Thursday, March 12, 2026
More
    spot_img
    HomeCovid 19မွန်ပြည်နယ်သင်္ကြန်ကာလအတွင်း မြို့နယ်တစ်ခုနှင့်တစ်ခု လူ ၇ ဦးထက်ပိုပြီး ကားဖြင့်ဖြတ်သန်းသွားလာခွင့်မပြု

    မွန်ပြည်နယ်သင်္ကြန်ကာလအတွင်း မြို့နယ်တစ်ခုနှင့်တစ်ခု လူ ၇ ဦးထက်ပိုပြီး ကားဖြင့်ဖြတ်သန်းသွားလာခွင့်မပြု

    -

    ရန်လင်းအောင် (မော်လမြိုင်၊ ဧပြီ ၇)

    မွန်ပြည်နယ် သင်္ကြန်ကာလအတွင်း မော်တော်ကားများဖြင့် မြို့နယ်တစ်ခုနှင့်တစ်ခု ဖြတ်သန်းသွားလာရာတွင် ဒရိုင်ဘာအပါအဝင် လူ ၇ ဦးထက်ပိုပြီးခွင့်ပြုမည် မဟုတ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

    “တစ်နေရာနဲ့တစ်နေရာ သွားတဲ့အခါကျရင် ဒရိုက်ဘာအပါအဝင်(၇)ဦးထက်ပိုပြီး တစ်မြို့နယ်နဲ့တစ်မြို့နယ်ကို ပေးမကူးဘူး၊ ဆိုင်ကယ်ကျတော့ကျွန်တော်တို့ တားလို့မရဘူး၊ ခရီးသည်တင်ကားတွေ ဘာတွေ ကတော့ မရှိတော့ဘူး” ဟု ဝန်ကြီးချုပ်က ဆိုသည်။

    သထုံခရိုင်အတွင်းရှိ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများနှင့် အရပ်ဘက်အဖွဲ့အစည်းများကို ဧပြီလ ၆ ရက်နေ့က  တွေ့ဆုံရာတွင်  ယင်းသို့ပြောကြားခဲ့သော်လည်း တရားဝင်စာထုတ်ပြန်ခြင်း မတွေ့ရှိရသေးပေ။

    ထို့အတူ မွန်ပြည်နယ်မှ မြန်မာနိုင်ငံမြို့ကြီးများသို့ ပြေးဆွဲနေသော ယာဉ်လိုင်းများတွင် ခါတိုင်းနှစ်များထက် ခရီးသည်လျော့နည်း နေသည်အတွက် ဧပြီလ ၁၁ ရက်နေ့မှ စတင်ပြီး သင်္ကြန်ပိတ်ရက်အတွင်း  ရပ်နားသွားမှာဖြစ်ကြောင်း မွန်ပြည်နယ် ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ ဦးကျော်ဝင်းမောင်က ဆိုသည်။

    “ပိတ်မဲ့ယာဉ်လိုင်းတွေကိုတော့ ပိတ်တယ် ပြေးဆွဲမဲ့ယာဉ်လိုင်းတွေလည်း ကျန်သေတယ်၊ ယာဉ်လိုင်းတွေကတော့ ဒီအချိန်မှာ မနှစ်ကနဲ့တော့မတူဘူး ခရီးသည်တွေကတော့ နည်းသွားပြီးပေါ့ ၊ ခရီးသွားပြည်သူတွေ အဆင်ပြေအောင်တော့ ပြေးဆွဲပေးမဲ့ယာဉ်လိုင်း လေးတွေတော့ရှိတယ်၊ ရန်ကုန် မော်လမြိုင် ပြေးဆွဲနေတဲ့ New PTT ယာဉ်လိုင်းကတော့ သင်္ကြန်ရက်လည်း ပိတ်ရက်မရှိ ပြေးဆွဲသွားမှာဖြစ်တယ် “ဟု ဦးကျော်ဝင်းမောင်က ဆိုသည်။

    မော်လမြိုင် မြေနီကုန်းအဝေးပြေးကားဝင်းမှ နေပြည်တော်၊ မန္တလေး၊ ရန်ကုန်စသည့်နေရာများသို့ ပြေးဆွဲနေသည့် ယာဉ်လိုင်း ၄၂ လိုင်း ရှိပြီး  ဈေးကြိုအဝေးပြေးကားဝင်းမှ ရေး-ထားဝယ် ဘက်သို့ပြေးဆွဲနေသည့် ယာဉ်လိုင်း ၃၁ လိုင်းရှိနေကြောင်း သိရသည်။

    အသက်ရှုလမ်းကြောင်းဆိုင်ရာ COVID 19 ကြောင့် မွန်ပြည်နယ်အတွင်း သွားလာကန့်သတ်မှုများ၊ နေအိမ်အတွင်းနေထိုင်ရန်နှင့် အခြားနိုင်ငံမှ နေရပ်ပြန်ရွေ့ပြောင်းလုပ်သားများကို သတ်မှတ်နေရာ Quarantine စခန်းများ၌ ၁၄ ရက်ကြာ ရောဂါစောင့်ကြည့်သွားရန် ညွှန်ကြားထားသည်။

    လက်ရှိတွင် လူစုလူဝေး ဖြစ်ပေါ်စေသည့် ပွဲလမ်းသဘင်များ ကျင်းပမှုကို အစိုးရမှ ကန့်သတ်ထားပြီး ခရီးသွား အသွားများသည့် ကျိုက်ထီးရိုးစေတီတော်၊ ကျိုက္ခမီရေလယ်ဘုရားနှင့် စက်စဲကမ်းခြေ စသည့် နေရာများသို့ အသွားအလာကန့်သတ်မှုများ ပြုလုပ်ထားသည်။

    Photo-မော်လမြိုင် မြေနီးကုန်းအဝေးပြေးကွင်း (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks