spot_img
Monday, February 23, 2026
More
    spot_img
    HomeCovid 19COVID 19 ပိုး မဖြစ်ပွားရအောင် ကိုယ့်အိမ်မှာပဲ နေထိုင်ကြဖို့ Case 27 လူနာမှ တိုက်တွန်းပြောဆို

    COVID 19 ပိုး မဖြစ်ပွားရအောင် ကိုယ့်အိမ်မှာပဲ နေထိုင်ကြဖို့ Case 27 လူနာမှ တိုက်တွန်းပြောဆို

    -

    ရန်လင်းအောင် (မော်လမြိုင်၊ မေ ၇)

    COVID 19 ရောဂါပိုး မဖြစ်ပွားရအောင် ပြည်သူတွေအနေဖြင့် မိမိတို့ နေအိမ်မှာပဲ နေထိုင်ကြဖို့ မွန်ပြည်နယ်မှ COVID 19 အတည်ပြုလူနာ Case 27 ဖြစ်ခဲ့သူက တိုက်တွန်းပြောကြားသည်။

    Covid 19 ပိုးမတွေ့ရှိရတော့ကြောင့် မေလ ၇ ရက်နေ့မှာ ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပြီး ဆေးရုံမှာနေထိုင်စဉ် အဆင်ပြေမှုများ ရှိသည်ဟု Case 27 လူနာက ဆိုသည်။

    “အစားအသောက်တွေ အကုန်လုံးကောင်းတာပဲ  ပြည်သူတွေလည်း ကောင်းကောင်းနေ ကောင်းကောင်းစား ဒီလိုမျိုးရောဂါ မဖြစ်ရအောင် သိပ်ပြီးတော့ မသွားလာနဲ့ပေါ့နော်၊ ကိုယ့်အိမ်မှာပဲနေပေးပေါ့ ရောဂါပိုးတွေ မပြန့်ပွားစေရအောင်၊ အခုဆေးရုံကနေ ဆင်းရတော့ ဝမ်းသားတယ် ၂၈ ရက် ပြည့်သွားပြီးကို” ၎င်းက ဆိုသည်။

    ယခုအခါ သူမအနေဖြင့် ဆေးရုံမှ ဆင်းခွင့် ရရှိပြီး ကျိုက်မရောမြို့နယ် နေအိမ်တွင် Home Quarantine ၂ ပတ်ဖြင့် ဆက်လက် နေထိုင်ပြီး စစ်ဆေးသွားမည် ဖြစ်သည်ဟု မော်လမြိုင်ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မြင့်က ဆိုသည်။

    “Home Quarantine နေရမယ် အိမ်မှာပဲနေရမယ် အပြင်မထွက်ပါနဲ့ပေါ့နော် လိုအပ်လို့ရှိရင် နှစ်ပတ်အကြာမှာ ပြန်စစ်မယ်ပေါ့နော် နှစ်ပတ်ကြာလို့ရှိရင် တစ်ခေါက်ပေါ့နော် ၊အထူးကုဆရာဝန်ကြီးတွေရယ် ဓါတ်ခွဲ ဓါတ်မှန် တာဝန်ယူပြီးကုပေးတာပါ ကုပေးတဲ့နေရာမှာလည်း ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်းပဲ ကုခဲ့တယ်” ဟု ဒေါက်တာ ကျော်မြင့်က ဆိုသည်။

    လူနာအမှတ် Case 27 က အသက် ၂၄ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ဧပြီလ ၁၀ ရက်နေ့က Covid 19 ပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန Facebook Pageမှ ထုတ်ပြန်ခဲ့တာကြောင့် မော်လမြိုင်ဆေးရုံမှာ တက်ရောက် ကုသခဲ့သည်။

    Case 27 လူနာကို ဧပြီလ ၂၁ ရက်နှင့်  ၂၃ ရက်နေ့တွေမှာ Covid 19 ပိုးစစ်ဆေးရာမှာ မတွေ့ရှိတော့တာကြောင့် ၂ ပတ်အကြာ မေ ၇ ရက်နေ့မှာ ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့သည်။

    မေလ ၇ ရက်နေ့အထိ မြန်မာနိုင်ငံတွင် Covid 19 ပိုးတွေ့ရှိသူ ၁၆၁ ဦး ပြန်လည်သက်သာသူ ၅၀ ဦးနှင့် သေဆုံးသူ ၆ ဦးအထိ ရှိနေသည်။

    Photo- COVID 19 Case 27 ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းလာစဉ်(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks