spot_img
Monday, January 20, 2025
More
    spot_img
    Homeသတင်းမြေတူးဖော်ခွင့်ပိတ်လိုက်ပါက လုပ်ငန်းများထိခိုက်မည်ကိုစိုးရိမ်

    မြေတူးဖော်ခွင့်ပိတ်လိုက်ပါက လုပ်ငန်းများထိခိုက်မည်ကိုစိုးရိမ်

    -

    စန္ဒာဉာဏ်(မော်လမြိုင်၊ သြဂုတ် ၂၁)

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မြေတူးဖော်ခွင့်ပိတ်မည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်မှ ပြောဆိုလိုက်ခြင်းကြောင့် လုပ်ငန်းအချို့ ထိခိုက်မည်ကို စိုးရိမ်ကြောင်း ပေါင်မြို့နယ်ရှိ မြေတူးလုပ်ငန်းရှင်အချို့က ပြောသည်။

    “စိုးရိမ်မိတယ်ဗျာ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ လက်ရှိလုပ်နေတဲ့လုပ်ငန်းတွေ မပြီးပြတ်သေးဘူး။ တရားဝင်တူးဖော်ခွင့်ရော တရားဝင်တူးဖော်ခွင့် မရထားတဲ့လုပ်ငန်းတွေပါ အကုန်လုံးပိတ်မယ်ဆိုတော့ ကျွန်တော်တို့လည်း စိုးရိမ်မိတယ်ပေါ့” ဟု ပေါင်မြို့နယ်မှ ဂဝံမြေတူးဖော်သည့် လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးသောင်းတင်ဦးက ပြောသည်။

    ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာရှိ မလတ်တောင်ပြိုကျသည့်ဖြစ်စဉ်အပြီး သြဂုတ်လ ၁၀ ရက်နေ့တွင် တောင်များမှမြေကြီးတူးဖော်သည့် လုပ်ငန်းများကို ဥပဒေအရ အရေးယူသွားမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်က မီဒီယာများကိုပြောဆိုခဲ့သော်လည်း အမိန့်ပြန်တမ်းများထုတ်ပြန်ခဲ့သည်ကို မတွေ့ရပေ။

    အစိုးရထံမှ ဂဝံမြေတူးဖော်ခွင့်ကို တရားဝင်လိုင်စင်ယူထားသည့်အတွက် အစိုးရအနေဖြင့် ပြန်လည်စိစစ်ပြီး သုံးသပ်ပေးစေလိုကြောင်း၊ လာမည့်စက်တင်ဘာလတွင် အပြီးသတ်ရမည့် ပေါင်မြို့နယ်ရှိ ကျွဲခြံ-အလှပ်လမ်းပခုံးဖို့ရန် မြေကြီးရရှိရေး ကန်ထရိုက်အနေဖြင့် တာဝန်ယူထားသည့်အတွက် မြေတူးခွင့်ပိတ်လိုက်ပါက အခက်အခဲဖြစ်နိုင်ကြောင်း ဦးသောင်းတင်ဦးက ဆိုသည်။

    ပေါင်မြို့နယ် အလှပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းတင်က “ကန်ထရိုက်တွေက ရတဲ့နေရာသွားယူ ပေးတဲ့နေရာမှာ သွားယူရမှာပေါ့။ မြေကြီးကိစ္စအခက်အခဲကတော့ သူတို့ကန်ထရိုက်တွေနဲ့ လုပ်တဲ့နေရာမှာ ညှိယူပေါ့။ အမှန်က ဒီဟာက ပြီးသွားတာကြာပြီး။ အဲဒီမှာ အချိန်တစ်လခွဲလောက်နားလိုက်ရတယ်” ဟု ပြောသည်။

    အဆိုပါလမ်းသည် အစိုးရဘက်ဂျက်ဖြင့် ဖောက်လုပ်သည့်အတွက် မြေကြီးရရှိရေးကိစ္စနှင့် ပတ်သက်ပြီး မှတ်ချက်မပေးလို်ကြောင်း ၄င်းကပြောသည်။

    မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက “တူးလိုက်ကတည်းကိုက သဘာဝပတ်ဝန်းကျင် ပျက်စီးနေပြီ။ ဒါကို ပေးမတူးတော့ဘူးဆိုရင် ဘာနဲ့လမ်းခင်းမလဲ ဒီပြဿနာတွေကလည်းရှိတယ်။ ကျွန်တော်တို့က ရှိပြီးသားလိုင်စင်ပေါ်မှာ ပြန်သုံးသပ်ပြီးမှ ဘယ်ဟာကတော့ပိတ်မယ် ဘယ်ဟာကတော့ ဆက်မလုပ်ရဘူး စသဖြင့် ဒါတွေကတော့ ရှိမှာပေါ့။ အခုလောလောဆယ် ပိတ်လိုက်တယ်ဆိုတာကိုတော့ ကျွန်တော်တော့ မသိသေးဘူး” ဟု ပြောသည်။

    တောင်ပြိုကျမှုသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပြီး လူတို့၏ပယောဂကြောင့်လည်းဖြစ်နိုင်သော်လည်း အဓိကအကြောင်းရင်းမှာ ပတ်ဝန်းကျင်၏ ရာသီဥတုပြောင်းလဲလာမှုကြောင့်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

    ပေါင်မြို့နယ်တွင် လမ်းခင်းကျောက်ထုတ်လုပ်သည့် တရားဝင်ကျောက်မိုင်း ၂၅ ခုခွင့်ပြုထားသည့်အနက် အနှစ် ၃၀ ထုတ်လုပ်ခွင့်ပြုထားသော ကျောက်မိုင်း ၄ မိုင်းရှိကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မွန်ပြည်နယ် သစ်တောကြိုဝိုင်းအတွင်း ကုမ္ပဏီ ၂၂ ခုနှင့် ဥယျာဉ်ခြံမြေများအတွင်း ကုမ္ပဏီ ၈၈ ခုတို့ကို ကျောက်ထုတ်လုပ်ခွင့် လိုင်စင်ထုတ်ပေးထားကြောင်း မွန်ပြည်နယ် သယံဇာတနှင့် သဘာဝတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ စာရင်းအရ သိရသည်။

    Photo-မြေတူးထားသည့်နေရာတစ်ခု(MNA)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,200SubscribersSubscribe
    spot_img

    Latest posts