Tuesday, March 10, 2026
More
    spot_img
    Homeသတင်းလူ ၇၀ ကျော်သေဆုံးခဲ့သည့် မလတ်တောင်တောင်ပြိုကျမှု ၅ လပြည့်ကျမ်းဂန်ဖတ်ဆုတောင်းပွဲပြုလုပ်

    လူ ၇၀ ကျော်သေဆုံးခဲ့သည့် မလတ်တောင်တောင်ပြိုကျမှု ၅ လပြည့်ကျမ်းဂန်ဖတ်ဆုတောင်းပွဲပြုလုပ်

    -

    မင်းအတွဒ်(ပေါင်၊ ဇန်နဝါရီလ ၉)

    ပြီးခဲ့သည့်မိုးရာသီအတွင်း လူ ၇၀ ကျော်သေဆုံးခဲ့သည့် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာ မလတ်တောင် တောင်ပြိုကျမှုတွင် သေဆုံးခဲ့သူများအတွက် ရည်စူးပြီး မိသားစုဝင်များမှ ကျမ်းဂန်ဖတ် ဆုတောင်းပွဲကို ဇန်နဝါရီလ ၉ ရက်နေ့က ပြုလုပ်ခဲ့သည်။

    သေဆုံးခဲ့သူများကို အောက်မေ့တမ်းတပြီး ဆုတောင်းပွဲလုပ်ဆောင်ခြင်းဖြစ်ကြောင်း ဦးဆောင်ပြုလုပ်သည့် ကိုထွန်းအောင်က ဆိုသည်။

    ကိုထွန်းအောင်က “ကျွန်တော်တို့မှာ အခုအချိန်ထိ အစိုးရကနေပြီး သီးသန့်ထောက်ပံ့မှုတွေ မရရှိသေးဘူး၊ ဒုသမ္မတလာတုန်းက ပေးသွားတဲ့ ငွေငါးသိန်းတောင် ကျွန်တော်တို့ လက်ထဲကို လက်ဝယ်မရောက်ရှိသေးဘူး သတင်းပေါ်မှာ စဖြစ်ဖြစ်ချင်းမှာ လိုင်းပေါ်မှာ ဧရာဝတီဖောင်ရေးရှင်းက  အိမ်ထောင်စု ၂၇ စုကို သိန်း၂၇၀လှူသွားပါတယ်ဆိုတာ သတင်းပေါ်မှာပဲ ကျွန်တော်တို့ ဖတ်ရတယ်” ဟု ဆိုသည်။

    မလတ်တောင်ပြိုကျမှုသည် ၅ လကြာမြင့်ခဲ့ပြီဖြစ်သော်လည်း အစိုးရထံမှ သီးသန့်ထောက်ပံ့မှုများ မရရှိသေးကြောင်း သေဆုံးသူ မိသားစုတွေက ဆိုသည်။

    အိမ်ထောင်စု စာရင်းခွဲထွက်ထားခြင်း မရှိသောကြောင့် အစိုးရ၏ ထောက်ပံ့ကြေးများ မရရှိခဲ့ကြောင်း မြေပြိုကျမှုကြောင့်နစ်နာခဲ့သူ ဒေါ်ချိုချိုဝင်းက ဆိုသည်။

    ဒေါ်ချိုချိုဝင်းက “ကွမ်းသီးရုံထဲမှာ ကျွန်မနေတယ် ကျွန်မတို့ဟာကျွန်မတို့နေတယ်၊ အမေတို့ဟာ အမေတို့နေတယ်၊ ကျွန်မစီးပွားရေး ကျွန်မလုပ်စားတယ် ဈေးကြီးမှာ ကွမ်းသီးဆိုင်ဖွင့်ထားတယ်၊ ကျွန်မမှာ နေစရာမရှိဘူး၊ ကျွန်မမိသားစုခြံထဲမှာ နေတယ်၊ ကိုယ့်အိုး ကိုယ့်ခွက်နဲ့နေတယ် စာရင်းမရှိဘူး၊ သူတို့က ကွမ်းသီးရုံစာရင်းထဲထည့်ထားတယ်တဲ့၊ ကျွန်မမိဘက မိဘစာရင်း၊ ကျွန်မဟာကျွန်မပေါ့ သန်းခေါင်စာရင်းမရှိရင် မရဘူးတဲ့ သန်းခေါင်စာရင်းက ဘယ်သူဆီမှာမှ မရှိတော့ဘူး၊ အိမ်ထောင်စုနဲ့ သူတို့ကောက်မှ ရမှာပေါ့”ဟု ပြောသည်။

    လက်ရှိတွင် တခြားသူများ၏ နေအိမ်တွင်နေထိုင်နေရရသည့်အတွက် အခက်အခဲများစွာ ရှိနေသည်ဟု မြေပြိုကျမှုကြောင့် မိသားစုဝင်နှင့် နေအိမ်ပျက်စီးသွားခဲ့သည့် ဒေါ်ခင်မာဦးက ဆိုသည်။

    “သူများအိမ်မှာ နေနေရတာပေါ့ ဒီကမောင်းထုတ် ဟိုကိုပြေး၊ ဟိုကမောင်းထုတ် ဟိုးကိုပြေးပေါ့ အိမ်မရှိတော့ ဘယ်လိုပြောမလဲ သူများအိမ်မှာ လျှောက်တောင်းပြီး နေရတာပေါ့ အခုဆိုသုံးအိမ်လောက်မြောက်သွားပြီ”ဟု ဒေါ်ခင်မာဦးက ပြောသည်။

    ၂၀၁၉ ခုနှစ် ဩဂုတ် ၉ က မလတ်တောင် တောင်ပြိုကျမှုဖြစ်စဉ်တွင် နေအိမ်ပျက်စီးခဲ့သည့်ဒေသခံများက ယခင်နေရာပြန်ပေးရန် မွန်ပြည်နယ်လွှတ်တော်သို့ အသနားခံစာ တင်ပြတောင်းဆိုခဲ့သော်လည်း မွန်ပြည်နယ်  အစိုးရအဖွဲ့အနေဖြင့် ယခုနေရာ တောင်ထပ်ပြိုနိုင်သည့်အခြေအနေကြောင့် နေထိုင်ခွင့် ပေးအပ်တော့မည်မဟုတ်ကြောင်း သတင်းရရှိသည်။

    Photo- အစ္စလာမ်ဘာသာဝင်များက ကျမ်းဂန်ဖတ်ဆုတောင်းပွဲပြုလုပ်စဉ်(MNA)

    Photo- ပြိုကျခဲ့သည့် မလတ်တောင်(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks