Thursday, March 19, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်း၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီက မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် လူဟောင်းထက်ဝက်ကျော် ပြန်လည်အရွေးခံမည်

    ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီက မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် လူဟောင်းထက်ဝက်ကျော် ပြန်လည်အရွေးခံမည်

    -

    ရန်လင်းအောင် (မော်လမြိုင်၊ဇူလိုင် ၂၃)

    ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် လူဟောင်းထက်ဝက်ကျော် ပြန်လည်အရွေးခံမည်ဖြစ်ကြောင်း NLD ၏ ယနေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

    စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်(ချောင်းဆုံမြို့နယ် ၁)၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်(ပေါင်မြို့နယ် ၁)နှင့်  လူမှုရေး ဝန်ကြီး ဒေါက်တာထိန်လင်း(မော်လမြိုင် ၁) တို့က ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် ပြန်လည် အရွေးခံကြမည် ဖြစ်သည်။

    NLD ထုတ်ပြန်လိုက်သည့် မွန်ပြည်နယ်ကိုယ်စားလောင်းစာရင်းအရ ပြည်နယ်လွှတ်တော်၌ လူဟောင်း ၈ ဦးနှင့် လူသစ်-နေရာပြောင်းအပါအဝင် ၁၂ ဦး၊ ပြည်သူ့လွှတ်တော်တွင် လူဟောင်း ၅ ဦးနှင့် လူသစ်-နေရာပြောင်း အပါအဝင် ၅ ဦး၊ အမျိုးသားလွှတ်တော် လူဟောင်း ၉ ဦးနှင့် လူသစ် ၃ ဦးသာ ပါဝင်ကြောင်း တွေ့ရှိရသည်။

    ထို့အတူ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပအိုဝ့်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါစံဝင့်ခိုင်နှင့် ဗမာ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးရွှေမြင့်တို့ ပြန်လည်အရွေးခံကြမည်ဖြစ်ပြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ကိုယ်စားလှယ်လောင်းအဖြစ် ဒေါက်တာသာစိန်က  အရွေးချယ်ခံသွားမည်ဖြစ်သည်။ 

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် မွန်ပြည်နယ်ရှိ မဲဆန္ဒနေရာအားလုံးပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ရာ အမျိုးသားလွှတ်တော် (၁၂) နေရာ၊ ပြည်သူ့လွှတ်တော် (၁၀ )နေရာ ၊ ပြည်နယ်လွှတ်တော် (၂၀) နှင့် တိုင်းရင်းသားရေးရာဝန်ကြီး (၃) နေရာ စုစုပေါင်း ကိုယ်စားလှယ်လောင်း ၄၅ ဦး ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

    ထို့အတူ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှလွဲ၍ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များက လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် သက်ဆိုင်ရာမဲဆန္ဒနယ်အသီးသီးတွင် ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သလို ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးပြည်သူ့လွှ တ်တော်မဲဆန္ဒနယ်၊ သမ္မတ ဦးဝင်းမြင့်က တာမွေပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေတို့တွင် ပြန်လည်အရွေးခံ ကြမည်ဖြစ်သည်။

    NLD ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးတွင် အမျိုးသားလွှတ်တော် (၁၆၂) ဦး၊ ပြည်သူ့ လွှတ်တော် (၃၁၉) ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ (၆၂၂) ဦးနှင့် တိုင်းရင်းသားရေးရာဝန်ကြီး (၂၉) ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

    Photo-၂၀၂၀ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်းများ (Copy)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks