spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမူးယစ်ဆေးစွဲသူများကို မွန်ပြည်သစ်ပါတီသို့ မိဘကိုယ်တိုင် လာရောက်အပ်နှံမှုများပြား

    မူးယစ်ဆေးစွဲသူများကို မွန်ပြည်သစ်ပါတီသို့ မိဘကိုယ်တိုင် လာရောက်အပ်နှံမှုများပြား

    -

    ရူပါပလွဲ (စက်တင်ဘာ ၅)

    မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင် မူးယစ်ဆေးဝါးထိန်းချုပ်ရေးစခန်းတွင် ဆေးစွဲနေသည့် လူငယ်များကို ၎င်းတို့၏ မိဘကိုယ်တိုင်လာရောက်အပ်မှုက ပိုများကြောင်း မော်လမြိုင်ခရိုင် ဒုဥက္ကဋ္ဌ နိုင်ဂျလွန်းထောက ပြောသည်။

    မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် မွန်ပြည်သစ်ပါတီအနေဖြင့် ရောင်းဝယ်သူများကို တားမြစ်ဖမ်းဆီခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲသူများ၏ အုပ်ထိန်းသူ မိဘကိုယ်တိုင် လာရောက်အပ်နှံခြင်း စသည့် ပုံစံနှစ်မျိုးဖြင့် လုပ်ဆောင်နေကြောင်း သိရသည်။

    “မိဘကိုယ်တိုင်လာအပ်တာက များတယ်၊ အခုခေတ်လူငယ်တော်တော်များက သူငယ်ချင်းတွေနဲ့ပေါင်းပြီး မူးယစ်ဆေးသုံးစွဲလာတာများတယ်၊ မူးယစ်ဆေးသုံးစွဲတာများလာတော့ သူတို့ရဲ့မိဘတွေက အကုန်လုံးမကြည့်နိုင်ဘူး၊ တစ်ချို့ကျတော့ အိမ်မှာ ပြန်သောင်းကျန်းတယ် ပိုက်ဆံတောင်းတာမရတော့ ရရာရိုက်ခွဲတော့ သူတို့မိဘတွေကလာအပ်ကြတယ်”ဟု နိုင်ဂျလွန်းထောက ဆိုသည်။

    ထို့အပြင် မွန်ပြည်သစ်ပါတီသည် မူးယစ်ဆေးဝါးဖမ်းဆီးရာတွင် သတ်မှတ်နယ်မြေထက် ကျော်လွန်ပြီး ဖမ်းဆီးမှုများလေ ရင်ဆိုင်ရသည့်ပြဿနာလည်း များလေဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်မူးယစ်ဆေးဝါးထိန်းချုပ်ရေးစခန်းတွင် မူးယစ်ဆေးဝါးသုံးစွဲသူ ၇၀ ကျော် ထိန်းသိမ်းထားကြောင်း သိရသည်။

    အလားတူ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဖြစ်သည့် ထားဝယ်ခရိုင်၊ ဝယ်ဇင်စခန်းတွင် ယခုအခါ မူးယစ်ဆေးဝါးပြန်လည်ထူထောင်ရေးစခန်းတစ်ခု ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

    မုဒုံမြို့နယ် နိုင်လှုံ-လက်တက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွေးက “မွန်ပြည်သစ်ပါတီကလည်း ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်အောင် ကြိုးပမ်းနေရတယ်၊ မူးယစ်ဆေးဝါးကြောင့် လူငယ်တွေပျက်စီးသွားမှာကို မဖြစ်စေချင်ဘူး၊ မွန်ပြည်သစ်ထိန်းချုပ်နယ်မြေမှာဆိုရင် မွန်ပြည်ပါတီအနေနဲ့လုပ်ဆောင်နိုင်တယ်၊ နောက်ပြီး အစိုးရနဲ့ပူးပေါင်းပြီး လုပ်ဆောင်နိုင်တာလည်းရှိသလို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေမဟုတ်တဲ့နေရာမှာဆိုရင် သက်ဆိုင်ရာတာဝန်ရှိသူတွေကို သတင်းပေးပြီး ဆောင်ရွက်နိုင်ပါတယ်”ဟု ပြောသည်။

    မူးယစ်ဆေးဝါးသုံးစွဲမှုသည် လူငယ်များအကြား တစ်နှစ်ထက်တစ်နှစ်ပိုမိုများပြားလာသည့်အတွက် မူးယစ်ဆေးဝါးတိုက်ဖျက်ရာတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းပါဝင်ပြီး တိုက်ဖျက်ပါက ပိုမိုထိရောက်နိုင်မည်ဟု ၄င်က ယူဆသည်။

    မွန်ပြည်နယ် မူးယစ်ဆေးဝါးဖမ်းဆီးရမှုနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ်တွင် အမှုပေါင်း ၄၀၀ ကျော်နှင့် ၂၀၁၉ ခုနှစ် ဇူလိုင်လအထိ အမှုပေါင်း ၂၆၂ ကျော် ရှိကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ သိရသည်။

    Photo- မူးယစ်ဆေးဝါးမှုဖြင့် မွန်ပြည်သစ်ပါတီ ဖမ်းဆီးထိန်းသိမ်းထားသူများ(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks