spot_img
Wednesday, February 25, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်ရေးရာလေ့လာစရာများ ဒေသဆိုင်ရာသင်ရိုးကို ပထမတန်းတွင် စတင်သင်ကြားမည်

    မွန်ပြည်နယ်ရေးရာလေ့လာစရာများ ဒေသဆိုင်ရာသင်ရိုးကို ပထမတန်းတွင် စတင်သင်ကြားမည်

    -

    ရန်လင်းအောင် (မော်လမြိုင်၊ ဇူလိုင် ၁၆)

    မွန်ပြည်နယ်ရေးရာလေ့လာစရာများကို မွန်ပြည်နယ်ဒေသဆိုင်ရာသင်ရိုးအဖြစ် ပြုစုထားပြီး ယခုစာသင်နှစ်တွင် Grade 1 (ပထမတန်း)၌ စတင်သင်ကြားသွားမှာ ဖြစ်သည်ဟု မွန်ပြည်နယ်ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်က ပြောကြားသည်။

    “ဒီနှစ်တော့ ကျွန်မတို့ မိတ်ဆက်အနေနဲ့ သွားတဲ့ သဘောမျိုးတွေရှိမယ် လက်ရှိသွားတဲ့ စာသင်ချိန် နဂိုသင်ကြားရမယ့် တိုင်းရင်းသားစာပေသင်ကြားတဲ့ ကျောင်းတွေရှိတဲ့အခါမှာ ဒါတွေလည်းရှိမယ် Grade 1 ကို စသင်တော့မှာပါ” ဟု ၎င်းကဆိုသည်။

    ဒေသဆိုင်ရာသင်ရိုးကို မွန်ပြည်နယ် အစိုးရအဖွဲ့ တိုင်ရင်းသားရေးဝန်ကြီးများ၏ ရန်ပုံငွေဖြင့် ဆရာကိုင်များနှင့် ကျောင်းသားကိုင်အတွက် ပထမအဆင့်ကို ဖြန့်ဝေ၍ စာသင်ကြားသည့် ပုံစံမဟုတ်ဘဲ အမေးအဖြေသဘောဖြင့် ဆွေးနွေးသင်ကြားသွားမည် ဖြစ်သည်ဟု ဒေါက်တာချိုချိုမြတ်အောင်က ဆိုသည်။

    တစ်ပတ်လျှင် ဘာသာစကား သင်ကြားချိန် ၅ ချိန် ရှိသည့်အနက် မွန်ပြည်နယ်လေ့လာစရာကို ၂ ချိန် သင်ကြားမှာဖြစ်ပြီး မွန်ပြည်နယ် အတွင်းရှိ လူမျိုးများ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို ငယ်စဉ်ကတည်းက သိရှိစေရန် ရည်ရွယ်သည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ ပအိုဝ့်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နန်းစံဝင့်ခိုင်က ဆိုသည်။

    “မွန်ပြည်နယ်မှာ အဓိက လူမျိုးကြီး လေးမျိုးနေထိုင်ကြတာ ဗမာ၊ မွန်၊ ကရင်၊ ပအိုဝ့် ဒီလူမျိုးကြီးလေးမျိုးရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို ငယ်စဉ်ကတည်းက တိုင်းရင်းသားကလေးငယ်တွေ အချင်းချင်း သိရှိသွားဖို့၊ သင်ကြားတဲ့အချိန်က Language သင်တဲ့ ကျောင်းတွေရှိတယ်လေ တစ်ပတ်မှာ သင်တဲ့အချိန် ၅ ချိန်ရှိတယ် ၅ ချိန်ထဲက ၃ ချိန်ကို Language သင်ပြီတော့ ၂ ချိန်ကို ဒေသသင်ရိုးကို Grade 1 ကလေးတိုင်းသင်နိုင်ဖို့ ရည်ရွယ်ထားပါတယ်” ဟု ၎င်းကဆိုသည်။

    မွန်ပြည်နယ်ရေးရာ လေ့လာစရာတွင် မွန်ပြည်နယ်တွင်းရှိ တိုင်းရင်းသား အလံများ၊ တိုင်းရင်းသား ဝတ်စားဆင်ယင်မှု ယဉ်ကျေးမှုများ အပြင် စကားအခေါ်အဝေါ်နှင့် ယဉ်ကျေးမှုပွဲတော်များ ၊ မွန်ပြည်နယ် ပထဝီဝင်၊ အဓိက ထွက်ကုန်များ ပါဝင်ရေးဆွဲထားသည်ဟု ဒေါ်နန်းစံဝင့်ခိုင်က ဆိုသည်။

    မွန်ပြည်နယ်၏ ဒေသဆိုင်ရာ သင်ရိုး ရေးဆွဲရာမှာ UNICEF ၏ ငွေကြေးထောက်ပံ့မှုဖြင့် မော်လမြိုင် တက္ကသိုလ်မှ ပထဝီဝင် ဌာန နှင့် သမိုင်းဌာန ပညာရှင်များနှင့် ကရင်၊မွန်၊ ပအိုဝ့် စာပေနှင့် ယဉ်ကျေးမှု ကော်မတီ အဖွဲ့များနှင့် ပူးပေါင်းရေးဆွဲထားပြီး ၂၀၁၉ ခုနှစ်တွင် မူကြမ်းကို အတည်ပြုနိုင်ခဲ့သည်။

    Photo- မွန်ပြည်နယ်ရေးရာလေ့လာစရာစာအုပ် (Copy)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks