spot_img
Monday, February 23, 2026
More
    spot_img
    HomeCovid 19အရပ်သားများအား မြေမြှုုပ်မိုင်းဖြင့်တိုက်ခိုက်ခြင်းသည် လူသားမဆန်သော သူရဲဘောကြောင်သည့်လုပ်ရပ်အဖြစ် မွန်အရပ်ဘက်လူမှုအဖွဲ့အစည်းများ ရှုတ်ချ

    အရပ်သားများအား မြေမြှုုပ်မိုင်းဖြင့်တိုက်ခိုက်ခြင်းသည် လူသားမဆန်သော သူရဲဘောကြောင်သည့်လုပ်ရပ်အဖြစ် မွန်အရပ်ဘက်လူမှုအဖွဲ့အစည်းများ ရှုတ်ချ

    -

    မွန်သတင်းအေဂျင်စီ (မေ ၈)

    အရပ်သားများအား မြေမြှုုပ်မိုင်းဖြင့်တိုက်ခိုက်ခြင်းသည် လူသားမဆန်သော သူရဲဘောကြောင်သည့်လုပ်ရပ်အဖြစ် ပြင်းထန်စွာရှုတ်ချကြောင်း မွန်အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက် Mon CSOs Network က မေ ၈ ရက် ယနေ့ရက်စွဲဖြင့် ကြေငြာချက်တစ်စောင်ထုတ်ပြန်လိုက်သည်။

    ပြီးခဲ့သည့် ၁၂ လတာကာလ၌ မွန်ပြည်နယ် ရေးမြို့နယ်နှင့် ရေဖြူမြို့နယ်အတွင်း
    မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲသဖြင့် အရပ်သား ၉ ဦးခြေထောက်တစ်ဖက်စီ ဖြတ်တောက်ခဲ့ရသည့်ဖြစ်စဉ်များကို ရည်ညွှန်းထုတ်ပြန်ခြင်းဖြစ်သော်လည်း မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက ယင်းမြေမြှုပ်မိုင်း၏လက်သည်တရားခံဖြစ်သည်ကို နာမည်အတိအကျ ပြောဆိုခြင်းမရှိပေ။

    အဆိုပါထုတ်ပြန်ချက်၏ ပြောခွင့်ရပုဂ္ဂိုလ် မွန်အမျိုးသမီးအစည်းအရုံးဥက္ကဌ မိကွန်းချမ်းနွန်က “မြေမြှုပ်မိုင်းတွေကို ကိုင်တွယ်အသုံးချနေတဲ့လူတွေ၊ အဖွဲ့အစည်းတွေ အမြန်ဆုံးရပ်တန်းက ရပ်ဖို့၊ နောက်တစ်ချက်က အခုဖြစ်ပေါ်ခဲ့တဲ့မြေမြှပ်မိုင်းဖြစ်စဉ်တွေအပေါ် NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့အစည်းတွေအနေနဲ့ အမြန်ဆုံးဖော်ထုတ်ပြီး တားမြစ်ပေးဖို့ပါ” ဟု ဆိုသည်။

    ထို့ပြင် နိုင်ငံတော်အစိုးရ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC, ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီအဆင့်ဆင့် JMC, ကရင်အမျိုးသားအစည်းအရုံး KNU နှင့် မွန်ပြည်သစ်ပါတီ NMSP တို့အနေဖြင့် အလားတူမြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်များ ဆက်လက်မပေါ်ပေါက်ရေးအတွက် ဆောင်ရွက်ပေးရန် မွန်အရပ်ဘက်လူမှုအဖွဲ့အစည်းများက တောင်းဆိုထားသည်။

    “အခုလို Covid-19 ကပ်ရောဂါပြန့်နေတဲ့ကာလမှာဆိုရင် အခုလို မိုင်းတွေပေါက်ကွဲတဲ့ဖြစ်စဉ်မျိုး လုံးဝမဖြစ်ပေါ်စေရအောင် ကျမတို့အားလုံး တားဆီးသွားရမှာဖြစ်တယ်”ဟု မိကွန်ချမ်းနွန်က ဆက်ပြောသည်။

    သို့ရာတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချင်ချင်းအကြား ဖြစ်ပွားသောပြဿနာများကို JMC ကဲသို့သော ယန္တရားများဖြင့် ဝင်ရောက်ဖြေရှင်းခြင်း မရှိကြောင်း ၎င်းက ဆက်ပြောသည်။

    အဆိုပါ မိုင်းပေါက်ကွဲမှုခံနေရသည့် ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာမှ အုပ်ချုပ်ရေးမှူး နိုင်တင်စန်းက “နယ်မြေခံ တပ်မတော်ကိုလည်း အကြောင်းကြားတယ်၊ သတင်းပို့တယ်၊ မြိတ်မှာရှိတဲ့ JMC ကိုလည်း ကျနော် အကြောင်ကြားတယ်၊ ဒါပေမယ့် ဘာမှထူးမလာဘူး၊ ကျနော်တို့ကို ဘာမှ အကြောင်းပြန်တာ မရှိဘူး၊ သတင်းပို့ပြီးရင် ဒီအတိုင်းပဲ တိတ်ဆိတ်သွားတယ်၊ ဒါပေမယ့် ပေါက်ကွဲမှုတွေက ဆက်ဖြစ်နေတာပဲ၊ ဘယ်အဖွဲ့အစည်းကမှ ကိုင်တွယ်ဖြေရှင်းပေးတာ မရှိသေးဘူး” ဟု မွန်သတင်းအေဂျင်စီနှင့် အင်တာဗျူးတွင် ထည့်သွင်းပြောကြားခဲ့သည်။

    အလယ်စခန်းကျေးရွာအရှေ့ဖက်ရှိ ကြောင်လျာကွင်းဒေသ၌ မွန်တိုင်းရင်းသားတို့၏ ကွမ်းသီးခြံပေါင်း ၄၀၀ ကျော်ရှိနေပြီး အဆိုပါမြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ခြံသမားများမသွားမလာရဲဖြစ်နေသည့်အတွက် ခြံထွက်သီးနှံများ ခိုးယူခြင်းခံနေရသည်ဟု ဒေသခံများက ပြောသည်။

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသော ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ နှင့် မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်တပ်ဖွဲ့များ အဆိုပါ မြေမြှုပ်မိုင်းပေါက်ကွဲသည့် ကြောင်လျာကွင်းတဝိုက်တွင် လှုပ်ရှားလျက်ရှိပြီး နယ်မြေအငြင်းပွားမှုဖြစ်ကာ နှစ်ဖက်တပ်ဖွဲ့အကြား ယခင်က ထိတွေ့ပစ်ခတ်မှုဖြစ်ပေါ်ခဲ့မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

    မြေမြှုပ်မိုင်းများနှင့် ထပ်ဆင့်ပေါက်ကွဲစေနိုင်သောပစ္စည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့ ICBL ၏ ၂၀၁၉ ခုနှစ် အစီရင်ခံစာအရ ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်နှင့် ပဲခူး၊ စစ်ကိုင်း၊ တနသာင်္ရီတိုင်း ဒေသကြီးတို့၏ မြို့နယ်ပေါင်း ၉၀ တွင် မိုင်းအန္တရယ်ရှိနေကြောင်း အစီရင်ခံစာက ဖော်ပြသည်။

    ထို့ပြင် ၂၀၁၉ ခုနှစ်အတွင်း မိုင်းအန္တရာယ်ကြောင့် မြန်မာနိုင်ငံ၌ လူ ၄၀ ကျော် သေဆုံးပြီး ဒဏ်ရာရရှိသူ ၁၆၀ ကျော်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထား ရေး ဝန်ကြီးဌာန (လူကယ်ပြန်) ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှ သိရသည်။

    Photo- မွန်အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက် ကြေငြာချက် (Copy)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks