spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းမော့ကနင်ကျေးရွာတွင် နေအိမ် ၁၈ လုံးကျော် မီးလောင်သဖြင့် အိမ်ထောင်စု ၂၇ စုဘေးသင့်ခံရ

    မော့ကနင်ကျေးရွာတွင် နေအိမ် ၁၈ လုံးကျော် မီးလောင်သဖြင့် အိမ်ထောင်စု ၂၇ စုဘေးသင့်ခံရ

    -

    ရန်လင်းအောင် (မော့ကနင်၊ ဇွန် ၂၃)

    ရေးမြို့နယ် မော့ကနင်ကျေးရွာတွင် ယမန်နေ့က အိမ် ၁၈ လုံး မီးလောင်ကျွမ်းသဖြင့် အိမ်ထောင်စု ၂၇ စုနှင့် လူဦးရေ ၁၄၄ ဦး မီးဘေးသင့် ခံနေရသည့်အပြင် အခြားနေအိမ် ၉ လုံးလည်းအိမ်အကာနံရံများ မီးထဲပါရှိသွားသည့်အတွက် လတ်တလောဆုံးရှုံးမှုတန်ဖိုးမခန့်မှန်းနိုင်သေးကြောင်း မော့ကနင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအင်းစိန်က ပြောသည်။

    ဇွန်လ ၂၂ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် မီးစလောင်ကျွမ်းခဲ့ပြီး ၂ နာရီခန့်အကြာ မီးညွန့်အရှိန်ကျိုးကာ ည ၁၁ နာရီခွဲခန့်က မီးငြိမ်းသတ်နိုင်ခဲ့ပြီး စိစစ်မှုတွေအရ အိမ်တွင်း လျှပ်စစ်ဝါယာရှော့ကြောင့်ဟု မီးသတ်ဌာနက မှတ်ချက်ပြုသည်။

    “လောင်တာကတော့ ဝါယာကြိုးရှော့ ဖြစ်ပြီးလောင်တယ်လို့ ပြောကြတာပေါ့ ဒါက မီးသတ်တပ်ဖွဲ့ရဲ့ စိစစ်ချက်အရ ပြည်သူ့ရဲတွေ စိစစ်ချက်အရ မြို့နယ် ထွေအုပ်ဌာနရဲ့ စိစစ်ချက်အရ ဒီမီးပေးထားတဲ့ ပါဝါကြိုးကနေ ရှော့ဖြစ်ပြီးတော့ လောင်တယ်လို့ ပြောကြတာပေါ့” ဟု ၎င်းကဆိုသည်။

    မီးလောင်သည့်သတင်းကြားသိရသည်တပြိုင်နက် သံဃာတော်များ၊ နယ်မြေခံတပ်ရင်း ၂ ရင်းမှတပ်မတော်သားများ၊ ရွာသားများနှင့်အတူ ရွာအနီးတဝိုက်ရှိ လမိုင်းမြို့၊ ကော့ဒွတ်ကျေးရွာမှ မီးသတ်ကားများအပြင် ရေးမြို့မှ မီးသတ်ကား ၃ စီးဖြင့် ဝိုင်းဝန်းငြိမ်းသတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

    “ဒီဘေးနားမှာပဲလားဆိုပြီး ဘာမှယူလို့လည်း မမှီတော့ ဂုန်နီအိတ်တစ်လုံးယူပြီးတော့ ပစ္စည်းတစ်ချို့ကိုထည့်ပြီး မြေးနဲ့ ပြေးသွားတော့တာပဲ  အခုဘာမှမရှိတော့ဘူး အကုန်လောင်သွားကုန်ပြီ တန်ဖိုးက အများကြီးပဲ ဆုံးရှုံးသွားတာ ဆုံးရှုံးသွားတဲ့ တန်ဖိုးက အခုမြင်နေရတဲ့အတိုင်းပဲ အိမ်မှာရှိတဲ့ ကလေးစရာ ပစ္စည်းတွေ စလောင်းတွေ TV တွေ အကုန်ကုန်သွားတယ် မီးစက်တွေ ပစ္စည်းတွေ တစ်အိမ်လုံးလည်း အကုန်ဖျက်စီးသွားတယ်” ဟု မီးဘေးသင့်ခဲ့ရပြီး နေအိမ်ဆုံးရှုံးခဲ့ရသည့် ဒေါ်စန်းက ပြောသည်။

    ထိုသို့ မီးလောင်မှုများ ထပ်မံ မဖြစ်ပွားအောင် မိမိတို့နေအိမ်ကို မိမိတို့ ဂရုစိုက်ဖို့ လိုအပ်သည်ဟု ဒေါ်စန်းက ဆက်သည်။

    မီးလောင်ရာမှာ မျက်မြင်ကြုံတွေ့ခဲ့ရသူ မအေးကြူက “ဟိုအိမ်မီးလောင်သွားပြီ ကြည့်လိုက်တော့ မီးခိုးတွေထွက်နေတယ် အဲ့ဒါနဲ့ အရေးကြီးတဲ့ ပစ္စည်းတွေ ယူတယ် ယူနေတုန်းပဲ ရှိသေးတယ် မီးက လောင်တယ် ကြည့်နေတုန်းမှာပဲ နောက်တစ်အိမ် ဆက်ကူးသွားတယ် မီးက အားကောင်းနေတယ်လေ ခုနနေ နောက်တစ်အိမ် သုံးအိမ်မြောက်ကို ဆက်ကူးသွားတယ် တစ်လမ်းလုံး ခြားနေတာတောင် မီးကူးလာတယ် အဲ့ချိန်မှာ မီးသတ်ကားကတော့ ရောက်လာပြီး အဲ့မှာကြောက်ပြီးတော့ ဘုန်းကြီးကျောင်းမှာ သွားနေလိုက်တယ်ပေါ့” ဟု ပြောသည်။

    အဆိုပါ မီးလောင်နေအိမ်(၁၈)လုံးတို့ကို ဆန်တစ်အိတ်နှင့် ငွေတစ်သိန်းစီနှင့် ကျန်နေအိမ်(၆)လုံးကို ဆန်တစ်အိတ်နှင့် ငွေငါးသောင်းစီ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌဒေါက်တာအောင်နိုင်ဦးနှင့် “အအာခရီး” အဖွဲ့တို့ကလည်းကောင်း၊ မော်လမြိုင်မြို့မှ ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေးအဖွဲ့ကလည်းကောင်း ဆန်၊ ဆီနှင့် ပစ္စည်းတချို့တို့ကို ယနေ့တွင် သွားရောက်ကူညီထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။

    Photo- မီးလောင်အပြီးကျန်ခဲ့သည့် နေအိမ်များ (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks