spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းလမိုင်းမြို့တွင် အုပ်စုဖွဲ့ရမ်းကားသည့်လူငယ်များကို ပုဒ်မ ၄ ခုဖြင့် အမှုဖွင့်အရေးယူထား

    လမိုင်းမြို့တွင် အုပ်စုဖွဲ့ရမ်းကားသည့်လူငယ်များကို ပုဒ်မ ၄ ခုဖြင့် အမှုဖွင့်အရေးယူထား

    -

    အဂ္ဂနွန်(ဧပြီ ၁၉)

    ရေးမြို့နယ်၊ လမိုင်းမြို့ပေါ်တွင် ဧပြီ ၁၇ ရက်နေ့ ညပိုင်းက တုတ်၊ ဓား၊ အုတ်ခဲ ကိုင်ဆောင်သောလူငယ်များ အုပ်စုဖွဲ့ ရမ်းကားမှုများကို ပုဒ်မ ၄ ခုဖြင့် အမှုဖွင့်အရေးယူထားကြောင်း လမိုင်းနယ်မြေရဲစခန်းမှူးက ပြောသည်။

    စခန်းမှူး ရဲအုပ်ဉာဏ်လင်းက “အရေးယူမှုအပိုင်းကတော့ ခဲပေါက်တာတို့ နောက်ဓားနဲ့ခုတ်တာတို့ ဆိုင်ကယ်ရိုက်ချိုးဖျက်စီးတာတို့ အရေးယူထားပါတယ်၊ ပုဒ်မတွေကတော့ ဓားနဲ့ခုတ်တယ် ၃၂၆၊ တုတ်နဲ့ရိုက်တယ် ၃၂၅၊ ခဲနဲ့ပစ်တယ် ၃၃၆ ၊ နောက်ပြီး ၁၁၄ ပေါ့နော် အားပေကူညီတယ်ပေါ့ ဒီပုဒ်မတွေနဲ့ အရေးယူထားတယ်”ဟု ဆိုသည်။

    လမိုင်းမြို့ အနီးပတ်ဝန်းကျင်ဖြစ်သည့် သောင်ပြင်နှင့် အာရုတောင်ကျေးရွာမှ အသက် ၁၈ နှစ်အောက် ၁၅ ဦးနှင့် ၁၈ နှစ်အထက် ၂၄ ဦးပါဝင်သော လူငယ်အုပ်စုသည် ဧပြီ ၁၇ ရက် ညပိုင်းတွင် မော်တော်ဆိုင်များစီးနင်း၍ လမိုင်းမြို့ထဲ ဝင်ရောက်လာပြီး အိမ်များကို ဒုတ်၊ အုတ်ခဲဖြင့် ပစ်ပေါက်ခြင်း၊ လမ်းသွားလမ်းလာအချို့ကို ရိုက်နှက်ခြင်း၊ မော်တော်ဆိုင်ကယ်များကို ရိုက်ချိုးဖျက်ဆီးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့် လမိုင်းမြို့ခံများက ပြောသည်။ 

    “လူငယ်တွေက အချင်းချင်းစကားများတာပေါ့ တစ်ယောက်နဲ့တစ်ယောက် တစ်ရွာနဲ့တစ်ရွာ ရန်စတဲ့သဘောပေါ့  အဖွဲ့လိုက်တစ်ယောက်နဲ့တစ်ယောက်ရန်ပြုကြတာပေါ့၊ လူငယ်သဘာဝပေါ့ အရန်တုန်းကလည်း သင်္ကြန်တွင်းတွေမှာလည်း ဒီလိုဘဲဖြစ်နေကြတယ်”ဟု စခန်းမှူးက ဆက်ပြောသည်။

    သို့ရာတွင် အဆိုပါလူငယ်များ လမိုင်းမြို့ပေါ် အုပ်စုဖြင့် ဝင်ရောက်ရမ်းကားသည့်အကြောင်းအရင်းကို မိမိမသိရှိရကြောင်း သောင်ပြင်အုပ်ချုပ်ရေးမှူးက ဆိုသည်။

    “ လမိုင်းမှာဖြစ်တာက ကျွန်တော် သိပ်ပြီး မသိဘူး၊ ကျွန်တော်က ရွာမှာဆိုတော့ အရေးယူတာလောက်တော့ သိတယ်၊ ကျန်တာ ဘာမှမသိဘူး။” ဟု သောင်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးက ဆိုသည်။

    အဆိုပါဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူဟုယူဆရသည့် လူငယ် ၃၉ ဦးအား ယမန်နေ့ ညနေပိုင်းက ရေးမြို့နယ်တရားရုံး၌ ချုပ်ရက်ရမန်ယူကာ ဆက်လက်စစ်ဆေးအရေးယူသွားမည်ဟု သတင်းရရှိသည်။

    Photo- ချုပ်ရက်ရမန်ယူရန် ရေးမြို့နယ် တရားရုံးသို့ ပို့ဆောင်စဉ် (Aung Naing Win)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks