spot_img
Sunday, February 1, 2026
More
    spot_img
    HomeCovid 19ရေးမြို့နယ်တွင် မေလတစ်လစာအတွက် မြတ်သူရလျှပ်စစ်ကုမ္ပဏီက မီတာခတစ်ယူနစ် ၃၀၀ ကျပ်သို့ လျှော့ချကောက်ခံမည်

    ရေးမြို့နယ်တွင် မေလတစ်လစာအတွက် မြတ်သူရလျှပ်စစ်ကုမ္ပဏီက မီတာခတစ်ယူနစ် ၃၀၀ ကျပ်သို့ လျှော့ချကောက်ခံမည်

    -

    ရန်လင်းအောင် (မော်လမြိုင်၊ မေ ၁၇)

    မွန်ပြည်နယ်၊ ရေးမြို့ပေါ်နှင့် ကျေးရွာ ၈ ရွာတို့တွင် လျှပ်စစ်မီး ထုတ်လုပ်ဖြန့်ဖြူးနေသည့် မြတ်သူရကုမ္ပဏီက မေလတစ်လစာအတွက် မီတာခ တစ်ယူနစ် ၃၀၀ ကျပ်သို့ လျှော့ချကောက်ခံမည်ဖြစ်ကြောင်း စက်ရုံမေနေဂျာ နိုင်တင်ရှိန်က ပြောကြားသည်။

    Covid ကာလတွင် မွန်ပြည်နယ်အစိုးရ၏ ညွှန်ကြားချက်ဖြင့် ဧပြီလအတွက်မီတာခလျှော့ချရန်ဖြစ်သော်လည်း  ညွှန်ကြားစာနောက်ကျသဖြင့် မေလသို့ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်း၊ အလားတူ လမိုင်းမြို့နှင့်အနီးတဝိုက်ကျေးရွာများတွင် လျှပ်စစ်မီးထုတ်လုပ်ဖြန့်ဖြူးနေသည့် Southern Myanmar Development – SMD ကုမ္ပဏီလီမိတက်အနေဖြင့် ယင်းကဲ့သို့ မီတာခလျှော့ချခြင်းရှိမရှိကို အသိပေးပြောဆိုထားခြင်းမရှိပေ။

    “သူ (ပြည်နယ်အစိုးရ) ညွှန်တာက ၄ လပိုင်းတစ်လ သုံးတဲ့ဟာကိုပဲ ၃၀၀ ကျပ်လျော့ပြီး မီတာခကောက်ပေးဖို့ပါ၊ ကျွန်တော်တို့က ၄ လပိုင်းသုံးတဲ့ဟာကို အခုလမှာ ကောက်ဖို့ အဆင်မပြေတော့ဘူး စာလည်းနောက်ကျတော့ ကျွန်တော်တို့မေလထဲအစားထိုးလိုက်တာပါ” ဟု နိုင်တင်ရှိန်က ပြောသည်။

    ပုံမှန်အားဖြင့် မီတာခတစ်ယူနစ်ကို ၅၀၀ ကျပ် လစဉ်ကောက်ခံခဲ့ကြောင်း၊ လက်ရှိဒီဇယ်ဈေးနှုန်း ယခုအတိုင်း ကျဆင်းနေပါက နောင်လများတွင် တစ်ယူနစ်ကို ၃၅၀ ကျပ်အထိ လျော့ကျသွားနိုင်ကြောင်း သိရသည်။

    “ကျွန်တော်တို့က တစ်လကို ၅၀ ကျပ်စီ လျော့လာတာ သုံးလရှိပြီပေါ့ လျော့ကျလာတာ အရင်တုန်းက ၅၀၀ ကနေ ၄၅၀ ၊ ၄၅၀ ကနေ ၄၀၀ နောက်လဆိုရင် ကျွန်တော်တို့ ၃၅၀ ချိန်တယ်ပေါ့ ဒီဇယ်ဈေးနှုန်း ဒီအတိုင်းဆိုရင် ၃၅၀ နဲ့ပေါ့၊ ဒီဇယ်ဈေးနှုန်း အတက်အကျအပါ် မူတည်တယ်ပေါ့” ဟု နိုင်တင်ရှိန်က ဆိုသည်။

    ပြီးခဲ့သည့် ဧပြီလအတွက် မြတ်သူရကုမ္ပဏီနှင့် SMD ကုမ္ပဏီတို့အနေဖြင့် မီတာခတစ်ယူနစ် ၄၀၀ ကျပ်နှုန်းဖြင့် ကောက်ခံထားပြီးဖြစ်ကြောင်း သိရသည်။

    မွန်ပြည်နယ် ၁၀ မြို့နယ်အနက် မြို့ ၃ မြို့နှင့် ကျေးရွာအုပ်စု ၄၀ ကျော်ရှိသော ရေးမြို့နယ်တစ်မြို့နယ်သာ မဟာဓါတ်အားလိုင်း သွယ်တန်းနိုင်ခြင်းမရှိသေးသဖြင့် ပုဂ္ဂလိကကုမ္ပဏီများက ၂၄ နာရီလျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks