spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ် တည်ဆောက်ရေးလုပ်ငန်းခွင်ရှိ အချို့စက်ယန္တရားများ လိုင်စင်မရှိဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ပြော

    မွန်ပြည်နယ် တည်ဆောက်ရေးလုပ်ငန်းခွင်ရှိ အချို့စက်ယန္တရားများ လိုင်စင်မရှိဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ပြော

    -

    (မင်းအတွဒ်၊ မော်လမြိုင်၊ ဖေဖော်ဝါရီလ ၁၁)

    မွန်ပြည်နယ် တည်ဆောက်ရေးလုပ်ငန်းခွင်များအတွင်း အသုံးပြုနေသော အချို့စက်ယန္တရားများ(Backhoe) လိုင်စင်မရှိဟု ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ်၂ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ပြောကြားသည်။

    ဖေဖော်ဝါရီလ ၁၀ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၁၅ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့တွင် လုပ်ငန်းခွင်များတွင် အသုံးပြုနေသော စက်ယန္တရားများနှင့် ပတ်သက်ပြီး မေးခွန်းမေးမြန်းရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

    “အထူးသဖြင့်မြေကြီးတူးဖော်ခြင်းလုပ်ငန်းခွင်မှာသုံးနေတဲ့ စက်တွေဟာအများစု လုပ်ငန်းလိုင်စင်မရှိတာတွေ့ရှိရပါတယ် ၊မြေကြီးတူးဖော်မှုလုပ်ငန်းများစွာလုပ်နေတဲ့အတွက် လုပ်ငန်းလိုင်စင်မရှိဘူးလို့”ဟု ဦးဇော်ဇော်ထူးက ဆိုသည်။

    ပြည်နယ်အတွင်း အသုံးပြုလျက်ရှိသည့် အချို့စက်ယန္တရားများသည် နိုင်ငံတော်သို့ အခွန်ပေးဆောင်ပြီး တင်သွင်းလာသည့် စက်ယန္တရားများရှိသကဲ့သို့ နယ်စပ်မှ တရားမဝင်တင်သွင်းလာသော စက်ယန္တရားများလည်း ရှိသည်ဟု ဦးဇော်ဇော်ထူးက ဆိုသည်။

    သို့ရာတွင် မွန်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက “ကျွန်တော်တို့ အနေနဲ့ လက်ရှိပြဠာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါတယ်” ဟု ဆိုသည်။

    မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံကော်မရှင် MIC ခွင့်ပြုထားသည့် ပစ္စည်းပမာဏထက် တင်သွင်းလိုပါက သက်ဆိုင်ရာ ဥပဒေအရ တင်သွင်းရမည်ဖြစ်ကြောင်း၊ ၂၀၁၀ ခုနှစ် စက်တင်ဘာလမှစတင်ပြီး ကုန်လမ်းပို့ဆောင်ရေး ညွှန်းကြားမှုဦးစီးဌာနမှာ စက်ယန္တရား ၁၈ မျိုးကို အဌါးယာဉ်အဖြစ် မှတ်ပုံတင်ဆောင်ရွက်ပေးခဲ့ကြောင်း ဦးထွန်းဌေးက ဆက်ပြောသည်။

    အကောက်ခွန် ပလန ဥပဒေ ၁၆၇ / ၈ အရ တရားမဝင်တင်သွင်း တင်ပို့မည့်ပစ္စည်းများအား ပြည်သူ့ဘဏ္ဍားငွေအဖြင့်  သိမ်းယူ (သို့မဟုတ်) ၁၈၃ အရ ဒဏ်ငွေရိုက် အရေးယူဆောင်ရွက်သွားမည်ဟု သိရသည်။

    Photo- လိုင်စင်မယ့် စက်ယန္တရားအချို့( MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks