Saturday, March 14, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းရွေးကောက်ပွဲဝင် မွန်ညီညွှတ်ရေးပါတီ MUP ကိုယ်စားလှယ်လောင်းတွင် အမျိုးသမီး ၂၅ ရာခိုင်နှုန်းပါဝင်

    ရွေးကောက်ပွဲဝင် မွန်ညီညွှတ်ရေးပါတီ MUP ကိုယ်စားလှယ်လောင်းတွင် အမျိုးသမီး ၂၅ ရာခိုင်နှုန်းပါဝင်

    -

    ရန်လင်းအောင် (မော်လမြိုင်၊ ဇူလိုင် ၂၇)

    မွန်ညီညွှတ်ရေးပါတီ MUP ပါတီအနေဖြင့် မွန်ပြည်နယ်၊ကရင်ပြည်နယ်၊တနင်္သာရီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း (၆၂)ဦးတွင် အမျိုးသမီးဦးရေ (၁၆) ဦး ပါဝင်သဖြင့် ၂၅ ရာခိုင်နှုန်းပါဝင်ကြောင်း တွေ့ရှိရသည်။

    မွန်ညီညွှတ်ရေး ပါတီအနေဖြင့် ရွေးကောက်ပွဲ ယှဉ်ပြိုင်ရာမှာ ၂၀၁၀ ရွေးကောက်ပွဲထက် နိုင်ချေပိုများနိုင်သည်ဟု ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး (၂) နိုင်စံတင်က ပြောသည်။

    “ပြိုင်တဲ့ နေရာတိုင်းကိုတော့ နိုင်ချင်တာပေါ့ ဒါပေမဲ့ ကျွန်တော်တို့ တွက်ကိန်း တွက်ကြည့်လိုက်တော့ ၂၀၁၀၊၂၀၁၅ ဖြတ်သန်းလာတဲ့ ဘဝတစ်လျှောက် မှာ ၂၀၁၀ ကတော့ နိုင်တာများခဲ့တာပေါ့ ဘယ်လိုဖြစ်ဖြစ် အဲဒီထက်မလျော့ဘူး အဲ့ဒီထက်ပိုဖို့ရှိပါတယ် ၂၀၁၀ ထက် နိုင်ချေပိုများဖို့ ရှိပါတယ်” ဟု ၎င်းကဆိုသည်။

    ၂၀၁၀ ရွေးကောက်ပွဲ တစ်ခုတည်းသော မွန်ပါတီဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP က စုစုပေါင်းကိုယ်စားလှယ် ၁၆ ဦးအနိုင်ရရှိခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲ၌ မွန်အမျိုးသားပါတီ MNP ထပ်မံပေါ်ပေါက်လသောကြောင့် မွန် ၂ ပါတီအပြိုင်ရွေးချယ်ကြရာတွင် စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၄ ဦးသာ အနိုင်ရရှိခြင်း ဖြစ်သည်။

    မွန်ညီညွှတ်ရေးပါတီမှ လက်ရှိပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း (၆၂) နေရာတွင် အသက် (၄၀) နှစ်အောက် (၂၂) ဦးနှင့် အသက် (၄၀) နှစ်အထက်က (၄၀) ဦး ပါဝင်နေသည်ဟု သိရသည်။

    ထို့အပြင် ယခင်က ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်ရှိ ကျန်ရှိသည့် မြို့နယ်တွင် ပါဝင်ယှဉ်ပြိုင်လိုပါက ရွေးကောက်ပွဲကော်မရှင်သို့ အမည်စာရင်း မတင်သွင်းခင်ချိန်ထိ မွန်ညီညွတ်ရေးဗဟိုသို့ အမည်စာရင်း လာရောက်တင်သွင်းနိုင်သည်ဟု နိုင်စံတင်က ဆိုသည်။

    မွန်ညီညွှတ်ရေး ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာအောင်နိုင်ဦးက “ဒီတစ်ခေါက် ရွေးချယ်မှုက အဆင့်လည်း များတယ် သတ်မှတ်ချက်တွေလည်း တင်းကြပ်တယ် လို့ ပြောလို့ရတယ် ဘာကြောင့်လဲမေးရင် ဖြစ်လာတဲ့ နိုင်ငံရေး ရွေးချယ်မှု အတွက် နောက်ပြီး ပါဝင်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကြောင့်လဲ ပါတယ် ၂၀၁၅ ကလို မွန်ထဲမှာ အကွဲအပြဲ ဖြစ်တဲ့ ကိစ္စမျိုး မရှိတော့ဘူး တစ်စုတစ်စည်းတည်း ဖြစ်တဲ့ အတွက် အင်အားပိုရှိတယ် အခုဆိုရင် ၂၉ နှစ်နဲ့ ကိုယ်စားလှယ်လောင်းလျာတွေရှိလာတယ် ” ဟု ဆိုသည်။

    မွန်ညီညွှတ်ရေး ပါတီအနေဖြင့် မွန်ပြည်နယ်အတွင်း သထုံမြို့နယ်နှင့် ဘီလင်းမြို့နယ်မှ အပ ကျန်ရှိသည့် မြို့နယ်များတွင် လွှတ်တော်ကိုယ်စားလှယ် (၃၅)နေရာ  ၊ တနင်္သာရီတိုင်းဒေသကြီးတွင် မြို့နယ် (၃ )မြို့နယ် အတွက် လွှတ်တော်ကိုယ်စားလှယ်(၈) နေရာ၊ ကရင်ပြည်နယ်တွင် မြို့နယ် (၃ )မြို့နယ်အတွက် လွှတ်တော်ကိုယ်စားလှယ် (၁၂)နေရာ နှင့် ရန်ကုန်တိုင်း ဒေသကြီးတွင် လွှတ်တော်ကိုယ်စားလှယ်နေရာ (၇) နေရာ ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်သည်ဟု ဇူလိုင်လ (၂၆) ရက်နေ့က ထုတ်ပြန်ခဲ့သည်။

    Photo- မွန်ညီညွတ်ရေးပါတီ မြိတ်မြို့နယ် ဆိုင်းဘုတ်တင်ပွဲ (MUP)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks