Homeငြိမ်းချမ်းရေးသံဖြူဇရပ်မြို့နယ်လောင်းကစားဝိုင်းတွင် သေနတ်တစ်လက်ပါ တပ်မတော်ဖမ်းဆီးရမိ

သံဖြူဇရပ်မြို့နယ်လောင်းကစားဝိုင်းတွင် သေနတ်တစ်လက်ပါ တပ်မတော်ဖမ်းဆီးရမိ

-

ရန်လင်းအောင် (သံဖြူဇရပ်၊ ဧပြီ ၃၀)

သံဖြူဇရပ်မြို့နယ် လောင်းကစားဝိုင်းတစ်ခုကို ဝဲကလိအခြေစိုက် အမှတ် (၄) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းမှ နယ်မြေရှင်းလင်းစဉ် သေနတ် တစ်လက်အပါ အဝင် ကစားဝိုင်းဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း သံဖြူဇရပ်တပ်နယ်(ဦးစီး) ဗိုလ်မှူး အောင်သန်းနိုင်က ပြောသည်။

“သက်ဆိုင်တဲ့ နယ်မြေ ရဲစခန်းထံ တရားဥပဒေနဲ့ အနေနဲ့ အညီ ဆောင်ရွက်နိုင်ဖို့ တာဝန်လွဲပြောင်းပေးအပ်ခဲ့ပါတယ်  လူ၅ ဦး သေနတ် ၁လက် ကား ၂စီး ဆိုင်ကယ် ၈ စီးနဲ့ ဖဲချပ် အခင်းနဲ့ ငွေစက္ကူ တချို့တွေ ဖြစ်ပါတယ်” ဗိုလ်မှူး အောင်သန်းနိုင်က ဆိုသည်။

ဧပြီလ ၂၆ ရက်နေ့ ညနေ ၃ နာရီခွဲခန့်တွင် ဝင်ရောက်ခဲ့ဖမ်းဆီးခဲ့ရာ လူနှင့် လောင်းကစားဝိုင်းမှ တွေ့ရှိခဲ့သည့် ပစ္စည်းများကို သံဖြူဇရပ်မြို့နယ် မြို့မ ရဲစခန်းထံ လွဲပြောင်းအပ်နှံခဲ့ကြောင်း ၎င်းကဆိုသည်။

ယင်းကဲ့သို့ လောင်းကစားဝိုင်း တရားဝင်ကဲ့သို့ဖွင့်လှစ်နေခဲ့သည်မှာ လအတန်ကြာရှိခဲ့ပြီး သေနတ်ကိုင်ဆောင်ထားသူမှာ လက်နက်ချအလင်းဝင်အဖွဲ့အစည်းတစ်ရပ်ရပ်နှင့် ဆက်စပ်နေသည်ဟု ဒေသခံအချို့ယူဆပြောကြားချက်ကို မွန်သတင်းအေဂျင်စီမှ အတည်ပြုနိုင်ခြင်းမရှိသေးပေ။

“ဖမ်းဆီးချိန်မှာလောင်းကစားပြုလုပ်သူတွေထွက်ပြေးသွားတဲ့အပြင် သူတို့ထဲကတစ်ဦးမှာ သေနတ်ပါရှိတဲ့အတွက် ခြောက်လှန့်ပြီးဖမ်းဆီးခဲ့ရတယ်”ဟု ဗိုလ်မှူးအောင်သန်းနိုင်က ဆိုသည်။

အဆိုပါ လောင်းကစားဖမ်းဆီးရမိမှုနှင့် ပတ်သက်ပြီး အရေးယူဆောင်ရွက်ထားသည့်ပြစ်မှုဆိုင်ရာများကို သံဖြူဇရပ်မြို့နယ် ရဲစခန်းတာဝန်ရှိသူများက ဖြေကြားခြင်းမပြုပေ။

ဧပြီလ ၂၄ ရက်နေ့တွင်လည်း ပေါင်မြို့နယ်အတွင်း လက်ပံတောကျေးရွာအုပ်စု၊ ကုလားကုန်းကျေးရွာတွင် ကြက်တိုက် လောင်းကစားပြုလုပ်နေခြင်းကို ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့မှ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး လောင်းကစားပြုလုပ်သူ ၁၀ ဦး၊ ဆိုင်ကယ် ၂၂ စီး၊ ကား ၁ စီး၊ တိုက်ကြက် ၅ ကောင် ဖမ်းဆီးရမိခဲ့ပြီး လောင်းကစားဥပဒေပုဒ်မဖြင့် အရေးယူထားကြောင်း ဒေသခံများမှ သိရသည်။

Photo-လောင်းကစားသူများနှင့် သက်သေခံပစ္စည်းများ(MNA)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts