HomeCovid 19မော်လမြိုင် ပညာရေးကောလိပ်တွင် Quarantine ဝင်နေသူများ ဆန်ကြမ်း၍ ထမင်းအဆင်မပြေဟုဆို

မော်လမြိုင် ပညာရေးကောလိပ်တွင် Quarantine ဝင်နေသူများ ဆန်ကြမ်း၍ ထမင်းအဆင်မပြေဟုဆို

-

စသောင်းနွန် (ဇူလိုင် ၁၆)

မော်လမြိုင် ပညာရေးကောလိပ်တွင် Quarantine ဝင်နေသူများအတွက် အစိုးရအဖွဲ့ ချပေးသည့် ဆန်ကြမ်း၍ ထမင်းအစားအသောက် အဆင်မပြေဖြစ်နေကြောင်း ကျိုက်ဖနဲ (၁၆) နယ်မြေ လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဌ ဦးထွန်းရွှေက ပြောသည်။

ဦးထွန်းရွှေက “ပထမတစ်ခေါက်က ဆန်ကတော့ အဆင်ပြေတယ် ဒုတိယတစ်ခေါက်တော့ ဘတ်ဂျက်မတတ်နိုင်တဲ့အနေအထားရှိတော့ အစိုးရအဖွဲ့ ချပေးတဲ့ဆန်က ကြမ်းတယ်၊ နောက်ပိုင်း Quarantine ဝင်နေတဲ့ ညီအကိုမောင်နှမတွေက မစားနိုင်ဘူးပေါ့နော် တစ်ချို့တွေကျတော့ ဗိုက်အောင့်တဲ့ရောဂါရှိတယ် ကလေးသူငယ်တွေရှိတယ် ဒါတွေအားလုံး တစ်တန်းတည်း စားဖို့ဆိုတာတွေ မဖြစ်နိုင်ဘူး” ဟု ဆိုသည်။

သို့ရာတွင် Quarantine ဝင်နေသူများအတွက် အစိုးရချမှတ်ပေးထားသော ငွေကြေးများနှင့် ဘတ်ဂျက်သုံးစွဲမှုအနေအထားများကို ရှင်းလင်းပြောကြားခြင်း မရှိပေ။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့သည် မော်လမြိုင်ရှိ Quarantine Centre များ၌ Quarantine  ဝင်ရောက်နေသူများ ကျန်းမာရေးနှင့် နေထိုင်စားသောက်မှု အဆင်ပြေစေရေး အတွက် ဇူလိုင်လ ၁၀ ရက်နေ့တွင် Quarantine Centre များသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

မော်လမြိုင်ပညာရေးကောလိပ်တွင် လက်ရှိအချိန်အထိ  Quarantine ဝင်နေသူ (၅၀၀) ကျော် ရှိနေသည်ဟု ဦးထွန်းရွှေ ပြောပြချက်အရသိရသည်။

“အခက်ခဲရှိတာကတော့ သောက်သုံးရေနဲ့ဆန်ပဲ အခက်ခဲရှိတာပါ၊ ကျန်တာကတော့ ဘာမှစိုးရိမ်စရာမလိုပါဘူး” ဟု မော်လမြိုင် ပညာရေးကောလိပ် Quarantine ဝင်နေသူ ဒေါ်ထွေးမြင့်က ပြောသည်။

လက်ရှိအချိန်အထိ တိုင်းနှင့် ပြည်နယ် အသီးသီးတွင် ပြည်ပမှ ပြန်လာသူများရှိနေဆဲဖြစ်ကြောင်း၊ အစိုးရ၏ ပြင်ဆင်မှုအပိုင်းတွင် လစ်ဟင်းမှုရှိနေပ Quarantine ၂၁ ရက်ကြာ နေထိုင်ရသည့် လူများအတွက်လည်း စိန်ခေါ်မှုများရှိနေကြောင်း၊ Quarantine ဝင်နေသူများအနေဖြင့် ကျန်းမာရေးလုံခြုံမှုအရ ၎င်းတို့ငွေကြေးဖြင့်အပြင်ထွတ်ခွင့်မရသည့်အတွက် လိုအပ်သလို မိမိဖာသာဝယ်စား၍ မရကြောင်း သိရသည်။

မွန်ပြည်နယ်တွင် Quarantine Centre ကို မော်လမြိုင်မြို့နယ်တွင် ၅ ခု၊ သထုံမြို့နယ် ၃ ခု၊ မုဒုံမြို့နယ် ၁ ခုနှင့် သံဖြူ ဇရပ်မြို့နယ် ၁ ခု စုစုပေါင်း(၁၀)ခုထားရှိကြောင်း သတင်းရရှိသည်။

ထို့အပြင် မော်လမြိုင်ပညာရေးကောလိပ် CBFQ စခန်း ကန်သတ်နယ်မြေ အဆောင်အတွင်းသို့ ပြင်ပမှ လူငယ် သုံးဦးသည် ဇူလိုင် ၈ ရက်နေ့ နံနက် ၁ နာရီခွဲ ဝန်းကျင်က Quarantine ဝင်နေသူနှင့် အရက်များသွင်း၍ အတူသောက်ခဲ့မှုအပေါ် အရေးယူပေးရန် စခန်းတာဝန်ရှိပုဂ္ဂိုလ်များက သက်ဆိုင်ရာသို့ တိုင်ကြားထားသည်။

Photo- မော်လမြိုင် Quarantine Center တစ်ခုတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ သွားရောက်စစ်ဆေး (IPRD)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts