spot_img
Monday, February 23, 2026
More
    spot_img
    Homeသတင်းနိုင်ငံခြားမှ ပြန်ရောက်လာသူများအနေဖြင့် ညွှန်ကြားချက်အတိုင်း Home Quarantine လုပ်ဆောင်ရန် လိုအပ်ဟုဆို

    နိုင်ငံခြားမှ ပြန်ရောက်လာသူများအနေဖြင့် ညွှန်ကြားချက်အတိုင်း Home Quarantine လုပ်ဆောင်ရန် လိုအပ်ဟုဆို

    -

    ရန်လင်းအောင် (မော်လမြိုင်၊ မတ်၂၅)

    နိုင်ငံခြားမှ ပြန်ရောက်လာသူများအနေဖြင့် Home Quarantine လုပ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားသည့်အတိုင်း လိုက်နာဆောင်ရွက်ရန် လိုအပ်သည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောကြားသည်။

    မတ်လ ၂၃ရက်နေ့က COVID 19 အသက်ရှုလမ်းကြောင်းဆိုင်ရာ ဖြစ်ပွားရာဒေသမှ ပြန်ရောက်လာသည့် သူတွေအနေဖြင့် မိမိနေအိမ်တွင် နေထိုင်စဉ် လိုက်နာဆောင်ရွက်ရမည့် အချက်များကို မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး Facebook Page တွင် ထုတ်ပြန်ထားသည်။

    “အဓိကက ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကြေငြာချက်ကို ပြည်သူအများ ကျယ်ကျယ်ပြန့်ပြန့် သိရှိဖို့ရယ် Home Quarantine လုပ်မယ်ဆိုရင် ဆောင်ရွက်ရမယ့် အချက် ၉ ချက်ကို တိတိပပ ထပ်လိုက်နာပေးဖို့ လိုအပ်တယ်” ဟု ဦးမြင့်သန်းဝင်းက ဆိုသည်။

    အဆိုပါ ထုတ်ပြန်ကြေငြာချက်များကို လိုက်နာဆောင်ရွက်ဖို့အတွက် ခရိုင်၊မြို့နယ် ၊ရပ်/ကျေး အုပ်ချုပ်ရေးမှူး အဆင့်အထိ ညွှန်ကြားထားပြီဖြစ်သည်ဟု ၎င်းကဆိုသည်။

    နိုင်ငံခြားမှ ပြန်ရောက်လာသူများအနေဖြင့် နေအိမ်တွင် Home Quarantine ၁၄ ရက်ကို မဖြစ် မနေလိုအပ်သည်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(တိုးချဲ့ကာကွယ်ဆေး/ကူးစက်) ဒေါက်တာဝင်းပပဌေးက ပြောသည်။

    “ကျန်းမားရေးဝန်ကြီးဌာနကလည်းထုတ်ပြန်တယ်ပေါ့နော် ပြန်လာတဲ့ သူတွေကို Home Quarantine ပေါ့ သီခြား ၁၄ ရက် နေကိုနေရမယ် ပါတဲ့အချက်အလက်တွေကိုလည်း ထိန်းသိမ်းပြီးတော့ ဒီအတိုင်းပဲနေထိုင်မယ် Home Quarantineကို နေကိုနေထိုင်ရမယ်ပေါ့” ဟု ဒေါက်တာဝင်းပပဌေးက ပြောသည်။

    ယင်းကဲ့သို့ နေအိမ်အတွင်း ၁၄ ရက် Home Quarantine လုပ်ဆောင်ရာ၌ သီခြားအခန်း ခွဲခြားနေထိုင်ရပြီး နေအိမ်မိသားစုများနှင့် ၆ ပေခန့်အကွာတွင် နေထိုင်ရမှာလည်း ဖြစ်သည်။

    တစ်ကိုယ်ရေ သန့်ရှင်းမှုနှင့် လက်ကို စင်ကြယ်အောင် ဆေးရန်နှင့် စောင့်ကြည့်ကာလအတွင်း လူစုလူဝေး ရှိရာနေရာတွင် သွားရောက်ခြင်း ရှောင်ဖို့လိုပြီး ရောဂါလက္ခဏာ တစ်စုံတစ်ရာရှိပါက ကျန်းမာရေးဌာနသို့ ချက်ချင်း အကြောင်းကြားရန် လိုအပ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
    မတ်လ ၂၄ ရက်နေ့အထိ မွန်ပြည်နယ်တွင် Hospital Quarantine ၁၀ ဦးရှိပြီး ၊ Home Quarantine ၅ ထောင့် ၅ ရာခန့် ရှိနေသည်။

    မတ်လ၂၅ ရက်အထိ မြန်မာနိုင်ငံတွင် Covid-19 ရောဂါပိုး တွေ့ရှိသူ၃ ဦး၊ ဓါတ်ခွဲ အဖြေစောင့်ဆိုင်းသူဦးရေ ၂၆ ဦးနှင့် စောင့်ကြည့် သံသယလူနာဦးရေ ၂၃၈ ဦး ရှိနေပြီ ဖြစ်သည်။
    Caption- မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသူများ (Facebook)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks