှိ မြို့နယ် ၉ မြို့နယ်ရှိ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များ Volunteer များအတွက် နိုင်ငံတော် အဆင့် စေတနာ့ဝန်ထမ်းကဒ်ကို သြဂုတ်လ ၆ ရက်နေ့တွင် ထုတ်ပေးခဲ့ပြီး မော်လမြိုင်မြို့နယ်တစ်ခုထဲရှိ လူမှုကယ်ဆယ်ရေးအဖွဲ ၁၃ ဖွဲ့တွင် ကဒ်တစ်ခုစီသာရရှိကြောင်း ၎င်းမှဆိုသည်။

    “၊လူမှုရေအသင်းအဖွဲ့မှာပါတဲ့ Volunteer တွေ စေတနာ့ဝန်ထမ်းတွေတစ်ယောက်မှမရရှိပါဘူးတဲ့။ မော်လမြိုင် မြို့နယ်အုပ်ချုပ်ရေးမှူးကိုမေးတော့ သူကလူမှုရေးအဖွဲ့တွေဆိုကဒ်တစ်ခုပဲပေးတယ်တဲ့ ကျန်တဲ့အခြားစေတနာ့ ဝန်ထမ်းတွေအကုန်ပေးတယ်ဆိုပြီးပြောတယ်”ဟု ၎င်းလူမှုကွန်ရက်စာမျက်နှာတွင် Live လွှင့်ပြောကြားခဲ့သည်။

    မော်လမြိုင်မြို့တွင် နိုင်ငံတော်အဆင့် စေတနာ့ဝန်ထမ်းဂုဏ်ပြုမှတ်တမ်းကဒ်ကို  ပေးခဲ့ပြီး ကျောင်းသားသမဂ္ဂ များ၊Volunteer အဖွဲ့များတွင် တစ်ဦးကို ကဒ်တစ်ခုရရှိသဖြင့် မိမိတို့အသင်းသား များမရရှိသည့်အတွက် စိတ်မကောင်းဖြစ်ကြောင်း ကျိုက်ဖနဲနယ်မြေ (၁၆)လူမှုကယ်ရေးအသင်း ဥက္ကဌ ဦးထွန်းရွှေ မှဆိုသည်။

    “စပြီးလုပ်ထဲကိုက ဒေါ်အောင်ဆန်းစုကြည် လက်မှတ်မပေါ်ခင်ထဲကိုက စပြီးလုပ်တာ ဒီအပေါ်မှာတော့ဘာမှ မရှိပါဘူး။ကျတော်တို့အတွက်ကဘာမှမဖြစ်ပေမဲ့ အဲ့ဒီကလေးတွေအတွက်တော့စိတ်မကောင်းဘူး အသင်းအနေနဲ့တစ်စောင်ပဲရတယ် Volunteer တွေရတဲ့အပေါ်မှာတော့ဝမ်းသာပါတယ် သူတို့လဲတကယ်လုပ်ခဲ့တာပဲ”ဟု ၎င်းမှပြောကြားခဲ့သည်။

    လက်ရှိတွင် စေတနာ့ဝန်ထမ်းဂုဏ်ပြုမှတ်တမ်းကဒ်ကို မော်လမြိုင်မြို့တွင် ကိုဗစ် ၁၉ အတွက် ပါဝင်ကူညီဆောင်ရွက်ခဲ့သော ကျောင်းသားသမဂ္ဂနှင့် လူငယ်ရေးရာ Volunteer များအတွက် ၈၃ ခု၊လူမှုကယ်ဆယ်ရေး  အဖွဲ့အတွက် ၁၂ ခုသာထုတ်ပေးထားကြောင်း မော်လမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီဌာန ညွန်ကြားရေးမှူး ဦးဝေလင်းထွန်းထံမှ သိရသည်။


    “လူမှုဝန်ထမ်းကနေပြီးတော့ ဇယားနှစ်မျိုးတောင်းတယ် Volunteer တွေအတွက်နဲ့ လူမှုရေးအသင်းဖွဲ့ဆိုပြီး  တော့တောင်းတယ် Volunteer မှာကျတော့ တစ်ဦးချင်းအဖွဲ့စည်းအောက်ကနေပြီးတော့လုပ်တဲ့သူတွေထည့်  ပေးလိုက်ပြီးတော့ လူမှုရေအဖွဲ့စည်းတွေကိုကျတော့ အသင်းအမည်တွေနဲ့ကျလာတာဖြစ်ပါတယ်”ဟု ၎င်းကပြောကြားခဲ့သည်။

    မော်လမြိုင်မြို့ရှိလူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များကို ပြန်လည်လုပ်ဆောင်ပေးသွားမှာဖြစ်ပြီး သြဂုတ်လ ၆ ရက်နေ့တွင် သက်ဆိုင်ရာအစိုးရအဖွဲ့သို့ လူဦးရေ ၄၀၀ ခန့် စာရင်းပြန်လည်ပို့ဆောင်ထားကြောင်း ၎င်းမှထပ်လောင်း ပြောကြားခဲ့သည်။

    Photo-ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေးအဖွဲ့ (Bo Win)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts