Tuesday, March 31, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးရေးမြို့နယ်တောင်ပိုင်း၌ ခြံသမားတစ်ဦး သေနတ်ပစ်ခံထိသဖြင့် မော်လမြိုင်ဆေးရုံတွင်ကုသခံရ

    ရေးမြို့နယ်တောင်ပိုင်း၌ ခြံသမားတစ်ဦး သေနတ်ပစ်ခံထိသဖြင့် မော်လမြိုင်ဆေးရုံတွင်ကုသခံရ

    -

    ရန်လင်းအောင် (မော်လမြိုင်၊ ဇွန် ၂၂)

    ရေးမြို့နယ်တောင်ပိုင်း ရင်းရယ်တောင်ခြေတွင် ခြံသမားတစ်ဦး ညအိပ်စောင့်နေစဉ် ဇွန်လ ၂၁ ရက်ည ၁၀ နာရီခန့်အချိန်က သေနတ်ဖြင့်ချောင်းမြောင်းပစ်ခံထိသဖြင့် မော်လမြိုင်ဆေးရုံ၌ ကုသခံနေရပြီး ယခုအခါ စိုးရိမ်စရာအခြေအနေမရှိတော့ကြောင်း သတင်းရရှိသည်။

    သေနတ်ပစ်ခံထိသူမှာ ရင်းရယ်ရွာသား နိုင်ဝမ်း ဖြစ်ပြီး ၎င်း၏ညာဘက်နံရိုးကို ထိမှန်သွားသည်ဟု ညီမဖြစ်သူ လူနာစောင့် မိယဉ်စိန်က ပြောသည်။

    “သူ့မှာ ရန်သူလည်းမရှိဘူး ရန်သူဟောင်းရန်သူသစ်လည်းမရှိဘူး။ ပစ်တဲ့လူကို မတွေ့မိဘူးဆိုတော့ ဘယ်သူလက်ချက်လည်းဆိုတာ မပြောတတ်ပါဘူး၊ ရန်ညှိးရန်စ ရှိထားတယ်ဆိုရင်တော့ တစ်မျိုးပေါ့နော်” ဟု ၎င်းကဆိုသည်။

    အဆိုပါ သေနတ်ပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ ရဲစခန်း၌ အမှု ဖွင့်ထားခြင်း မရှိသေးကြောင်း မိယဉ်စိန်က  ဆက်ပြောသည်။

    “ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မတို့ အမှုဖွင့်ထားတာမရှိဘူး၊  ဆရာဝန်ကြီးက ပြောတယ် ရဲစခန်းကမှာထားတယ် ကျည်ဆံထိပ်ဖူးကို လွှင့်မပစ်လိုက်ပါနဲ့၊ သိမ်းထားပေးဖို့” ဟု ၎င်းကဆိုသည်။

    သေနတ်ဒဏ်ရာရရှိထားသည့်နေရာမှ ကျည်ဆံထိပ်ဖူးခွဲထုတ်ခဲ့ပြီး ဖြစ်သည့်အတွက် စိုးရိမ်စရာမရှိတော့သဖြင့် ဒဏ်ရာအနာကျက်ရန် တစ်ပတ် ဆယ်ရက်ခန့် နေပြီးပါက ဆေးရုံဆင်းရမည်ဟု လိုက်ပါကူညီဆောင်ရွက်နေသည့်  မွန်အရှင် ဥက္ကံသက ပြောသည်။

    မွန်အရှင် ဥက္ကံသ က “အခုကျည်ဆံထုတ်ပြီးပြီ၊ ကျည်ဆံက ဘယ်လိုအမျိုးအစားဖြစ်တယ်ဆိုတာ ဆရာဝန်မပြောသေးပါ၊ ကျည်ဆံကထုတ်ပြီးပြီလို့ အဲ့လောက်ပဲပြောပြတယ်၊ ခန့်မှန်းကြည့်ရင်တော့ တောပုန်းသေနတ်ဖြစ်နိုင်တယ်၊ စစ်သားတွေကိုင်တဲ့ သေနတ်မဖြစ်နိုင်ဘူး။ ရွာနဲ့ခြံနဲ့ သွားရင် တစ်နာရီလောက်ပဲ ကြာတယ်၊ စစ်သားတွေလည်း မရှိပါဘူး” ဟု ပြောသည်။

    အဆိုပါ ရင်းရယ်ရွာနှင့်အနီတဝိုက်တွင် လက်နက်ကိုင်အဖွဲ့အစည်းများ သွားလာလှုပ်ရှားမှုမရှိသလို နယ်မြေအေးချမ်းသောဒေသဖြစ်သည့်အတွက် ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး မွန်ပြည်သစ်ပါတီနှင့် သက်ဆိုင်ရာ ရဲစခန်းမှ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။

    ရေးမြို့နယ်တောင်ပိုင်းဒေသသည် ယခင်က မွန်ပြည်သစ်ပါတီအမာခံနယ်မြေတစ်ခုဖြစ်ခဲ့သော်လည်း ၁၉၉၅ ခုနှစ် နဝတစစ်အစိုးရနှင့်သဘောတူချက်အရ တပ်စခန်းအခြေချခွင့် မရှိတော့ပေ။

    Photo- သေနတ်အပစ်ခံရသူ နိုင်ဝမ်း မော်လမြိုင်ဆေးရုံ၌ ကုသမှုခံယူနေစဉ်(အအာ)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks