Thursday, March 19, 2026
More
    spot_img
    HomeCovid 19ဘုရားသုံးဆူမှ ထိုင်းနိုင်ငံသို့ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်း ၁၈ ဦးကို စံခလပူရီမြို့တွင်ဖမ်းဆီး

    ဘုရားသုံးဆူမှ ထိုင်းနိုင်ငံသို့ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်း ၁၈ ဦးကို စံခလပူရီမြို့တွင်ဖမ်းဆီး

    -

    မွန်သတင်းအေဂျင်စီ (ဇူလိုင် ၂၃)

    မြန်မာနိုင်ငံ ဘုရားသုံးဆူဒေသမှ တရားမဝင်လမ်းကြောင်းဖြင့် ထိုင်းနိုင်ငံသို့ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၈ ဦးတို့ကို စံခလပူရီ Sangkhlaburi မြို့၌ ဇူလိုင်လ ၂၁ ရက်ညနေပိုင်းက ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

    ဘုရားသုံးဆူဒေသမှ ရာဘာခြံတောလမ်းများကို ကျော်ဖြတ်ခဲ့ပြီး စံခလပူရီမြို့သို့ရောက်ရှိလာကြောင်း၊ ထိုမှတဆင့် ထောင်ဖာဖွန်သို့အသွား လှေပေါ်မတက်မီတွင် သတင်းအရ ထိုင်းရဲနှင့် စစ်တပ်တို့ပါဝင်သောလုံခြုံရေးအဖွဲ့က လာရောက်ဖမ်းဆီးလိုက်ကြောင်း ထိုင်းလုံခြုံရေးအရာရှိတစ်ဦးက ဆိုသည်။

    တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၇၅၀၀ နှုန်းပေးဆောင်ခဲ့ရသည့် မြန်မာနိုင်ငံနယ်စပ်မှ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၁၁ ဦးတို့အား ဘန်ကောက်မြို့အနီး အလုပ်နေရာသို့ပို့ဆောင်ပေးမည့် လူကယ်ရီသမား ထိုင်းအမျိုးသမီးတစ်ဦးကိုလည်း ဖမ်းဆီးမိခဲ့သည်။

    အဆိုပါ ဖမ်းဆီးမိသူအားလုံးကို ထိုင်းနိုင်ငံတွင်း တရားမဝင်နိုင်ငံခြားသား ဝင်ရောက်လာမှုနှင့် ကန်ချနပူရီပြည်နယ် ကူးစက်ရောဂါထိန်းချုပ်ရေးကော်မတီ၏ထုတ်ပြန်ချက်နံပါတ် ၂၂၉၆ နှင့်ကူးစက်ရောဂါအက်ဥပဒေ ၂၀၁၅ (၅၂) အရ အရေးယူသွားမည်ဟု သိရသည်။
    အလားတူ နယ်စပ်တောလမ်းမှတဆင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၃၅ ဦးကိုလည်း စံခလပူရီမြို့၌ မေလ ၂၆ ရက်နေ့ ညပိုင်းက ထိုင်းအာဏာပိုင်များ ဖမ်းဆီးမိခဲ့ကြောင်း သတင်းဖော်ပြခဲ့ပြီး ဖြစ်သည်။

    မြန်မာနယ်စပ် ဘုရားသုံးဆူဒေသမှ ထိုင်းနယ်မြေသို့ တောလမ်းမှတဆင့်ဝင်ရောက်လာစဉ် ဝင်းကရွာ Wonka အဝင်၌ ဖမ်းဆီးရမိခြင်းဖြစ်သည်။

    လက်ရှိတွင် Covid ကူးစက်မြန်ရောဂါထိန်းချုပ်ရေးအစီအစဉ်ဖြင့် ထိုင်းနိုင်ငံအရေးပေါ်ကာလကို သြဂုတ်လ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့်လိုက်ပြီး ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် ထိုင်းအာဏာပိုင်တို့က လုံခြုံရေးအင်အားတိုးမြှင့်ချထားကြောင်း တွေ့ရှိရသည်။


    Photo-မြန်မာနိုင်ငံသား ၁၈ ဦးကို ထိုင်းလုံခြုံရေးတို့် လာရောက်ဖမ်းဆီးစဉ် (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks