spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းအရည်အသွေး အချိန်အတွယ် မပြည့်မီသည့် စက်သုံးဆီရောင်းချနေမှုများကို အရေးယူဆောင်ရွက်မည်

    အရည်အသွေး အချိန်အတွယ် မပြည့်မီသည့် စက်သုံးဆီရောင်းချနေမှုများကို အရေးယူဆောင်ရွက်မည်

    -

    ရန်လင်းအောင် (မော်လမြိုင်၊ မတ်၁၂)

    စက်သုံးဆီအရည်အသွေး  အချိန်အတွယ်မပြည့်မီဘဲ ရောင်းချနေသည့် စက်သုံးဆီဆိုင်များကို ရေနံနှင့် ရေနံထွက်ပစ္စည်း ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း ပြည်နယ်ရောင်းဝယ်ရေးအရာရှိ (မွန်/ကရင်ပြည်နယ်) ဦးမောင်မောင်စိုးက ပြောကြားသည်။

    “ခု ၂၀၂၀ မှာ စစ်တဲ့ဆိုင် မိခဲ့လို့ရှိရင် ကျိန်းသေပေါက် ဥပဒေအရ အရေးယူရတော့မယ် ရဲစခန်းမှာ သွားပြီးတော့ ရေနံဥပေဒ ၃၉ အရ ဒီဆိုင်တွေသည် ဘယ်နေ့မှာစစ်ဆေးတာဒီလိုတွေ့ရှိတာကြောင့် ဘယ်လိုအရေးယူဆောင်ရွက်ပါ” ဟု ၎င်းကဆိုသည်။

    ၂၀၁၈-၁၉ ခုနှစ်များတွင် မွန်ပြည်အတွင်းရှိ စက်သုံးဆီဆိုင်၂၈ ဆိုင်ကို အရည်အသွေးနှင့် အချိန်အတွယ်ပြည့်မီမှုရှိမရှိကို မွန်ပြည်နယ် ရေနံနှင့် ရေနံထွက်ပစ္စည်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီမှ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

    ယင်းစစ်ဆေးမှုများတွင် အရည်အသွေးပြည်မီမှုမရှိသည့် ဆိုင် ၁၄ ဆိုင်နှင့် အချိန်အတွယ်ပြည့်မီမှုမရှိသည့် ဆိုင် ၅ ဆိုင်ကို ဒဏ်ကြေး ၅ သိန်းမှ ၁၀ သိန်းအထိ အရေးယူမှု ရှိခဲ့သည်။

    ရေနံနှင့် ရေနံထွက်ပစ္စည်းဥပဒေတွေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိမှု မရှိသေးတာကြောင့်သာ ဒဏ်ကြေးအဖြစ် အရေးယူခဲ့ရတာဖြစ်တယ်ဟု ဦးမောင်မောင်စိုးက ဆိုသည်။

    “ရေနံထွက်ဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် မသိရှိသေးတဲ့အတွက်တစ်ကြောင်း ကုမ္ပဏီကြီးတွေကနေ ဝယ်ယူဖြန့်ဖြူးရတာကို သူတို့ကုမ္ပဏီကြီးတွေ တာဝန်ယူမှုတာဝန်ခံမှု အားနည်းတဲ့ အတွက်ကြောင့်ရော အရည်အသွေး အချိန်အတွယ်စစ်ဆေးမှုကို ကိုယ်တို့က ခုမှစလုပ်တာဆိုတော့ သူများက စစ်ဆေးမခံရတော့ ဥပဒေနဲ့ အရေးယူဖို့က သူတို့က လွတ်နေပြီးတော့ စစ်နေတဲ့သူတွေကသာ လာမိနေတယ်” ဟု ဦးမောင်မောင်စိုးက ဆိုသည်။

    ယင်းကဲသို့ အရေးယူဆောင်ရွက်မှုပြုလုပ်တာကို မိမိတို့အနေဖြင့် ထွေထွေထူးထူး ပြောစရာမရှိကြောင်း မော်လမြိုင် ဈေးကြိုရှိ နီလာရွှေစင် စက်သုံးဆီဆိုင် အရောင်းမန်နေဂျာ ဦးကြည်သန့်ကပြောသည်။

    “စားသုံးသူတွေကို မှန်မှန်ကန်ကန်ရောင်းချရမယ် အဲလိုမလုပ်လို့ သူတို့က လာစစ်လို့ တွေ့ရင် ကျွန်တော်တို့ ဒဏ်ကြေးထိတာတို့ ဥပဒေအရ တရားစွဲတာတို့ ကျွန်တော်တို့ ခံရမှာပဲလေ တရားမစွဲဘူး ဒဏ်ကြေးမကောက်ဘူးဆိုရင် တစ်ဖက်မှာနစ်နာတာက စားသုံးသူတွေပဲလေ  ထွေထွေထူးထူးပြောစရာမရှိပါဘူး အဲလိုလုပ်လို့ ကျွန်တော်တို့ အလုပ်ကိုတော့ ထိခိုက်မှုမရှိပါဘူး” ဟု ၎င်းကဆိုသည်။

    ၂၀၂၀ ခုနှစ်မှစတင်ပြီး စက်သုံးဆီ စံချိန်စံညွှန်း၊အရည်အသွေး အချိန်အတွယ် ပြည့်မီမှုမရှိသည့် ဆီဆိုင်မျာကို ရေနံနှင့် ရေနံထွက်ပစ္စည်း ဥပဒေ ပုဒ်မ ၃၉ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အရေးယူခံရသည့် ဆိုင်များအနေဖြင့် ငွေကျပ် ငါးသိန်းမှ သိန်း ၅၀ ငွေဒဏ်ဖြစ် ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ထောင်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမှာဖြစ်သည်။

    လက်ရှိမွန်ပြည်နယ်မှာ လိုင်စင်ရ စက်သုံးဆီဆိုင် ၁၅၀ ကျော်ရှိပြီး ယမန်နှစ်ကတည်းက လျှောက်ထားဆဲ စက်သုံးဆီဆိုင် ၃၀ ကျော် ရှိနေသည်ဟု မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း ပြည်နယ်ရောင်းဝယ်ရေးအရာရှိရုံး (မွန်/ကရင်ပြည်နယ်)မှ သိရသည်။

    Photo- စက်သုံးဆီပန့်များ(Internet)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks