Homeငြိမ်းချမ်းရေးဒီမိုကရေစီအစစ်အမှန်ရရှိပြီးမှသာ ဖက်ဒရယ်စနစ်ကိုဝိုင်းပြီးပုံဖော်ကြမည်ဟု NLD ပြော

ဒီမိုကရေစီအစစ်အမှန်ရရှိပြီးမှသာ ဖက်ဒရယ်စနစ်ကိုဝိုင်းပြီးပုံဖော်ကြမည်ဟု NLD ပြော

-

မွန်သတင်းအေဂျင်စီ(စက်တင်ဘာ ၂၈)

ဒီမိုကရေစီအစစ်အမှန်ရရှိပြီးချိန်မှသာ တိုင်းရင်းသားအင်အားစုများအားလုံး လိုလားသည့်ဖက်ဒရယ်စနစ်ကိုဝိုင်းပြီးပုံဖော်ကြမည်ဖြစ်သလို အဆိုပါဖက်ဒရယ်နိုင်ငံ၏ပုံသဏ္ဌာန်နှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းရမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က ပြောသည်။

ဒေါက်တာမျိုးညွန့်က ‘‘အခု ကိုယ်လိုချင်တာတွေတောင်းနေရင် တစ်ဦးနဲ့တစ်ဦး အမြင်ချင်းမတိုက်ဆိုင်တာရှိပြီး ဘယ်တော့မှရှေ့ကိုရောက်မှာ မဟုတ်ဘူး။ ဒါကြောင့် ဒီမိုကရေစီ အရင်ရအောင် ဝိုင်းပြီးတော့  အားကောင်းကောင်းနဲ့လုပ်မယ်။  ပြီးရင် ဖက်ဒရယ်စနစ်ကို ဝိုင်းပြီး တော့ ပုံဖော်ကြမယ်” ဟု ၃၁ နှစ်ပြည့် NLD ပါတီတည်ထောင်ခြင်းအခမ်းအနားတွင် ပြောသည်။ 

နိုင်ငံတွင် လက်ရှိကျင့်သုံးနေသည့် ဒီမိုကရေစီစနစ်သည် ဒီမိုကရေစီအစစ်မဟုတ်၊ အတု အယောင်သာဖြစ်သဖြင့် အခြေအနေအရ အင်အားကောင်းသော နိုင်ငံရေးအဖွဲ့အစည်းတစ် ရပ် မဖြစ်မနေလိုအပ်နေဆဲဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တည်ထောင်သည့် (၃၁)နှစ်ပြည့်  အခမ်းအနားကို စက်တင်ဘာ ၂၇ ရက်က ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ ပါတီဌာနချုပ်ရုံး၌ ကျင်းပခဲ့ပြီး ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့သည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးလှုပ်ရှားမှုသည် ပြည်ထောင်စုလွှတ် တော်ကစ၍ နိုင်ငံတစ်ဝန်းရှိ ပြည်သူအားလုံးအတွက် အရေး ကြီးသော စိန်ခေါ်မှုဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး လူထုနှင့်အတူ ပူးပေါင်း ခေါင်းဆောင်၍ ဆုံးခန်းတိုင် အောင်မြင် သည်အထိဆောင်ရွက်ရန် သန္နိဋ္ဌာန် ချထားကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် လူထုခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းသာလျှင် မြန်မာ့ဒီမိုကရေစီနိုင်ငံ သစ်ကို မုချပြောင်းလဲနိုင်မည်ဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံ၏  အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အပြောင်းအလဲကို  အမှန်တကယ်  စွမ်းဆောင်နိုင်သည့်ပါတီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သာဖြစ်သည်ဟုNLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ အတွင်းရေးမှူးအဖွဲ့ NLD  ဦးဉာဏ်ဝင်းက ဆိုသည်။

လာမည့် ၂၀၂၀ ရွေး ကောက်ပွဲတွင် မဲဆန္ဒနယ်အားလုံး၌ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် အပြတ်အသတ်အောင်နိုင်ရန် ဗျူဟာရေးဆွဲအကောင်အထည်ဖော်လျက်ရှိသည်။

Photo- ၃၁ နှစ်ပြည့် NLD ပါတီတည်ထောင်ခြင်း ထုတ်ပြန်ချက်(Copy)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts