HomeCovid 19တက္ကသိုလ်များ Online Learning သင်ကြားရန် နည်းပညာနှင့်အထောက်အကူပစ္စည်း အခက်အခဲရှိလိမ့်မည်ဟုဆို

တက္ကသိုလ်များ Online Learning သင်ကြားရန် နည်းပညာနှင့်အထောက်အကူပစ္စည်း အခက်အခဲရှိလိမ့်မည်ဟုဆို

-

စသောင်းနွန် (မော်လမြိုင်-ဇူလိုင် ၁၇)

မြန်မာနိုင်ငံတဝန်းရှိ တက္ကသိုလ်များ Online learning စနစ်ဖြင့် သင်ကြားရာတွင် လတ်တလော နည်းပညာနှင့်အထောက်အကူပြုပစ္စည်းများ အခက်အခဲရှိ လိမ့်မည်ဟု မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဌ မင်းသံစဉ်ဦးက ပြောသည်။

“Online Learning နဲ့ဆိုရင် Teaching အပိုင်းကို ဆရာ၊ဆရာမတွေအနေနဲ့ Online ကနေ ပြဌာန်းထားတဲ့သင်ရိုးညွှန်းနဲ့အညီ ဘယ်လိုသင်မှာလဲပေါ့။ ဒါတွေလဲအများကြီးတွေးစရာ၊ ထုတ်ပြန်ထားတာလည်း မရှိဘူး။ အသိပေးနှိုးဆော်တာလောက်ပဲရှိသေးတယ်၊ သူတို့ရဲ့လုပ်ဆောင်ချက်ကို စောင့်ကြည့်ရမှာပေါ့။ တာဝန်ယူမူတာဝန်ခံမူ အပြည့်အဝရှိတယ်ဆိုရင်တော့ ဒါကကောင်းမွန်တဲ့စနစ် ဖြစ်ကောင်းဖြစ်လာရမှာပေါ့” ဟု မင်းသံစဉ်ဦးက ဆိုသည်။ 

အကယ်၍ Online learning စနစ်တစ်ခုထဲနှင့် Semester တစ်ခုပြီးမြောက်နိုင်ရန် နယ်ကျောင်းသားများအနေဖြင့် လျှပ်စစ်မီးနှင့် အင်တာနက်ကွန်နက်ရှင်ကိစ္စတို့ အများကြီးအခက်အခဲကြုံတွေ့နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

မော်လမြိုင်တက္ကသိုလ်သည် မြန်မာတစ်နိုင်ငံလုံးတွင် တတိယ ကျောင်းသားဦးရေအများဆုံးဖြစ်ပြီး နယ်မှကျောင်းသားအများဆုံးဖြစ်နေသောကြောင့် Online learning စနစ်အတွက် နည်းပညာနှင့် အထောက်အကူပြုပစ္စည်း များစွာလိုအပ်နေသေးသည်ဟု မော်လမြိုင်တက္ကသိုလ် ကျောင်းသား မောင်ညိုမင်းက ပြောသည်။

“တစ်ချို့ကျောင်းသားတွေက Email မသုံးတတ်သေးဘူး၊ ကျွန်တော်တို့ဆီမှာ တိုက်ရိုက် အကောင့်တစ်ခုဖွင့်နိုင်ဖို့ login ဝင်ဖို့ဆိုတာ အဆင်မပြေသေးဘူးနော်” ဟု ၎င်းက ဆက်ပြောသည်။

ပါမောက္ခချုပ်များကော်မတီ၏ ဗဟိုအလုပ်အမှုဆောင်များ Tele-Meeting အစည်းအဝေး ဆွေးနွေးညှိနှိုင်းချက်တွေ အရ COVID 19 ကပ်ရောဂါကာလအတွင်း တက္ကသိုလ်ကျောင်းသား ကျောင်းသူများ ပညာသင်ယူမှု အခွင့်အလမ်းများ မဆုံးရှုံးစေရန် ရည်ရွယ်၍ Online Teaching and Learning စနစ်ဖြင့် သင်ကြားသင်ယူမှု လုပ်ငန်းများ အစားထိုး အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးဆုံးဖြတ်ခဲ့ပြီး မှ ဇူလိုင်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့သည်။

တက္ကသိုလ်၊ ကောလိပ်များအနေဖြင့် Internet Capacity/Connectivity, ဆရာ၊ ဆရာမများ ကျောင်းသား ကျောင်းသူများအကြား အလွယ်တကူ ချိတ်ဆက်နိုင်မည့် email များ ပြုစုထားခြင်း၊ အတန်းလိုက် ဘာသာရပ်များအလိုက် Facebook Grouping များ ဖွဲ့စည်းထားခြင်း၊ ကျောင်းစီမံခန့်ခွဲရေးအဖွဲ့ သင်တန်းရေးရာဌာနနဲ့ သင်ကြားရေးဌာနများအတွင်း Network ဆောင်ရွက်ထားခြင်း၊ ဘာသာရပ်အလိုက် Online Teaching and Learning Curriculum Content များကြိုတင်စီစဉ်ထားခြင်းနှင့် Blended အစီအစဉ်များပါဝင်ပါက ကြိုတင်စီမံထားခြင်းများကို စီမံဆောင်ရွက်ထားကြရန် အသိပေးနှိုးဆော်ထားသည်။

ပညာရေးဝန်ကြီးဌာနတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တက္ကသိုလ်၊ ကောလိပ်စုစုပေါင်း ၁၈ဝ ခန့် ရှိ ကြောင်း သိရသည်။  


Photo-မော်လမြိုင်တက္ကသိုလ် (Internet) 

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts