spot_img
Sunday, May 5, 2024
More
    spot_img
    Homeသတင်းမတ်လကုန်အထိကျောင်းတက်ရခြင်းသည် နွေရာသီတိုင်းရင်းသားစာပေသင်ကြားရေးကိုလည်းထိခိုက်ဟုဝေဖန်

    မတ်လကုန်အထိကျောင်းတက်ရခြင်းသည် နွေရာသီတိုင်းရင်းသားစာပေသင်ကြားရေးကိုလည်းထိခိုက်ဟုဝေဖန်

    -

    မွန်သတင်းအေဂျင်စီ(ဇန်နဝါရီ ၁၇)

    အခြေခံပညာစာသင်ကျောင်းများအား မတ်လကုန်အထိကျောင်းတက်ရမည့် ပညာရေးဝန်ကြီးဌာန၏ မူဝါဒသည် ကျောင်းဆရာများနှင့်ကျောင်းသားမိဘများအတွက်အခက်အခဲရှိသလို နွေရာသီတိုင်းရင်းသားစာပေသင်ကြားရေးကိုလည်း ထိခိုက်စေကြောင်း မွန်အမျိုးသားပညာရေးကော်မတီ MNEC ပရိုဂရမ်ဒါရိုက်တာ ဆရာမင်းအောင်ဇေက ဝေဖန်လိုက်သည်။

    ဆရာမင်းအောင်ဇေက “တစ်နှစ်အတွက်သင်ရိုးရေးဆွဲထားတာက ဖေဖော်ဝါရီလကုန်အထိပဲ အခုမတ်လ တစ်လထပ်တိုးလိုက်တော့ သူများအတွက် အခက်အခဲဖြစ်ကုန်ပြီပေါ့၊ ကျွန်တော်တို့ရဲ့ နွေရာသီမွန်စာသင်ကျောင်းအတွက်သာမကဘူး၊ ဆရာ၊ ဆရာမပါ အခက်အခဲဖြစ်စေတယ်၊ ကျောင်းမှာ ဘာသွားလုပ်လဲ ဆရာမတွေဟာ ကလေးတွေကို ထိန်းဖို့မဟုတ်ဘူး ကလေးတွေကို စာသင်ပေးတဲ့ လူပါ၊ အခုက ကျောင်းမှာ ကလေးတွေကို သွားထိန်းခိုင်းတဲ့ သဘောမျိုး သက်ရောက်တယ်”ဟု ဆိုသည်။

    ယင်းကဲ့သို့ မတ်လကုန်အထိ စာသင်ချိန်တိုးလိုက်သည့်အပေါ် တိုင်းနှင့် ပြည်နယ်အသီးသီးရှိ ပညာရေးကောလိပ်များမှ ကျောင်းသားများသမဂ္ဂက ဖဲကြိုးစိမ်းကမ်ပိန်းပြုလုပ်ကာ ဆက်လက်ကန့်ကွက်လျက်ရှိသည်။

    “အခုဟာက ကျွန်တော်တို့ နွေရာသီ မွန်စာပေသင်တန်းတွေကိုပါ ထိခိုက်တယ်၊ အစိုးရကျောင်းမှာ စာသင်ကြားနေတဲ့ မွန်လူမျိုးခလေးတွေ သိန်းနဲ့ချီရှိတယ်၊ နှစ်စဉ်နှစ်တိုင်း နွေရာသီကျောင်းပိတ်တဲ့ကာလမှာ သူတို့ကို မွန်စာသင်ကြားပေးတဲ့ အစီအစဉ်တွေရှိတယ်” ဟု ဆရာမင်းအောင်ဇေက ပြောသည်။

    ထို့ပြင် ဘားအံပညာရေးကောလိပ်တွင် ယမန်နေ့ကလည်းကောင်း၊ မော်လမြိုင်ပညာရေးကောလိပ်၌ ဇန်နဝါရီ ၁၃ ရက်နေ့ကလည်းကောင်း မတ်လကုန်အထိစာသင်ချိန်တိုးမြင့်ခြင်းအပေါ် ဖဲကြိုးစိမ်းကမ်းပိန်းပြုလုပ်၍ သက်ဆိုင်ရာကျောင်းသားများသမဂ္ဂမှ ကန့်ကွက်ခဲ့ကြသည်။

    “လစာယူထားတာ မှန်ပါတယ်၊ ဆရာ၊ ဆရာမတွေမှာလည်း သူတို့အလုပ်နဲ့ သူတို့ ထောင့်စေ့နေတယ်၊ ကျောင်းသုံးလပိတ်လည်း သူတို့တွေက သင်တန်းတက်ရတယ်၊ သင်တန်းပြီးတော့ အခုဆိုလို့ရှိရင် သင်ရိုးသစ်တွေပေါ်လာတော့ သင်ရိုးသစ်အတွက်လည်းပြင်ဆင်ရတယ်၊ သင်ရိုးဟောင်းနဲ့လည်း ချိတ်ဆက်ပြီးသင်နေရသေးတယ်”ဟု  မော်လမြိုင်ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂ အတွင်းရေးမှူး ထူးထူးအောင်က ပြောသည်။

    သို့ရာတွင် မတ်လ ၃၁ ရက်နေ့အထိကျောင်းတက်ခြင်းသည် စာသင်ချိန်ပြောင်းလဲခြင်းမဟုတ်ဘဲ မူလသတ်မှတ်ထားသည့်ကာလအတိုင်း အပြည့်အဝကျောင်းတက်စေဖို့ စီစဉ်ခြင်းဖြစ်ကြောင်း၊ ဆရာများအနေဖြင့် မတ်လ ၃၁ ရက်နေ့အထိ ကျောင်းတက်ရမည့်တာဝန်ရှိကြောင်း၊ နွေရာသီကျောင်းပိတ်ရက်မှာ ဧပြီနှင့် မေ ၂ လသာဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက မီဒီယာများသို့ ပြောကြားခဲ့သည်။   

    ၂၀၁၉-၂၀၂၀ စာသင်နှစ်တွင် Grade 5, Grade 9, Grade 11 မှလွဲ၍ အခြေခံပညာအတန်းများ၏ ကျောင်းတက်ကာလသည် မတ်လ ၃၁ ရက်နေ့အထိဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည်။

    Photo- နွေရာသီမွန်စာပေသင်တန်း စာမေးပွဲ(MNA)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,100SubscribersSubscribe
    spot_img

    Latest posts