spot_img
Sunday, December 21, 2025
More
    spot_img
    HomeCovid 19မွန်ပြည်နယ်တွင် ကိုရိုနာဗိုင်းရက်စ်ပိုးတွေ့ရှိသူ Case-27 ကို မော်လမြိုင်ဆေးရုံသို့ပို့ပြီး ၎င်း၏အနီးအနားအိမ်ကို Lockdown ချထား

    မွန်ပြည်နယ်တွင် ကိုရိုနာဗိုင်းရက်စ်ပိုးတွေ့ရှိသူ Case-27 ကို မော်လမြိုင်ဆေးရုံသို့ပို့ပြီး ၎င်း၏အနီးအနားအိမ်ကို Lockdown ချထား

    -

    ရန်လင်းအောင် (မော်လမြိုင်၊ဧပြီ ၁၀)

    မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ကိုရိုနာဗိုင်းရက်စ့်(Covid 19) ပိုး တွေ့ရှိသူ Case-27 အသက် ၂၄ နှစ်အရွယ် အမျိုးသမီးကို မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံသို့ ယနေ့တွင် ပြောင်းရွှေ့လိုက်ပြီး ၎င်း၏ အနီးအနားနေအိမ်များကို Lockdown ချထားကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောသည်။

    လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက “ရွာကိုတော့ Lockdown ကျမှာ မလုပ်ပါဘူး ဝန်ကြီးချုပ်ရဲ့ ညွှန်ကြားချက်အရ အိမ်ရဲ့ ဟိုဘက်ငါးအိမ် ဒီဘက်ငါးအိမ်ကိုပဲ Lockdown ချမယ် ချတော့ သူတို့အတွက် လိုအပ်မှုတွေကို အစိုးရအပိုင်းကရော မြို့နယ်အုပ်ချုပ်ရေးအပိုင်းရော အဲ့လိုအနေအထားမျိုးနဲ့ပဲ စလုပ်ပါမယ် သူတို့အိမ် ပတ်ဝန်းကျင်မှာရှိနေတဲ့ သူတွေကို ကွာလတင်းလုပ်ဖို့အတွက် အာလုံး ၈ ယောက်ပေါ့နော် ဆေးရုံမှာပဲ ဆက်လုပ်သွားပါမယ် လူနာကိုတော့ မော်လမြိုင်ဆေးရုံပို့ထားပါတယ်” ဟု ဆိုသည်။

    ထို့အတူ ကျိုက်မရောမြို့နယ် ကျွန်းရွာကျေးရွာ၌ နေထိုင်သည့် Case-27 လူနာအမျိုးသမီး၏ မိသားစုဝင် (၈)ဦးကိုလည်း ကျိုက်မရောမြို့ ပြည်သူ့ဆေးရုံသို့ ပြောင်းရွှေ့ထားပြီး  လူနာနှင့် ဆက်စပ်နေသည့် ကျွန်းရွာမှ (၆)ဦး ကြက်ခတ်ကုန်းကျေးရွာမှ (၈) ဦး တို့ကိုလည်း မော်လမြိင်ဆေးရုံကြီး စောင့်ကြည့်လူနာဌာနသို့ ပို့ဆောင်လိုက်ပြီ ဖြစ်သည်။

    ဧပြီလ ၁၀ ရက်နေ့ မနက် ၃ နာရီမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန Facebook Pageမှ ကျိုက်မရောမြို့နယ်တွင်နေထိုင်သည့် အသက်၂၄ နှစ်အရွယ် အမျိုးသမီးကို ရောဂါပိုးတွေ့ရှိကြောင်း Case 27 ဖြင့် ထုတ်ပြန်ကြေငြာခဲ့သည်။

    Case 27 လူနာအမျိုးသမီးသည် ထိုင်းနိုင်ငံတွင် အလုပ်အကိုင်ရှာဖွေရန် သွားရာ ဗိုက်အောင့်ဝေဒနာ ခံစားရသဖြင့် ထိုင်းနိုင်ငံတွင် ၁ လခန့် ဆေးကုသမှုခံယူခဲ့ပြီး မတ်လ ၂၀ ရက်နေ့တွင် မြဝတီမြို့မှတစ်ဆင့် ကျိုက်မရောမြို့နယ်သို့ရောက်ရှိပြီး နေအိမ်မှ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုမှု ခံယူခဲ့သည်။

    မတ်လ ၂၉ရက်နေ့တွင် Facility Quarantine ဖြစ် စောင့်ကြပ်မှုခံယူခဲ့ပြီး မတ်လ ၃၀ ရက်နေ့တွင် ဗိုက်အောင့်ဝေဒနာ ထပ်မံခံစားရသဖြင့် ကျိုက်မရောဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဧပြီလ ၈ ရက်နေ့တွင် ဓါတ်ခွဲ နမူနာရယူကာ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

    ထို့ပြင် ထိုင်းနိုင်ငံသို့ရောက်ရှိခဲ့ကြောင်း ခရီးသွားရာဇဝင်လိမ်လည်ခဲ့သည့် Hospital Quarantine စောင့်ကြပ်ခံလူနာတစ်ဦး သထုံခရိုင်တိုင်းရင်းဆေးရုံ၌ ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်အချိန်က သေဆုံးခဲ့ကြောင်း သထုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောသည်။

    “အဲဒီဆုံးပါးတဲ့လူနာက သူ့ခရီးသွား History ကိုလိမ်လည်ခဲ့တာပေါ့နော်၊ ထိုင်းနိုင်ငံကပြန်လာတယ် ဖြစ်လာတဲ့ရောဂါလက္ခဏာရှိတဲ့ဟာကို ဆေးရုံတွေမှာ အကြောင်းမကြားဘဲနဲ့ အပြင်ဆေးခန်းမှာကြိတ်ပြီးတော့ပြတယ်၊ မသက်သာတော့မှ နောက်ဆုံးဆေးရုံကိုတင်လာတယ်၊ ဆေးရုံကိုတင်လာတော့လည်း သူ့ခရီးသွား History ကို လိမ်နေတုန်းပဲ၊ မနေ့ကမှ ကျနော်တို့စစ်ဆေးတဲ့အတွက် ထိုင်းနိုင်ငံမှပြန်လာတာ သေချာတဲ့အတွက် တိုင်းရင်းဆေးရုံ Hospital Quarantine ဌာနကို မနေ့ကပဲ ပို့လိုက်တယ်၊ ဒီမနက်မှာပဲ သူဆုံးသွားတယ်” ဟု ဆိုသည်။

    အဆိုပါသေဆုံးသူတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ရှိမရှိ ဓာတ်ခွဲစစ်ဆေးမည့် လည်ချောင်းတို့ဖတ် swab ကို နမူနာရယူ၍ ရန်ကုန်သို့ပို့ထားပြီး ယနေ့ညပိုင်းတွင် အဖြေသိရှိနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    ဧပြီလ ၁၀ ရက်နေ့အထိ မြန်မာနိုင်ငံတွင် Covid 19 ပိုးတွေ့ရှိသူ ၂၇ ဦး၊ ပြန်လည်သက်သာသူ ၂ ဦးနှင့် ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ သေဆုံးသူ ၃ ဦးရှိပြီဖြစ်သည်။

    Photo- Covid 19 အတွက် ဓါတ်ခွဲစစ်ဆေးမှုအခြေအနေ (ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,300SubscribersSubscribe
    spot_img

    Latest posts