spot_img
Monday, February 24, 2025
More
    spot_img
    Homeသတင်းမော်လမြိုင်တွင် ပျောက်ဆုံးနေသည့် ဆရာဝန်သားအဖရုပ်အလောင်းကို အတ္ထရံမြစ်ထဲ ရှာဖွေတွေ့ရှိ

    မော်လမြိုင်တွင် ပျောက်ဆုံးနေသည့် ဆရာဝန်သားအဖရုပ်အလောင်းကို အတ္ထရံမြစ်ထဲ ရှာဖွေတွေ့ရှိ

    -

    ကြယ်နီ (မွန်မြေ-ဒီဇင်ဘာ ၂၄)

    ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်နေ့ညကတည်းက မော်လမြိုင်မြို့တွင် ပျောက်ဆုံးနေသည့် ဒေါက်တာအေးဇော်ထွန်းနှင့် သားဖြစ်သူ မောင်စသုတမွန်တို့၏ ရုပ်အလောင်းကို စီးနင်းသည့်မော်တော်ကားနှင့်အတူ ညောင်ပင်ဆိပ်-မျှော်လင့်ဆိပ်အနီး အတ္တရံမြစ်၌ ယနေ့တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

    “ပျောက်ဆုံးတဲ့ ည ၁၁ နာရီကျော်ကျော်လောက်က CCTV မှတ်တမ်းအရ ဒီဘက်ကိုထွက်သွားတယ်ပေါ့၊ အဲဒါကို အခြေခံပြီး ကျွန်တော်တို့ ရှာဖွေတယ်၊ ရှာဖွေတဲ့အချိန်မှာ ရေအကျဘက်ပေါ့နော် ဆင်းသွားမယ့်ဘက်ကို ရှာတယ် မတွေ့ဘူး၊ ရေအတက်ဘက် ရေဆန်ဘက်မှာ ရှိနိုင်တယ်ဆိုပြီးတော့ ပြန်ရှာကြည့်တော့ မော်တော်ကားကို ပက်လက်အနေအထားနဲ့ တွေ့ရှိခဲ့တယ်” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုဘိုဘိုဝင်းက ပြောသည်။

    CCTV မှတ်တမ်းအရ ၎င်းတို့ သားအဖ နှစ်ဦး စီးနှင်းသည့် 3L-9150 ကားသည် ဧရာဝတီ စားသောက်ဆိုင်မှ ထွက်လာပြီးနောက် အိမ်အပြန်လမ်းတွင် နေအိမ်ကိုကျော်လွန်လာခဲ့ကြောင်း၊ လမ်းအဆုံး၌ အတ္တရံမြစ်ရှိနေကြောင်း၊ တစုံတရာ ကာရံထားခြင်းမရှိသည့်အတွက် မော်တော်ကားရေထဲသို့ ကျသွားသည်ဟု ယူဆစရာရှိကြောင်း ကိုဘိုဘိုဝင်းက ဆိုသည်။

    “ဒီနေ့မနက်မှာ မြစ်ထဲကို ဆင်းငုပ်ရှာပါတယ်။ ဆင်းငုပ်တဲ့အချိန်မှာ ပျောက်ဆုံးနေတုန်းက ပါသွားတဲ့ ကားနံပါတ်နဲ့အရောင်လည်းတူတယ်။ ကားထဲမှာလည်း ကလေးအလောင်းနဲ့လူအလောင်းတွေ့တယ်ဆိုတော့ ပျောက်ဆုံးနေတဲ့ ဒေါက်တာအေးဇော်ထွန်းရဲ့ကားဆိုတာ ကောက်ချက်ချလို့ရပါတယ်” ဟု မော်လမြိုင်မြို့၊ မုပွန်နယ်မြေရဲစခန်းမှူး ဒုရဲအုပ်အောင်နိုင်ဦးက ပြောသည်။

    ယင်းသို့ ပြန်လည်ရှာဖွေတွေ့ရှိသည့် ဆရာဝန်နှင့် သားရုပ်အလောင်းကို မော်လမြိုင်ပြည်သူ့ဆေးရုံ ရဲခွဲရုံသို့ပိုဆောင်ထားပြီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

    Photo- အတ္ထရံမြစ်ထဲမှ ပြန်လည်ဆယ်ယူခဲ့သည့် ဆရာဝန်၏မော်တော်ကား(သံလွင်တိုင်းမ်)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    33,200SubscribersSubscribe
    spot_img

    Latest posts