spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်တောင်ရိုးတန်းပေါ် မြေပြို၍လူတစ်ဦးသေဆုံးသည့်ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးသွားမည်

    မော်လမြိုင်တောင်ရိုးတန်းပေါ် မြေပြို၍လူတစ်ဦးသေဆုံးသည့်ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးသွားမည်

    -

    ရန်လင်းအောင်၊ မော်လမြိုင်၊ဇူလိုင် ၂၉

    မော်လမြိုင် တောင်ရိုးတန်းရှိ သာသနာ ၂၅၀၀ ဘုန်းကြီးကျောင်း၌ မြေပြို၍ လူတစ်ဦးသေဆုံးသွားသည့် ဖြစ်စဉ်ကို စုံးစမ်းစစ်ဆေးရေး ကော်မတီ ဖွဲ့စည်း၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောကြားသည်။

    “တားမြစ်ထားတဲ့ အဆောင်အဦးတစ်ခုကို ဘာလိုလုပ်လဲဆိုတာ ဒီကြားထဲမှာ ဘုန်းကြီးတွေက ဘာလို့လုပ်လဲ အကြောင်း အမျိုးမျိုး ရှိမှာပေါ့ ဘာသာရေးအဆောက်အအုံဆိုတော့ တားထားတယ် ဘာကြောင့်ဒီလိုလုပ်တယ်” ဟု ၎င်းကဆိုသည်။

    ယင်းအဆောက်အဦးနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ပြုလုပ်လိုပါက ကျွမ်းကျင်အင်ဂျင်နီယာ၏ အတည်ပြုချက်ဖြင့် အစိုးရအဖွဲ့ကို တင်ပြရမည်ဖြစ်ကြောင်း ဆရာတော်ကြီးများကို လျှောက်ထားခဲ့သော်လည်း လက်ရှိမြေထိန်းနံရံ ပြုလုပ်ရာတွင် သက်ဆိုင်ရာဌာနဆိုင်ရာများသို့ အကြောင်းကြားခြင်း မရှိကြောင်း ဦးမင်းကျော်လွင်က ဆိုသည်။

    ဇူလိုင်လ ၂၄ ရက်နေ့က အဆိုပါ သာသနာ ၂၅၀၀ ဘုန်ကြီးကျောင်း၏ ၅ ထပ်အဆောက်အဦး မြေထိန်းနံရံ ဆောက်လုပ်ရာ၌ သစ်ပင်အမြစ်ကို ဖြတ်ရာမှာ မြေပြိုကျခဲ့ပြီး လူတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

    ယင်းကဲ့သို့ မြေပြိုကျပြီး လူသေဆုံးသွားခဲ့ရတာကြောင့် မိုးရွာလျှင် အဆောင်အဦး မခိုင်ဘဲ ပြိုကျလာမှာကို စိုးရိမ်နေရသည်ဟု တောင်ခြေတွင်နေထိုင်သည့် တောင်ရိုးတန်း ဒေသခံ ဒေါ်သူဇာမြင့်က ဆိုသည်။

    “စိုးရိမ်မှုကတော့ မိုးရွာလာလို့ရှိရင်တော့ မြေတွေပြုကျမှာ စိတ်ပူရတယ်ပေါ့ အဆောက်အဦက တအားမြင့်တော့ အောက်ခြေမခိုင်မှာတို့ မိုးရွာပြီး ပြိုကျလာမှာတို့ စိတ်ပူတယ် ကျမတို့ နေရာမှာတွေ သူတို့က အခုလုပ်တော်လုပ်ပေးနေတယ်ပေါ့ ဒီထက်ခိုင်ခိုင်လေးလုပ်ပေးပေါ့နော် ဖြစ်နိုင်ရင်ကျောင်းကို နှစ်ထပ်လောက်ပဲ လုပ်စေချင်တယ်” ဟု ၎င်းကဆိုသည်။

    မြေပြိုကျခဲ့သည့် နေရာမှာ လူနေအိမ်နှင့် နီးကပ်နေပြီး မြေပြိုမှု မဖြစ်စေရန် မြေထိန်းနံရံ ကို အရည်အသွေးကောင်းမွန်အောင် လုပ်ဆောင်စေချင်သည်ဟု ဒေါ်မော်မော်မြင့် က ပြောသည်။

    “အရင်က သစ်ပင်မပြိုဖူးဘူး မြေမပြိုဘူးဆိုတာက စိတ်ပူသလောက်ကပူနေတယ် တော်သေးတယ်ပေါ့ ခုက သစ်မြစ်ကလည်း ကျွတ်သွားပြီ လူလည်းသေသွားတယ် နောက်တော့ မြေလည်း ပြိုဖို့ အစီအစဉ်ရှိတဲ့ အနေအထားမြင်တော့ ကျွန်မတို့ ပိုပြီးစိတ်ပူလာတယ် မိုးကြီးလာရင်တော့ ဒုက္ခပဲ သူတို့က ဘာမှလာမလုပ်ပေးဘူးဆိုတော့ ကျွန်မတို့ ဘာဆက်လုပ်ရမလဲ လူနေအိမ်ခြေနားမှာ သာသနာ့အဆောက်အဦ မှန်ပေမယ်လို့ ကျွန်တော်အာမခံပါတယ်ဆရာဆိုတဲ့ စကားကို မလိုချင်ဘူး အယုံအကြည်လည်း မရှိဘူး” ဟု ၎င်းက ဆိုသည်။

    အဆိုပါ တောင်ရိုးတန်းရှိ သာသနာ ၂၅၀၀ ဘုန်းကြီးကျောင်း ၅ ထပ် အဆောက်အဦး တည်ဆောက်နေမှုသည် တောင်ပြိုမှုဖြစ်နိုင်သောကြောင့် ၂၀၁၉ ခုနှစ်ကတည်းက မွန်ပြည်နယ်အစိုးရ အဖွဲ့မှ တားမြစ်ထားသည်။

    Photo-မြေပြိုမှုတွင် ဝင်ရောက်ကယ်ဆယ်နေစဉ် (Internet)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts