Thursday, March 19, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးမွန်အမျိုးသားကျောင်းများတွင် Covid 19 ကာကွယ်ရေးပစ္စည်း အလှူရှင်များလိုအပ်နေ

    မွန်အမျိုးသားကျောင်းများတွင် Covid 19 ကာကွယ်ရေးပစ္စည်း အလှူရှင်များလိုအပ်နေ

    -

    ရန်လင်းအောင် (မော်လမြိုင်၊ ဇူလိုင် ၁၅)

    မွန်ပြည်သစ်ပါတီလက်အောက်ခံ မွန်အမျိုးသားကျောင်းများတွင် Covid 19 ကာကွယ်ရေးပစ္စည်းများအတွက် အလှူရှင်များ လိုအပ်နေသည်ဟု မွန်အမျိုးသား ပညာရေးကော်မတီ MNEC အဖွဲ့ဝင် ဆရာ မင်းအောင်ဇေက ပြောကြားသည်။

    လက်ရှိတွင် အလှူရှင်များက မျက်နှာကာ Face Shield၊ လက်သန့်ဆေး Hand Gel နှင့် လက်ဆေးဘေစင်များကို အလှူရှင်များက လာရောက်လှူဒါန်းမှုရှိသော်လည်း Mask နှင့် အနီအောက်ရောင်ခြည် အပူချိန်တိုင်း သာမိုမီတာ Infrared Thermometer များ လိုအပ်နေသည်ဟု ၎င်းကဆိုသည်။

    ဆရာ မင်းအောင်ဇေက “Mask ကို ကျွန်တော်တို့ ပြည့်ပြည့်စုံစုံ မရသေးဘူး Mask ကအများကြီး အသုံးလိုတယ်လေ အနည်းအကျဉ်းပဲ ရထားသေးတယ် ကျောင်းတွေကိုတော့ ညွှန်ကြားထားတာရှိတယ် အဖျားတိုင်းတဲ့ Infrared Thermometer သာမိုမီတာ ကိုယ့်ကျောင်းအစီအစဉ်နဲ့ ကိုယ်ဝယ်ဖို့ ညွှန်ကြားထားတယ် တချို့ကျောင်းကလည်း ပိုက်ဆံမရှိဘူး အလှူရှင်ပေါ်လာရင်တော့ ကောင်းတာပေါ့လေ ကျွန်တော်တို့ ကျောင်းက ကျောင်းသားမိဘတွေက ဆင်းရဲတယ်လေ၊ သူတို့ဆီက ပိုက်ဆံကောက်ဖို့လည်း မဖြစ်နိုင်ပါဘူး” ဟု ဆိုသည်။

    ယခုအခါ ကြားအင်းဆိပ်ကြီးမြို့နယ်၊ ရေဖြူမြို့နယ် နှင့် ရေး ချောင်းဖျား ဒေသများရှိ မွန်ပြည်သစ် ထိန်းချုပ်နယ်မြေအတွင်း မွန်အမျိုးသား ကျောင်း ၃၀ ကျော် ဖွင့်လှစ်ထားပြီး ကျန်ရှိသည့် စာသင်ကျောင်းများကို အစိုးကျောင်းများ ဖွင့်လှစ်မှသာ ဖွင့်လှစ်သင်ကြားနိုင်မည်ဟု မင်းအောင်ဇေက ပြောသည်။

    “အချို့ကျောင်းတွေက စတောင်ဖွင့်နေပြီ မွန်ပြည်သစ်ပါတီ ထိန်းချုပ်တဲ့ နေရာတွေက နည်းနည်းဝေးလံခေါင်ပြားတဲ့ နေရာလည်းဖြစ်တော့ ဘယ်သူနဲ့မှလည်း အဆက်အသွယ်မရှိတော့ ပိုအန္တရာယ်ကင်းတယ် ထင်တယ် ရေဖြူမြို့နယ်မှာက ၁၀ ကျောင်းလောက် ကြားအင်းဆိပ်ကြီး မြို့နယ်မှာက ၁၆ ကျောင်း ရေးချောင်းဖျားမှာက ၈ ကျောင်း အဲ့မှာက စဖွင့်နေပြီး ကျန်တာက အစိုးရကျောင်းဖွင့်မှ ကျွန်တော်တို့ဖွင့်မယ်လေ” ဟု ၎င်းကဆိုသည်။

    မွန်အမျိုးသားပညာရေးကော်မတီ MNEC နှင့် ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ပြီး မွန်အမျိုးသားကျောင်းများအတွက် ပုံနှိပ်စာအုပ်နှင့် ဗလာစာအုပ် ထောက်ပံ့မှုများအပြင် သင်ကြားရေးနှင့် ပတ်သက်၍ သင်တန်းများကိုလည်း ကျောင်းဆရာ/ဆရာမ များကိုလည်း သင်ကြားပေးသည်ဟု မွန်ပြည်နယ် ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်က ဆိုသည်။

    “လိုအပ်တဲ့ ပုံနှိပ်စာအုပ်အားလုံး နောက်ပြီး ဗလာစာအုပ်ပေါ့နော် အခုလည်း သင်ရိုးသစ်သင်တန်းတွေ လုပ်တဲ့အခါ ဒါမှမဟုတ်တခြားသော သင်ကြားရေးနှင့် ပတ်သက်တဲ့သင်တန်းတွေ INGO နဲ့ ဆောင်ရွက်တာဖြစ်ဖြစ် ကိုယ့်ဗဟိုဌာနနဲ့ ဆောင်ရွက်တာဖြစ်ဖြစ် အမြဲတမ်း မွန်အမျိုးသားကျောင်း MNEC က ဆရာတွေ ဖိတ်ပါတယ်။” ဟု ၎င်းကဆိုသည်။

    မွန်အမျိုးသားပညာရေးကော်မတီ MNEC လက်အောက်ရှိ မွန်အမျိုးသားကျောင်းများ၌ မူလတန်း ၁၄၂ ကျောင်း၊ အလယ်တန်းကျောင်း ၁၂ ကျောင်း၊ အထက်တန်းကျောင်း ၃ ကျောင်းနှင့် Post-ten အထက်တန်းလွန် ၁ ကျောင်းတွင် ကျောင်းသူ/သားဦးရေတစ်သောင်းခွဲကျော်ရှိပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် တနင်္သာရီ တိုင်းဒေသကြီး၌ ဖွင့်လှစ်ထားရှိသည်။

    Photo-မွန်အမျိုးသားကျောင်း (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks