Sunday, March 15, 2026
More
    spot_img
    Homeသတင်းထိုင်းပြန်များကျန်းမာရေးစစ်ဆေးမှုအတွက် ကာကွယ်ရေးပစ္စည်းနှင့် စေတနာ့ဝန်ထမ်းများလိုအပ်နေ

    ထိုင်းပြန်များကျန်းမာရေးစစ်ဆေးမှုအတွက် ကာကွယ်ရေးပစ္စည်းနှင့် စေတနာ့ဝန်ထမ်းများလိုအပ်နေ

    -

    ရန်လင်းအောင် (ဧပြီ ၁၊ မော်လမြိုင်)

    ထိုင်းနိုင်ငံမှ ပြန်ရောက်လာသည့် မြန်မာနိုင်ငံသားများအား ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ရန်အတွက် Covid 19 ကာကွယ်ရေး ပစ္စည်းများနှင့် စေတနာ့ဝန်ထမ်းများ လိုအပ်နေကြောင်း မော်လမြိုင်ခရိုင် ဒုတိယကျန်းမာရေးဦးစီးမှူး ဒေါက်တာစန်းစန်းအောင်က ပြောသည်။

    ထိုင်းနိုင်ငံမဲဆောက်- မြန်မာနိုင်ငံမြဝတီလမ်းကြောင်းမှ ဝင်ရောက်လာသည့် တိုင်းနှင့်ပြည်နယ်အသီးသီးသို့ နေရပ်ပြန်ကြမည့် မြန်မာနိုင်ငံသား ၃ ရာကျော်ကို မတ်လ ၃၁ ရက်နေ့က မော်လမြိုင်တက္ကသိုလ်၌ Facility Quarantine ဖွင့်လှစ်ပြီး ၁၄ ရက်တာ ကျန်းမာရေးစောင့်ကြပ်စစ်ဆေးမှု ပြုလုပ်လျက်ရှိကြောင်း တွေ့ရသည်။

    “အဓိက လူလည်းလိုတာပေါ့နော် Volunteer လိုချင်တယ် ပစ္စည်း ကိရိယာတွေပေါ့နော် ကျန်းမာရေး စစ်မယ်ဆိုရင် ဘာပဲဖြစ်ဖြစ် ကျန်းမာရေး ဝန်ထမ်းတွေအတွက် အကာအကွယ်တွေ Surgical Mask တွေ လက်အိတ်တွေ N 95 လို့ ခေါ်တဲ့ Maskတွေ လိုအပ်နေတယ်” ဟု ဒေါက်တာစန်းစန်းအောင် ဆိုသည်။

    ထိုင်းနိုင်ငံမှ ပြန်ရောက်လာသည့် မြန်မာနိုင်ငံသားများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် သွားရောက်သယ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ္ဌ်ဦးက ဆိုသည်။

    “ကရင်ပြည်နယ်ကလည်း လက်ခံထားတာရှိတယ် များတဲ့အတွက် ဒီဘက်ကို ရောက်လာတာ၊ လူကြီးကလည်း သူ့ရည်ရွယ်ချက်တော့ ရှိမှာပေါ့ ဒီမှာ ဘာမှမလုပ်ဘဲ ထည့်လိုက်ရင် ပြည်မထဲအထိရောက်သွားမယ် တစ်ခုခုဆိုရင် ဒါတွေ ပြန့်ပွားသွားမယ် တစ်နိုင်ငံလုံးကောင်းဖို့အတွက် ရည်ရွယ်ပြီး ဆုံးဖြတ်တာဖြစ်တယ်ယူဆတယ် ကိုယ်တို့လည်း ဒီလိုပဲစဉ်းစားမိတယ် ” ဟု ၎င်းက ဆိုသည်။

    Facility Quarantine ၁၄ ရက်အတွင်း လူအယောက် ၃ ရာကျော်အတွက် မွန်ပြည်နယ် အစိုးရအဖွဲ့မှ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးနှင့်စားသောက်မှုများကို စီစဉ်ပေးသွားမည်ဟု သိရသည်။

    သို့ရာတွင် ကျေးရွာများ၌ Community Based Facility Quarantine ကို အစိုးရစီစဉ်နေသည်ဆိုသော်လည်း  အမှန်တကယ်ဖြစ်ရှိနေသောမြေပြင်အနေအထားတွင် အာဏာပိုင်များက နေရာသတ်မှတ်ပေးခြင်းသာ ဆောင်ရွက်ခဲ့သည်ကို တွေ့ရကြောင်း ပရဟိတလုပ်ငန်းဆောင်ရွက်နေသူ သံဖြူဇရပ်မြို့ခံ ကိုမင်းလတ်က ဆိုသည်။

    ကိုမင်းလတ်က “ ကြိုတင်ပြင်ဆင်ထားတာမရှိဘဲနဲ့ ဖြစ်လာတဲ့အခါမှ ထလုပ်တဲ့အခါကျတော့ အကုန်လုံးအိုးနင်းခွက်နင်းပဲ၊ ဟာ နိုင်ငံတော်ကစီစဉ်နေပါတယ် အစိုးရစီစဉ်နေပါတယ် ပြောပေမယ့် တကယ်တန်းကျတော့ မြေပြင်မှာ ရပ်ရွာကလူတွေက ကိုယ့်ဟာကိုပြင်ဆင် ဘာ Supporting မှလည်းမရှိဘူး၊ အခုဒီနေရာလေးကိုတော့ Quarantine လုပ်မယ်ပေါ့ ကျောင်းနေရာလေးရွေးပေးလိုက်တယ် ဒါလေးပဲရှိတယ်၊ နေဖို့ထိုင်ဖို့စားဖို့သောက်ဖို့ လိုအပ်တဲ့အကာအကွယ်ပစ္စည်း၊ နောက်ပြီးတော့ သိဖို့လိုတဲ့အသိပညာဗဟုသုတ ဘာတစ်ခုမှမရှိဘူး၊ ကျောင်းလေးလာကြည့်သွားတယ်၊ ကျောင်းလေးကြည့်ပြီးတော့ ဒီကျောင်းမှာထားမယ် ဒီလောက်ပဲ” ဟု မွန်သတင်းအေဂျင်စီကို ပြောသည်။  

    မွန်ပြည်နယ်အတွင်Community Base Facilities Quarantine ၃၅၀ နေရာကျော် ဖွင့်လှစ်ထားရှိပြီး လတ်တလော ထိုင်းနိုင်ငံမှပြန်လာသူ ၁၆၀၀ ယောက်ကျော်ကို ၁၄ ရက်ကြာ ကျန်းမာရေးစောင့်ကြည့်ရှုလျက်ရှိကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးက သတင်းရရှိသည်။

    Photo- ထိုင်းမှရောက်လာသူများကို မော်လမြိုင်တက္ကသိုလ်တွင် နေရာချပေးစဉ်( MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks