HomeCovid 19မွန်ပြည်နယ်တွင် အစိုးရအထက်တန်းကျောင်း ၁၈၉ ကျောင်းနှင့် ဘော်ဒါဆောင်မပါ ကိုယ်ပိုင်အထက်တန်းကျောင်း ၁၉ ကျောင်း ဖွင့်လှစ်

မွန်ပြည်နယ်တွင် အစိုးရအထက်တန်းကျောင်း ၁၈၉ ကျောင်းနှင့် ဘော်ဒါဆောင်မပါ ကိုယ်ပိုင်အထက်တန်းကျောင်း ၁၉ ကျောင်း ဖွင့်လှစ်

-

ရန်လင်းအောင် (မော်လမြိုင်၊ ဇူလိုင် ၂၂)

မွန်ပြည်နယ်တွင် ဇူလိုင် ၂၁ ရက်နေ့က အထက်တန်းကျောင်းများ စတင်ဖွင့်လှစ် ခဲ့ပြီး အစိုးရအထက်တန်းကျောင်း ၁၉၀ ခန့်နှင့် ဘော်ဒါဆောင်မပါ ကိုယ်ပိုင်အထက်တန်းကျောင်း ၁၉ ကျောင်းကို ဖွင့်လှစ်ခဲ့သည်ဟု မွန်ပြည်နယ် ပညာရေးမှုး ဒေါက်တာ ချိုချိုမြတ်အောင် က ပြောကြားသည်။

အဆိုပါ ဖွင့်လှစ်ခဲ့သည့် အထက်တန်းကျောင်းများမှာ ကျောင်းတွင်း Covid 19 ကာကွယ်ရေး ဆောင်ရွက်ရမည့် အချက် ၇၀ ထဲမှာ ကျန်းမာရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးအဖွဲ့နှင့် ပညာရေးအဖွဲ့တို့ ပါဝင်သည့် စစ်ဆေးရေး အဖွဲ့၏ စစ်ဆေးမှုအရ (A) အဆင့်ရှိသည့် ကျောင်းများကိုသာ ဖွင့်လှစ်ခဲ့ပြီး ကျန်ရှိသည့်ကျောင်းများကို ဇူလိုင်လ ၂၂ ရက်နှင့် ၂၃ ရက် မှာ ဖွင့်လှစ်မှာ ဖြစ်သည်ဟု ၎င်းကဆိုသည်။

“ကျောင်းတွင်းပြင်ဆင်ထားတဲ့ အခြေအနေ မိဘ နဲ့ ကျောင်းသား ဆရာ/ဆရာမ save ဖြစ်အောင် လုပ်ထားတဲ့ အခြေအနေ ပိုးသတ်ဆေး ၆၁ ချက်က မဖြစ်မနေလုပ်ဆောင်ရမှာပါ၊ အချက်၇၀ ထဲက တစ်ချက် B ဖြစ်ရင် အဲ့ကျောင်းက B ကျောင်းပါ တစ်ချက် C ဖြစ်ရင်တော့ အဲ့ကျောင်းက C ကျောင်းပါ” ဟု ၎င်းကဆိုသည်။

ဖွင့်လှစ်လိုက်သည့်အထက်တန်းကျောင်းမှားသည် တစ်နေ့ကို (၄)နာရီ စာသင်ချိန် (၅) ချိန်ဖြင့် သင်ကြားမှာဖြစ်ပြီး  ကိုယ်ပိုင်အထက်ကျောင်းများကလည်း ဘော်ဒါထားခွင့် မရှိဘဲ နေ့စဉ် (Day ) ကျောင်းတက်ရမှာလည်း ဖြစ်သည်ဟု ဒေါက်တာချိုချိုမြတ်အောင်က ဆိုသည်။

“ကျောင်းတွေက Mask တက်ရမယ် Face shiled တပ်ရမယ် Physical Distancing လုပ်လိုက်လို့ စာသင်ခန်းတွေ များလာမယ် ဆရာတွေက စာသင်ချိန်ပိုလာတာပေါ့ ကလေးတွေကို ထိတွေ့မှု လျော့ကျစေချင်တာပေါ့ ဒီအနေအထားကလည်း မည်သည့်အတန်းမဆို သူအနေထားနဲ့ သူသွားနေတာဆိုတော့ စာသင်ချိန် ၄ နာရီမှာ စာသင်ချိန် ၅ ချိန် သတ်မှတ်ဆောင်ရွက်သွားဖို့ ” ဟု ၎င်းကဆိုသည်။

တစ်ပတ် စာသင်ရက် ၅ ရက်မှာ ကျောင်းသား/သူ နှစ်သုတ်ဖြင့် စာသင်ခန်းတစ်ခန်းကို ကျောင်းသားအယောက် ၂၀ နှင့်  ရက်လှည့် ကျ သင်ကြားပေးနေသည်ဟု မော်လမြိုင် အထက (၆) ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမင်းပန်းအောင်က ပြောသည်။

“၄ နာရီ စာသင်ချိန် ၅ ချိန်နဲ့ အဖွဲ့ ၁ အဖွဲ့ ၂ ပေါ့ ခွဲလိုက်တယ် အဖွဲ့ ၁ သည် ရှေ့ သုံးရက် အဖွဲ့ ၂ သည် နောက် ၂ ရက် ကလေးတွေလည်း အဆင်ပြေရအောင်ဆိုပြီး အရှေ့ ၂ ရက် နဲ့ နောက် ၂ ရက်ကို ပုံသေထားလိုက်တယ် အလယ်ရက်ကိုပဲ တစ်လှည့် စီ ထားလိုက်တယ် ” ဟု ၎င်းကဆိုသည်။

မွန်ပြည်နယ်တွင် အထက်တန်းကျောင်းသား/ ကျောင်းသူ ၃ သောင်း ၆ ထောင်ကျော်ရှိပြီး Grade 11 ကျောင်းသားဦးရေ ၁ သောင်း ၇ ထောင်ကျော်နှင့် Grade 10 ၁ သောင်း ၉ ထောင်ကျော်ရှိသည်။

သို့ရာတွင် ဘော်ဒါဆောင် ထားရှိသည့် ပုဂ္ဂလိက ကိုယ်ပိုင် အထက်တန်းကျောင်းများနှင့် ဘာသာရပ်သင် ကိုယ်ပိုင်ကျောင်းများကို ဖွင့်လှစ်ခွင့် မပြုသေးဘူးကြောင်း ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေး အမျိုးသားဗဟိုအဆင့်ကော်မတီက ဇူလိုင်လ ၁၄ ရက်နေ့ ရက်စွဲဖြင့် စာထုတ်ပြန်ထားသည်။ 

Photo-  (A) အဆင့်ရှိသည့်စာသင်ခန်းတစ်ခု (MNA)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts