spot_img
Monday, February 2, 2026
More
    spot_img
    HomeCovid 19ဘုရားသုံးဆူနယ်စပ် ဂျပန်ရေတွင်းအနီး မွန်ပြည်သစ်ပါတီ ကျန်းမာရေးစစ်ဆေးရေးဂိတ်နေရာ တပ်မတော်ဖိအားပေးမှုကြောင့် ရုတ်သိမ်းလိုက်ရ

    ဘုရားသုံးဆူနယ်စပ် ဂျပန်ရေတွင်းအနီး မွန်ပြည်သစ်ပါတီ ကျန်းမာရေးစစ်ဆေးရေးဂိတ်နေရာ တပ်မတော်ဖိအားပေးမှုကြောင့် ရုတ်သိမ်းလိုက်ရ

    -

    မွန်သတင်းအေဂျင်စီ (မေ ၁၅)

    Covid 19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် မွန်ပြည်သစ်ပါတီ ဖွင့်လှစ်ထားသော ဘုရားသုံးဆူနယ်စပ် ဂျပန်ရေတွင်း-တပ်ရင်း(၃) ရွာအဝင် ကျန်မာရေးစစ်ဆေးရေးဂိတ်နေရာတစ်ခုကို နယ်မြေခံတပ်မတော် ဖိအားပေးမှုကြောင့် ယနေ့နံနက်ပိုင်းတွင် ရုတ်သိမ်းလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။

    “ဘုရားသုံးဆူက မြန်မာစစ်တပ် မနေ့ကလာပြီး ပိတ်ခိုင်းတယ်လို့ကြားတယ်၊ ကျန်းမာရေးစစ်ဆေးတဲ့ ဂိတ်လုပ်ထားတဲ့မဏ္ဍာတ်တဲလည်း ဒီမနက် မရှိတော့ဘူး” ဟု အမည်မဖော်လိုသော ဂျပန်ရေတွင်းရွာသားတစ်ဦးက ပြောသည်။

    မည်သည့်အကြောင်းပြချက်ဖြင့် ယင်းကဲ့သို့ဖိအားပေးခံရသည်ကို မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူမြို့နယ်တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဆက်ဆံရေးထံသို့ မွန်သတင်းအေဂျင်စီဆက်သွယ်မေးမြန်းရာတွင် ဖုန်းပိတ်ထားကြသည်။

    မွန်ပြည်သစ်ပါတီပြောခွင့်ရပုဂ္ဂိုလ် နိုင်အောင်မငေးက “ကျန်းမာရေးစစ်ဆေးတဲ့အခါမှာ အကယ်၍ အစိုးရနဲ့ Mix ဧရိယာ ရောနှောဖြစ်နေမယ်ဆိုရင် မွန်အမျိုးသားဝတ်စုံနဲ့ ဝတ်ဆင်ဖို့၊ ဘယ်နေ့ ဘယ်နေရာမှာလုပ်မယ်ဆိုတာ ကြိုတင်အသိပေးထားဖို့၊ ထိပ်တိုက်ရင်ဆိုင်မှုမဖြစ်စေရေး ရှောင်ရှားကြဖို့ပေါ့”ဟု မေလ ၁၂ ရက်နေ့တွင် အစိုးရဖွဲ့စည်းပေးလိုက်သော Covid 19 ညှိနှိုင်းရေးကော်မတီနှင့် မွန်ပြည်သစ်ပါတီတို့ Online Video ဆွေးနွေးမှုအပြီး မွန်သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

    COVID ကာကွယ် ထိန်းချုပ်ရေးအတွက် မွန်ပြည်သစ်ပါတီ တပ်တည်ခွင့်ရဧရိယာများအတွင်း ကျန်းမာရေးစစ်ဆေးသည့်နေရာ (၁၈) နေရာ ဖွင့်လှစ်ထားရှိမည်ဟု သိရသည်။

    အစိုးရ/တပ်မတော်နှင့် အပစ်ရပ်သဘောတူညီချက်အရ ၅ မိုင်အချင်းဝက်ရှိ မွန်ပြည်သစ်ပါတီ တပ်တည်ခွင့်ရနေရာ ၁၉ ခုအနက် ဂျပန်ရေတွင်းရွာလည်း တစ်ခုအပါအဝင်ဖြစ်သည်။ 

    အလားတူ မွန်ပြည်နယ် သထုံခရိုင်အတွင်း အစိုးရနှင့်နှစ်ဖက်ရောနှောအုပ်ချုပ်ရေးနယ်မြေတွင် ကရင်အမျိုးသားအစည်းအရုံး KNU ဖွင့်လှစ်ထားသော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး စစ်ဆေးရေးဂိတ်တစ်ခုကို မြန်မာ့တပ်မတော် ဖိအားပေးတားမြစ်မှုကြောင့် ဧပြီလ ၃၀ ရက်နေ့က ဖျက်သိမ်းခဲ့ရပြီး ဖြစ်သည်။

    Photo- ရုတ်သိမ်းလိုက်ရသည့် မွန်ပြည်သစ်ပါတီ ကျန်းမာရေးစစ်ဆေးသည့်နေရာ(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks