spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းရေခမ်းခြောက်လာသဖြင့် မော်လမြိုင်မြို့ကို တစ်ပတ်ကြာမျှသာ ရေပေးဝေနိုင်တော့မည်

    ရေခမ်းခြောက်လာသဖြင့် မော်လမြိုင်မြို့ကို တစ်ပတ်ကြာမျှသာ ရေပေးဝေနိုင်တော့မည်

    -

    ရန်လင်းအောင်(မော်လမြိုင်၊ မေ ၁၄)

    မော်လမြိုင်မြို့ပေါ်သို့ နေ့စဉ်ရေပေးဝေနေသည့် ရွှေနတ်တောင်နှင့် ကင်ပွန်းခြုံဆည်ရေများ ခမ်းခြောက်လာသဖြင့် မိုးမရွာပါက ရက်သတ္တတစ်ပတ်ကြာမျှသာ ရေပေးဝေနိုင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

    နေ့စဉ်ရေဂါလန် ၅ ဒဿမ ၃ သန်းခန့်ကို အတ္တရံမြစ်၊ ကင်ပွန်းခြုံဆည်နှင့် ရွှေနတ်တောင်ဆည်တို့မှ ဖြန့်ဝေပေးလျှက်ရှိရာ ရွှေနတ်တောင်ဆည်အတွင်း ပြီးခဲ့သည့် ဧပြီလမှစတင်၍ ရေစုပ်စက်များဖြင့် ရေတင်ပြီးဖြန့်ဝေနေရသည့်အတွက် မိုးမကျမီအထိ ရေချွေတာသုံးစွဲကြပါရန် မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးဌာနမှ အသိပေးနှိုးဆော်ထားသည်။

    မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ တွဲဖက်ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက “ရေပေးချိန်ကိုလည်း ကျွန်တော်တို့ ချုပ်လိုက်တယ် ရေလုံးဝပြတ်သွားရင် ဒုက္ခရောက်သွားမှာ ဥပမာ နေ့စဉ် နေ့စဉ်ရနေတာကို တစ်က်ခြားပေးတာမျိုးပေါ့ အဲလိုချုပ်လိုက်တယ် ပေးတဲ့ ပမာဏပါ လျော့လိုက်တော့ ပိုခံနိုင်အောင်ပေါ့  ” ဟု ဦးတင်ကိုကိုက ဆိုသည်။

    အကယ်၍ မော်လမြိုင်မြို့ကို  ဘုံဘိုင်ရေမဖြန့်နိုင်တော့ပါက ရေကားများဖြင့် အတ္တရံ ၂ မြစ်ရေတင်စီမံကိန်းမှ ရေများသယ်ဆောင်၍ ဖြန့်ဝေပေးမည်ဟု ဦးတင်ကိုကိုက ဆိုသည်။

    သို့ရာတွင် မဟာမြိုင်ရပ်ကွက်မှ ကိုဖိုးချိုက “အစိုးရ ပေးထားတဲ့ ရေဘုံဘိုင်ခေါင်းက အခုချိန်မှာ ရေမလာတော့ဘူး၊ အဝီစိလည်းမရှိဘူး ရေတွင်းက တစ်တွင်းရှိတယ် ရေလည်းခမ်းနေပြီ ရေအခက်အခဲဖြစ်နေတယ် အဲဒါကို မော်လမြိုင်က လူမှုအဖွဲ့အစည်းတွေက တစ်ရက်ခြားသော်လည်းကောင်း နေ့တိုင်းသော်လည်းကောင်း ရေလာဝေပေးနေတယ် အဲ့ဒါနဲ့ပဲ မဟာမြိုင်ရပ်ကွက်က သူတွေ သုံးစွဲနေရတာပေါ့” ဟု ဆိုသည်။

    မွန်ပြည်နယ် ရေရှားမှုနှင့် ပတ်သက်ပြီး ရေရှည်အစီအစဉ်ချမှတ်ကာ ကျောက်မိုင်းမှ ကျောက်ထုတ်လုပ်မှုများနှင့် ရော်ဘာစိုက်ပျိုးပုံတို့ကို အစိုးရ မူဝါဒချမှတ်ပေးသင့်ကြောင်း၊ ထို့အပြင် မြေအောက်ရေနှင့် စိမ့်စမ်းရေဆုံးရှုံးမှုများ မဖြစ်ပေါ်အောင် သစ်တောမြေ ဧရိယာဖန်တီးပေးဖို့လိုအပ်ကြောင်း မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောကြားသည်။

    “ရော်ဘာခြံမှာ ရော်ဘာတစ်ခုတည်းစိုက်နေတယ် ဆိုတာထက် ရော်ဘာခြံဘယ်လောက်ဆို ဘယ်လောက်ရာနှုန်းလောက် သဘာဝတောပုံစံပေါက်အောင် ကျွန်တော်တို့က စိုက်ပျိုးရမယ့် မူဝါဒတွေ၊ ကျောက်မိုင်းတွေ လမ်းခင်းကျောက်တွေ အလွန်အကျွံထုတ်တဲ့ ကိစ္စကို ထိန်းချုပ်သင့်ပြီ” ဟု ၎င်းကဆိုသည်။

    မွန်ပြည်နယ်အတွင်း နှစ်စဉ်နွေရာသီ၌ သောက်သုံးရေ ရှားပါးမှုနှင့် မိုးရာသီတွင် ရေလွှမ်းမိုးမှုဒဏ်များကို နှစ်စဉ်ကြုံတွေ့လာနေရကြောင်း တွေ့ရှိရသည်။

    Photo- လက်ရှိ ရွှေနတ်တောင်ဆည် (မော်လမြိုင်မြို့နယ် စည်ပင်သာယာရေး)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks