spot_img
Tuesday, March 3, 2026
More
    spot_img
    HomeCovid 19မွန်ပြည်သစ်ပါတီဥက္ကဌဟောင်း နိုင်နွန်လာအောက်မေ့ဖွယ်အခမ်းအနား ကိုဗစ်ကပ်ရောဂါကြောင့် မကျင်းပဖြစ်

    မွန်ပြည်သစ်ပါတီဥက္ကဌဟောင်း နိုင်နွန်လာအောက်မေ့ဖွယ်အခမ်းအနား ကိုဗစ်ကပ်ရောဂါကြောင့် မကျင်းပဖြစ်

    -

    ဗညားပိုင် (မော်လမြိုင်၊ သြဂုတ် ၇)

    ၈ လေးလုံးတစ်နှစ်ပြည့်အခမ်းအနားစင်မြင့်ပေါ် မိန့်ခွန်းဟောပြောစဉ် ကွယ်လွန်ခဲ့သူ မွန်ပြည်သစ်ပါတီဥက္ကဌဟောင်း နိုင်နွန်လာ အောက်မေ့ဖွယ်အခမ်းအနားကို ဇာတိဖြစ်သည့် မုဒုံမြို့နယ် နှီပဒေါကျေးရွာ၌ Covid 19 ကပ်ရောဂါအခြေအနေကြောင့် မနက်ဖန်တွင် မကျင်းပဖြစ်တော့ကြောင်း ဆွေမျိုးတော်စပ်သူ နိုင်နိုင်က ဆိုသည်။

    “ဒီနှစ်ကတော့ Covid 19 ရောဂါကြောင့် မလုပ်ဖြစ်တော့ဘူး တစ်နှစ်နားလိုက်မယ်၊ ဘာလို့လဲဆိုတော့ အခမ်းအနားလုပ်ရင် လူအများနဲ့ဆိုတော့ အရေးယူမှာ စိုးရိမ်ရတယ်။ နောက်နှစ် အခြေနေကောင်းရင်တော့ ကျနော်တို့ ဆက်လုပ်သွားမယ်” ဟု နိုင်နိုင်ကပြောသည်။

    သို့ရာတွင် ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူနယ်စပ် တပ်ရင်း(၃) ရွာ ဘုန်းတော်ကြီးကျောင်း၌ မနက်ဖြန်နံနက်ပိုင်းတွင် ၎င်း၏ဆွေမျိုးသားတပည့်များက ဆွမ်းကပ်အလှူဒါနပြုလုပ်မည်ဖြစ်ကြောင်း ကျန်ရစ်သူ မိသီတာက မွန်သတင်းအေဂျင်စီကို ပြောသည်။

    “ကိုဗစ်ကာလဖြစ်တဲ့အတွက် အရင်နှစ်တွေလို လူစုလူဝေးနဲ့ ဖိတ်ကြားတာမျိုး မလုပ်တော့ဘူး နီးစပ်တဲ့ဆွေမျိုးသားတပည့်တွေနဲ့ အကျဉ်းချုံးပြီး ဆွမ်းကပ်အမျှဝေတာလေးပဲ ရှိမယ်” ဟု မိသီတာက ဆိုသည်။

    မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဘုရားသုံးဆူဒေသက ကျင်းပပြုလုပ်သည့် ၈ လေးလုံးတစ်နှစ်ပြည့်အခမ်းအနား (၁၉၈၉ ခုနှစ် သြဂုတ်လ ၈) ၌ နိုင်နွန်လာ သဘာပတိအဖြစ်မိန့်ခွန်းပြောကြားစဉ် စင်မြင့်ပေါ် နှလုံးရပ်သေဆုံးခဲ့သည်မှစ၍ ကျန်ရစ်သူမိသားစုဝင်များက နှစ်စဉ်အောက်မေ့ဖွယ်အခမ်းအနားများ ကျင်းပခဲ့ခြင်း ဖြစ်သည်။

    နိုင်နွန်လာ၏ ဆွေမျိုးတော်စပ်သူ နှီးပဒေါကျေးရွာသူ မိအံ့ချမ်းက “ဂါရဝပြုတာကတော့ နှစ်တိုင်းလုပ်ဖြစ်တယ်၊ တစ်ရွာလုံးနဲ့လုပ်ရတာ ပြီးတော့ ဒီနှစ်က လူစုလူဝေးလည်း လုပ်လို့မရတော့ တစ်နှစ်နားရမယ်ပေါ့။ တကယ်လို့ ကျမတို့ လုပ်ဖြစ်ရင်လည်း ဆွမ်းတစ်ဝိုင်း ကျွေးတာလောက်ပါပဲ ဒါပေမယ့် ပြည့်ပြည့်စုံစုံ မလုပ်လိုက်ရတာတော့ စိတ်တော့မကောင်းဘူး” ဟု ၎င်းကပြောသည်။

    အဆိုပါ ဇာတိကျေးရွာနှီးပဒေါကျေးရွာတွင် နိုင်နွန်လာ အထိမ်းအမှတ်ရုပ်တုစိုက်ထူထားသဖြင့် ၎င်း၏အထိန်းအမှတ်နေ့ရက်ရောက်တိုင်း မွန်နိုင်ငံရေးခေါင်းဆောင်များနှင့် လူငယ်များက နှစ်စဉ်နှစ်တိုင်း လာရောက်ဂါရဝပြုလေ့ရှိကြောင်း သိရသည်။ 

    ငယ်နာမည် နိုင်ဆိတ်နို့ဖြစ်သူ နိုင်နွန်လာသည် ရွာသူကြီးဘဝမှ  ၁၉၄၈ ခုနှစ်က မွန်လက်နက်ကိုင်တော်လှန်ရေးလောကသို့ဝင်ရောက်လာပြီး အသက် ၇၂ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။

    Photo- နိုင်နွန်လာ မကွယ်လွန်မီ မိနစ်ပိုင်းအလို မိန့်ခွန်းဟောပြောနေစဉ် (ABSDF)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks