Sunday, March 15, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးကပ်ရောဂါ ဖြစ်ပွားနေချိန် စစ်ပွဲများ ရပ်တန့်ပေးရန် အရပ်ဖက်အဖွဲ့အစည်းများ ပူးတွဲကြေငြာ

    ကပ်ရောဂါ ဖြစ်ပွားနေချိန် စစ်ပွဲများ ရပ်တန့်ပေးရန် အရပ်ဖက်အဖွဲ့အစည်းများ ပူးတွဲကြေငြာ

    -

    မင်းသစ္စာခိုင် (မတ်လ ၃၁)

    Covid-19 (ကိုရိုနာဗိုင်းရပ်စ်) ကပ်ရောဂါကာလအတွင်း အရှေ့တောင်အာရှနိုင်ငံများတွင် လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် စစ်ပွဲများအားလုံးအပစ်အခတ်ရပ်စဲကြပါရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က အာစီယံအဖွဲ့ဝင် အစိုးရများကို တိုက်တွန်းချက်အပေါ် အရပ်ဘက်ပြည်သူအဖွဲ့အစည်းများ၏ ပူးတွဲကြေငြာချက်ကို မတ်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

    အရပ်ဖက်အဖွဲ့အစည်း ၂၆၆ ဖွဲ့က ပူးပေါင်းပါဝင်သော ကြေငြာချက်တွင်  အစိုးရအနေဖြင့် လူသားလုံခြုံရေးနှင့် ပဋိပက္ခဖြစ်တန်ခြေအသိသတိကို အခြေခံမူများအဖြင့် ကျင့်သုံးကာ လူ့အခွင့်အရေးဥပဒေများ၊ စံချိန်စံညွှန်းများနှင့်အညီ တုံ့ပြန်ဆောင်ရွက်ရန်နှင့် ပဋိပက္ခဖြစ်ပွားရာဒေသမှ ဒုက္ခသည်များ၊ နိုင်ငံရေးခိုလှုံခွင့်တောင်းသူများ၊ နိုင်ငံမဲ့များ၊ နေရပ်စွန့်ခွာသူများ မသန်စွန်းများ၊ အမျိုးသမီးများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ အစရှိသည့် ရပ်ရွာပြည်သူများအား ရောဂါကြောင့် ပို၍ ထိခိုက်နိုင်ပုံကို အလေးနက်သတိထားဆောင်ရွက်ရန်ဟု ဖော်ပြပါရှိသည်။

    “လက်ရှိမှာ ရခိုင်တို့ ရှမ်းပြည်နယ်တို့ စစ်ပွဲရှိနေတယ်လို့ ကြားရတာပေါ့။ ဒီလိုအချိန်မျိုးမှာ စစ်ပွဲတွေ ရပ်တန့်စေချင်တာပေါ့။ အတိဒုက္ခရောက်တဲ့သူတွေကလည်း စစ်ကိုပဲ ရှောင်ရမှာလား။ ရောဂါဘေးကို ကာကွယ်ရမှာလားဆိုတဲ့ဟာကို တော်တော်လေး ရှုပ်ထွေးတဲ့အချိန်ဖြစ်နေတာပေါ့။ အခုအချိန်မှာ စစ်ပွဲဆိုတာထက် Covid ကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကို အဓိကထားစေချင်တယ်” ဟု ထုတ်ပြန်ကြေငြာချက် ပြောရေးဆိုခွင့် တာဝန်ခံ ကိုသတိုးအောင် ပြောသည်။

    လက်ရှိအချိန်တွင် စစ်ဆင်ရေးတိုးမြှင့်လာမည်ကို မလိုလားပါကြောင်းနှင့် မည်သည့်ဒေသကိုမဆို စစ်ပွဲတွေ ရပ်ဆိုင်းပေးရန် တောင်းဆိုပါကြောင်း သူကဆက်ပြောပါသည်။

    တိုးတက်သော နိုင်ငံများတွင်လည်း Covid-19 ကို တုန့်ပြန်နိုင်ရန် ကြိုးစားနေချိန်တွင် ပြင်ဆင်မှုနှင့် ထောက်ကူပြပစ္စည်းအားနည်းသော မြန်မာနိုင်ငံတွင် ရောဂါကပ်ဘေးဆိုးရွားမည်ကို ပြည်သူအများ စိုးရိမ်လျက်ရှိသည်။

    ကပ်ဘေးကို ထိန်းချုပ်ရန် လိုအပ်သော အလုပ်မှန်သမျှကို အရှိန်အဟုန်မြှင့်ပြီး အများနှင့်အတူ ရင်ဆိုင်နေရသော ယခုပြဿနာကို ဖြေရှင်းရန် ကောင်းမွန်ထိရောက်သော အဖြေရှာကြရန် အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုထားသည်။

    “လက်ရှိအနေအထားမှ ဒီရောဂါက အရေးကြီးတဲ့အချိန်ဖြစ်တယ်။ အစိုးရအနေနဲ့ စစ်ဘက်ဆိုင်ရာကိစ္စမှာ အပစ်အခတ်ရပ်စဲထားဖို့ သင့်တယ်။ စစ်ပွဲဆက်ဖြစ်နေမယ်ဆိုရေင် အစိုးရရော၊ တပ်မတော်ရော တိုင်းရင်းသားဘက်ကရော ဒီရောဂါအပေါ်မှာ ဘယ်လိုမှ စီမံခန့်ခွဲနိုင်မှာမဟုတ်ဘူး။ စီးပွားရေး၊ ဖွံ့ဖြိုးရေးအပိုင်းရော ထိခိုက်သွားနိုင်တယ်။ ဒါကြောင့် စစ်ပွဲတွေ ရပ်စဲထားရမယ်” ဟု မွန်အမျိုးသမီးအစည်းအရုံး MWO ဥက္ကဋ္ဌ မိကွန်းချမ်းနွန်က ပြောသည်။

    စစ်ပွဲများ ရပ်စဲပြီး Covid-19 ရောဂါကာကွယ်ရေးအတွက် စနစ်တကျ တုန့်ပြန်ပြီး အလေးထားဆောင်ရွက်ရန်နှင့် လက်ရှိအကျပ်တည်းကာလတွင်ပင် စစ်ဆင်ရေးတိုးမြင့်လာမည်ကို စိုးရိမ်ကြောင်း သူမက ဆက်ပြောသည်။

    UNHCR ၏အဆိုအရ ၂၀၁၇ ခုနှစ်တွင် အရှေ့တောင်အာရှ၌ စစ်ပွဲများကြောင့် ဒုက္ခရောက်ကြသူ ၃.၃၇ သန်း ခန့်မှန်းခြေ ၁.၄၆ သန်းက ဒုက္ခသည်များဖြစ်ကြကြောင်း၊ နိုင်ငံတစ်ခုခုတွင် ခိုလှုံခွင့်တောင်းခံသူ ၇၅,၀၀၀ ခန့်ရှိပြီး ၁.၁၇ သန်းမှာ နိုင်ငံမဲ့များဖြစ်ကြပြီး နေရပ်စွန့်ခွာသူ (၆၆၀,၀၀၀) ကျော်ရှိကြောင်း အဆိုပါ ကြေငြာချက်တွင် ဖော်ပြထားသည်။

    Photo-အရပ်ဖက်အဖွဲ့အစည်း ၂၆၆ ဖွဲ့၏ပူးတွဲကြေငြာချက်(Copy)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks