spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းထိုင်းနိုင်ငံမှမြန်မာအလုပ်သမားများ Online စာရင်းပေးသွင်း၍ မေလ ၂၂ ရက်နေ့တွင် မော်တော်ကားဖြင့် စတင်ပြန်နိုင်မည့်အစီအစဉ်ကြေငြာ

    ထိုင်းနိုင်ငံမှမြန်မာအလုပ်သမားများ Online စာရင်းပေးသွင်း၍ မေလ ၂၂ ရက်နေ့တွင် မော်တော်ကားဖြင့် စတင်ပြန်နိုင်မည့်အစီအစဉ်ကြေငြာ

    -

    ဗညားပိုင် (မေ ၁၉)

    မြန်မာနိုင်ငံသို့ပြန်လိုသော ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မြန်မာအလုပ်သမားသံအရာရှိရုံးသို့ Online မှတဆင့် ဆက်သွယ်စာရင်းပေးသွင်းပြီး နယ်စပ်ဂိတ်များသို့ မော်တော်ကားဖြင့် မေလ ၂၂ ရက်နေ့မှစတင်ပြန်နိုင်မည့်အစီအစဉ်များကို မြန်မာသံရုံးက ယနေ့တွင် ကြေငြာချက်ထုတ်ပြန်လိုက်သည်။

    မြန်မာသံရုံးနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနညှိနှိုင်းချက်အရ ဘန်ကောက်မြို့ မော်ချစ်ကားဂိတ်မှ မဲဆောက်မြို့သို့ ဘတ်စ်ကား ၅ စီးစီဖြင့် မေ ၂၂ ရက်မှစ၍ ည ၁၀ နာရီ တစ်ကြိမ်၊ ည ၁၁ နာရီ တစ်ကြိမ် ထွက်ခွာမည့် မော်တော်ယာဉ်တန်း၌ ခရီးသည် ၂၁ ဦးတစ်စီးနှုန်းဖြင့် တစ်ဦးလျှင် ၁၀၄၈ ဘတ်ကျသင့်၍ စုစုပေါင်း ၂၀ ကီလိုဂရမ် ထက်မပိုသော ခရီးဆောင်အိတ် (၂) အိတ် ခွင့်ပြုမည်ဖြစ်သည်။

    ထို့အတူ အလုပ်သမားသံအရာရှိရုံး၌ ဘတ်စ်ကားစီးနင်းခ ကြိုတင်ပေးချေနိုင်ရန် စီစဉ်ထားပြီး လိုက်ပါစီးနင်းခွင့်ရမည့် ခရီးသည်စာရင်းကို မေလ ၂၀ ရက်နေ့မှစ၍ ကြေငြာသွားမည်ဖြစ်ကြောင်း၊ ခရီးထွက်ခွာမည့်ရက်တွင် ညနေ ၅ နာရီထက် နောက်မကျစေရန် မဟာချိုင်ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးစခန်းသို့ လာရောက်စုစည်းရမည်ဖြစ်ပြီး မဟာချိုင်-မော်ချစ် ဘတ်စ်ကားခ ၁၅၀ ဘတ် ကုန်ကျမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    တဖက်တွင်လည်း မိမိအစီအစဉ်ဖြင့် သွားလိုပါက မြန်မာအလုပ်သမားသံအရာရှိရုံးသို့ ဆက်သွယ်၍ ဖော်ပြထားသည့်ပုံစံတွင် ခရိုင်ဖြတ်ကျော် ခရီးသွားခွင့်အတွက် တစ်ဦးချင်းအမည်စာရင်း ဖြည့်သွင်းရမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံမှညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်ကာလဖြစ်သည့်အတွက် နံနက် ၄ နာရီမှ ည ၁၁ နာရီထိသာ ခရီးသွားခွင့်ပြုမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ နီးစပ်ရာ နယ်စပ်ဂိတ်များဖြစ်သော မယ်ဆိုင်-တာချီလိတ်၊ မဲဆောက်-မြဝတီ၊ ရနောင်း-ကော့သောင်းသို့ ခရီးသွားတစ်ဦးချင်းကို သတ်မှတ်ရက်အလိုက် ခရီးသွားထောက်ခံချက်ရရှိသူများသာ ခရီးသည်တင်ဆောင်ပြေးဆွဲခွင့်လိုင်စင်ရ မော်တော်ယာဉ်များဖြင့် ငှားရမ်းသွားရောက်နိုင်၍ ထောက်ခံချက် သတ်မှတ်ရက်အတိုင်းသာ ခရိုင်အသီးသီး၏ ဂိတ်များမှ လည်းကောင်း၊ နယ်စပ်ဂိတ်များမှ လည်းကောင်း ဖြတ်သန်းခွင့်ရရှိမည်ဟု သိရသည်။

    ထို့အပြင် ထပ်မံသိရှိလိုပါက မြန်မာအလုပ်သမားသံအရာရှိများထံသို့ 0948845484-0652206951-0652206952-0652206953-0990592352 ဖုန်းဆက်သွယ်မေးမြန်းနိုင်ကြောင်း ကြေငြာချက်တွင် ဖော်ပြထားသည်။

    လက်ရှိတွင် မြန်မာအလုပ်သမားသံအရာရှိရုံးသို့ Online မှတဆင့် ယခင်ကစာရင်းပေးထားသူများ ၂၈၀၀၀ ကျော်ရှိသည်ဟုသိရပြီး မြန်မာနိုင်ငံသို့ အမှန်တကယ် ပြန်မည့်သူများကို ဆက်လက်စောင့်ကြည့်နေရဦးမည်ဖြစ်ကြောင်း ထိုင်းအခြေစိုက် အလုပ်သမားအရေးလှုပ်ရှားသူများက ဆိုသည်။

    Photo- ဘန်ကောက်မြို့ မြန်မာသံရုံးထုတ်ပြန်ချက်(Copy) 

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks