spot_img
Wednesday, February 18, 2026
More
    spot_img
    HomeCovid 19လက်ရှိ NLD အစိုးရလက်ထက်တွင် ပြည်ထောင်စုစာချုပ်အစိတ်အပိုင်း(၃) ချုပ်ဆိုပြီး ဖက်ဒရယ်အခြေခံမူချမှတ်နိုင်ရေး ကြိုးပမ်းမည်ဟုဆို

    လက်ရှိ NLD အစိုးရလက်ထက်တွင် ပြည်ထောင်စုစာချုပ်အစိတ်အပိုင်း(၃) ချုပ်ဆိုပြီး ဖက်ဒရယ်အခြေခံမူချမှတ်နိုင်ရေး ကြိုးပမ်းမည်ဟုဆို

    -

    မွန်သတင်းအေဂျင်စီ (မေ ၄)

    လက်ရှိ NLD အစိုးရလက်ထက်တွင် ပြည်ထောင်စုစာချုပ်အစိတ်အပိုင်း(၃) ချုပ်ဆိုပြီး ဖက်ဒရယ်အခြေခံမူများချမှတ်နိုင်ရေးအတွက် အစိုးရနှင့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် NCA-S EAO တို့ ကြိုပမ်းဆောင်ရွက်လျက်ရှိကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုနိုင်ငံရေးဌာနတာဝန်ခံ နိုင်အောင်မငေးက မွန်ပြည်သစ် Facebook လူမှုကွန်ရက်စာမျက်နှာမှ အသိပေးပြောကြားလိုက်သည်။

    “Covid 19 ကပ်ရောဂါက ပြည်ထောင်စုငြိမ်းချမ်းရေးကို ဘယ်လိုရိုက်ခတ်စေခဲ့သလဲ” ခေါင်းစဉ်ဖြင့် ၄ မိနစ်ခွဲခန့် မွန်ဘာသာ TV ရှင်းလင်းပြောကြားချက်တွင် အစိုးရနှင့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်တို့အကြား လက်ရှိကိုရိုနာဗိုင်းရပ်စ်ကြောင့် ငြိမ်းချမ်းရေးဖော်ဆောင်နေမှုစိန်ခေါ်ချက်များကို အဓိကထား ပြောကြားခဲ့ခြင်းဖြစ်သည်။ 

    “မေလကို ကျနော်တို့ခဏစောင့်ကြည့်ချင်တယ်၊ မေလထဲမှာ Covid ကိုထိန်းနိုင်ပြီဆိုရင် ကျနော်တို့အလုပ်တွေ စတင်အကောင်အထည်ဖော်ဆောင်ရွက်လို့ရပါပြီ၊ အစည်းအဝေးတွေ လှုပ်ရှားဆောင်ရွက်လို့ရပြီဆိုတာနဲ့  ရွေးကောက်ပွဲမတိုင်မီ (၂၁ ရာစုပင်လုံညီလာခံ) လုပ်နိုင်ဖို့ ကျနော်တို့စဉ်းစားထားတယ်”ဟု နိုင်အောင်မငေးက ဆိုသည်။

    သို့ရာတွင် လက်ရှိမေလထဲ၌ Covid 10 ရောဂါအခြေအနေ ထိမ်းမနိုင်ဖြစ်၍ နိုင်ငံရေးဆွေးနွေးပွဲများကျင်းပခြင်းမပြုလုပ်နိုင်ပါက လွှတ်တော်ဘက်ကသော်လည်းကောင်း (သို့မဟုတ်) အစိုးရ၊ NCA-S EAO, နိုင်ငံရေးပါတီ ၃ ပွင့်ဆိုင်အနေဖြင့်လည်းကောင်း ပြည်ထောင်စုအစိတ်အပိုင်း(၃) ချုပ်ဆိုနိုင်ရေး ကြိုးပမ်းသွားမည် ၎င်းကဆိုသည်။ 

    “အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမဟုတ်သည့်တိုင်အောင် ပါဝင်ပတ်သက်နေတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ သဘောတူညီချက်အရ JICM ဆုံးဖြတ်ချက်ချမှတ်တာတွေ UPDJC ဆုံးဖြတ်ချက်အရ ပြည်ထောင်စုစာချုပ်အစိတ်အပိုင်း (၃) တရားဝင်စာချုပ် ချုပ်ဆိုတဲ့နေရာမှာ ပါဝင်သွားဖို့၊ ပါဝင်နိုင်မှလည်း လက်ရှိအစိုးရလက်ထက်မှာ ဖက်ဒရယ်အခြေခံမူတွေရရှိသွားပြီးတော့ တာဝန်ခံမှု တာဝန်ယူမှုတွေဖြစ်စေဖို့ ကျနော်တို့ ကြိုးပမ်းနေပါတယ်” ဟု နိုင်အောင်မငေးက ဆက်ပြောသည်။   

    ထို့အတူ ယနေ့နံနက်ပိုင်းက စတင်ကျင်းပခဲ့သည့် အပစ်ရပ်တိုင်းရင်းသား (၁၀) ဖွဲ့တို့၏ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး(ဒဿမအကြိမ်) Online Video Conference ၌ Covid-19 ကပ်ရောဂါအလွန်ကာလမှာ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပနိုင်ရေးအခင်းအကျင်းကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

    မူဘောင်ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက “ ဒီနေ့အစည်းအဝေးမှာ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)မှာ ထည့်သွင်းချုပ်ဆိုမယ့်အကြောင်းအရာတွေကို မိမိတို့ NCA-S EAO အကြားမှာ ဆက်လက်ဆွေးနွေးသွားဖို့ရှိသလို အစိုးရညှိနှိုင်းရေးအဖွဲ့နဲ့ တရားဝင်တွေ့ဆုံနိုင်ရေးကိုလည်း နည်းလမ်းရှာသွားဖို့ ရှိပါတယ်” ဟု Online Video Conference အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ 

    ထို့ပြင် Covid-19 ကပ်ရောဂါဆိုင်ရာလုပ်ငန်းအရပ်ရပ်နှင့် ပတ်သက်၍ ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အစိုးရ၏ “Covid-19 ကာကွယ်ထိန်းချုပ်ကုသရေးနှင့်စပ်လျဉ်း၍ EAOs များနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီ” အား တွေ့ဆုံဆွေးနွေးရေးနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

    သို့သော် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးကို ဧပြီလကုန်တွင်ကျင်းပရန် စီစဉ်ခဲ့သော်လည်း Covid-19 ဖြစ်ပွားမှုကြောင့် ပျက်ပြယ်ခဲ့ရပြီး လာမည့်ဇူလိုင်လကုန်အထိ ကျင်းပနိုင်ဖွယ်မရှိသေးကြောင်း စောင့်ကြည့်လေ့လာသူအချို့က သုံးသပ်ကြသည်။

    Photo- NCA-S EAO တို့ Online Video Conference (NCA-S-EAO)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks