spot_img
Tuesday, February 17, 2026
More
    spot_img
    HomeCovid 19ဂျပန်နိုင်ငံ၌ သောင်တင်ခဲ့သော မြန်မာနိုင်ငံသားများ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

    ဂျပန်နိုင်ငံ၌ သောင်တင်ခဲ့သော မြန်မာနိုင်ငံသားများ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

    -

    ဗညားပိုင်(မေ ၃)

    COVID-19 ကူးစက်ရောဂါကြောင့် နိုင်ငံတကာခရီးသည် တင်လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်းထားသဖြင့် ဂျပန်နိုင်ငံတွင် သောင်တင်ခဲ့သော မြန်မာနိုင်ငံသား ၁၉၅ ဦးတို့ မေလ ၂ ရက်နေ့ မွန်းလွဲပိုင်းက All Nippon Airways (ANA) လေကြောင်းဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

    ခရီးစဉ်တွင်လိုက်ပါခဲ့သူ မင်းအော့ဆော့ (Min Aop Sop) က “ရန်ကုန်မြို့ရောက်တာနဲ့ ဟိုတယ်မှာနေချင်တဲ့သူ ဟိုတယ်ပို့ပြီးတော့ သီးခြားသတ်မှတ်နေရာ နေတဲ့သူ ခွဲလိုက်တယ်၊ ခုကျနော်တို့ကတော့ မင်္ဂလာဒုံမြို့နယ် တိုက် ၃၂ သဲအင်းဂူဓမ္မရိပ်သာမှာ နေတာပေါ့နော် တစ်ခန်းမှာဆို ၂-၃ ယောက် လောက်ထားထားတယ်၊ ဒီရောက်တာနဲ့ ခက်ခဲရှိတာတစ်ခုက ဖုန်းဆက်ဖို့ SIM Card ပေါ့နော်၊ တစ်ခန်းမှာ ဖုန်းဆင်းကဒ်တစ်ကဒ်ပေးတယ်” ဟု ဆိုသည်။

    ယင်းကယ်ဆယ်ရေးလေယာဉ်၌ သံဃာတော်(၂)ပါး၊ အစိုးရဝန်ထမ်း/ပညာတော်သင်များ၊ အလုပ်သင်သင်တန်းသား/သူများ၊ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် မှီခိုသူ မိသားစုဝင်များ လိုက်ပါခဲ့ခြင်းဖြစ်သည်။

    “ ရန်ကုလေဆိပ်ရောက်တာ မွန်းလွဲတစ်နာရီ ၁၅ မိနစ်မှာပါ။ အပူချိန်က ၃၆ ဒီဂရီလောက်ရှိတာ အရမ်းပူတာပေါ့၊ ကျနော်တို့မှာလည်း ရုတ်တရက် အပူချိန် တက်လာတယ်၊ လေဆိပ်မှာ အပူချိန်တိုင်းတာ ၃၈- ၃၉ ဒီဂရီအထိဖြစ်သွားတာ ခဏနားပြီးပြန်တိုင်းတော့မှ ပုံမှန်ပြန်ရောက်သွားတယ်” ဟု မင်းအော့ဆော့က ဆိုသည်။

    ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးစိစစ်ခြင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် သတ်မှတ် ချက်များနှင့်အညီ ၎င်းတို့ဆန္ဒ အလျောက် သီးခြားသတ်မှတ် ပေးထားသည့်နေရာ(သို့မဟုတ်) သတ်မှတ် ဟိုတယ်များ၌ ၂၁ ရက်တာ အသွားအလာကန့်သတ် နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ စီစဉ်ပေးခဲ့သည်။

    ထို့အပြင် ကိုရီးယားနိုင်ငံ၌ အကြောင်းမျိုးမျိုးဖြင့် ရောက်ရှိ/ပိတ်မိနေသည့် မြန်မာနိုင်ငံသားများသည် မေလ ၈ ရက်နေ့တွင် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ဒုတိယအကြိမ် Relief Flight ဖြင့် ပျံသန်းပြေးဆွဲမည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း MAI ၌ လိုက်ပါခွင့်ရရှိသူ (၉၂) ဦးရှိကြောင်း မေလ ၁ ရက်နေ့က ဆိုးလ်မြို့ မြန်မာသံရုံးမှ ထုတ်ပြန်ခဲ့သည်။

    Photo- ရန်ကုန်မြို့ လေဆိပ်သို့ ပြန်လည်ဝင်ရောက်စဉ် (MOI)

     

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks