spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းပြည်ပမှပြန်ရောက်လာသူများ သတ်မှတ်နေရာ Facility Quarantine နေထိုင်မှုမရှိပါက အရေးယူသွားမည်ဟုဆို

    ပြည်ပမှပြန်ရောက်လာသူများ သတ်မှတ်နေရာ Facility Quarantine နေထိုင်မှုမရှိပါက အရေးယူသွားမည်ဟုဆို

    -

    ရန်လင်းအောင် (မတ် ၃၁၊ မော်လမြိုင်)

    မတ်လ ၂၂ ရက်နေ့နောက်ပိုင်း ပြည်ပမှပြန်ရောက်လာသူများအနေဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့မှ သတ်မှတ်ထားသည့် Community Based Facility Quarantine တွင် နေထိုင်မှုမရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောကြားသည်။

    “ဒီအမိန့်ညွှန်ကြားချက်ကို ပူးပေါင်းပါဝင်ခြင်းမရှိဘူး လိုက်နာဆောင်ရွက်ခြင်းမရှိဘူးဆိုလို့ရှိရင် ကျွန်တော်တို့ အမိန့်ကြေညာချက်မှာပါတဲ့ ဥပဒေ ၃ ခု ရာဇသတ်ကြီးဥပဒေ၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေ အဲဒီဥပဒေတစ်ရပ်ရပ်နဲ့ ကျွန်တော်တို့ အရေးယူဆောင်ရွက်သွားမယ်”ဟု ၎င်းကဆိုသည်။

    မတ်လ၂၂ရက်နေ့နောက်ပိုင်း ပြည်ပမှပြန်ရောက်သူများ အနေဖြင့် အစိုးရအဖွဲ့မှ သတ်မှတ်ထားသည့် နေရာများတွင် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ရန်၊ မိမိပတ်ဝန်းကျင်တွင် သံသယလူနာများတွေ့ရှိပါက သက်ဆိုင်သည့်အဖွဲ့အစည်းများနှင့် ကျန်းမာရေးဌာနသို့ အကြောင်းကြားရန်နှင့် မမှန်သတင်းများ ဖန်တီးဖြန့်ဝေမှုများ မပြုရန် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများအတိုင်း အရေးယူသွားမှာဖြစ်သည်ဟု မတ်လ၂၈ ရက်က မွန်ပြည်နယ် အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

    လက်ရှိ Community Base Facilities Quarantine ဆောင်ရွက်ထားသည့်နေရာ၌ မော်လမြိုင်ခရိုင် ၁၂၁ နေရာတွင် ၁၈၀၀ ဦးကျော်နှင့် သထုံခရိုင်တွင် ၂၃၂ နေရာတွင် ၁၆၀၀ ဦးကျော်တို့သည် ၁၄ ရက်မျှ ကျန်းမာရေးစစ်ဆေးမှုခံယူနေသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရသည်။

    မွန်ပြည်နယ်အတွင်းသို့  မတ်လ ၂၉ ရက်နေ့အထိ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ ၁ သောင်းခွဲကျော်ရှိကြောင်း၊ မတ်လ ၃၀ ရက်နေ့ထိ စောင့်ကြည့်လူနာ ၃ ဦးရှိပြီး ဆေးရုံ၌ ထားရှိသည့် Hospital Quarantine ပြုလုပ်ထားသူ ၄၂ ဦး ရှိနေကြောင်း သတင်းရရှိသည်။

    သို့ရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် နောက်ထပ်ဝင်ရောက်လာမည့်သူများအတွက် ထိန်းချုပ်ကန့်သတ်စောင့်ကြည့်မှု Quarantine ပြုလုပ်ရန် နေရာထိုင်ခင်းများ ထပ်မံတိုးချဲ့စီစဉ်ဆောင်ရွက်နေဆဲဖြစ်သည့်အတွက် နယ်စပ်ဂိတ်များမှ ပြန်လည်ဝင်ရောက် လာမည့်သူများအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ နောက်ထပ် ရက်သတ္တ(၂) ပတ်ခန့် စောင့်ဆိုင်းပြီး လာမည့်ဧပြီလ ၁၅ ရက်နေ့ နောက်ပိုင်းမှသာ ပြန်လည်ဝင်ရောက်ကြပါရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယမန်နေ့က ပန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

    နယ်စပ်ဂိတ်များမှ အစုလိုက်အပြုံလိုက် ပြန်လည် ဝင်ရောက်လာသူ အချင်းချင်းကြားတွင်လည်းကောင်း၊ ပြည်တွင်းတွင် နေထိုင်သူများထံသို့လည်းကောင်း ရောဂါကူးစက်ပြန့်ပွား၍ ကပ်ရောဂါကြီး ဖြစ်ပွားရန် အလားအလာ အလွန်များပြားနေသည့်အတွက် နယ်စပ်ဂိတ်များမှ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက် လာသူများအားလုံးကို မိမိတို့၏ နေရပ်ဌာနေများသို့ တိုက်ရိုက်ပြန်ခွင့် ပြုတော့မည်မဟုတ်ဘဲ နိုင်ငံတော်အစိုးရမှ စီစဉ်ပေးထားသော သတ်မှတ်နေရာများတွင်သာ ထိန်းချုပ် ကန့်သတ် စောင့်ကြည့်မှု (Quarantine) ပြုလုပ်ခြင်းကို (၁၄) ရက် မဖြစ်မနေ ခံယူကြရမည်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

    Photo- ထိုင်းနိုင်ငံ မဲဆောက်မြို့မှ ပြန်လာသောမြန်မာအလုပ်သမားများ (သာသနာနွယ်ဖောင်ဒေးရှင်း)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks