Monday, March 16, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်မြို့တွင် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားကျင်းပ

    မော်လမြိုင်မြို့တွင် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားကျင်းပ

    -

    လရီချမ်း (သြဂုတ် ၂၀)

    အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကို မော်လမြိုင်မြို့၊ သံလွင်ဥယျာဉ် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ရှေ့ မြက်ခင်းပြင်၌ သြဂုတ်လ ၂၀ ရက်နေ့က “လူငယ်ထုကြီးပါဝင်ကာ ပညာရေးစနစ်ပြောင်းလဲပါ” ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့သည်။

    အခမ်းအနားတက်ရောက်လာသည့် ကရင်၊ မွန်၊ ဗအိုဝ့် စသည့် တိုင်းရင်းသားလူငယ်များနှင့် မြို့နယ်အသီးသီးက လူငယ်များတို့ အပြန်အလှန်မိတ်ဆက်ခြင်း၊ Team Building Activities များတွင် ယှဉ်ပြိုင်ခြင်း၊ ဆုများ ရယူခြင်း၊ ကျယ်ပြန့်သော လူငယ်ကွန်ရက်များနှင့် ချိတ်ဆက်နိုင်ရန် ပြုလုပ်ကြသည်။

    ဦးဆောင်ကျင်းပသူ မွန်ပြည်နယ် လူငယ်ရေးရာကော်မတီ အတွင်းရေမှူး ကိုကြည်ဇော်လွင်က “နိုင်ငံတစ်နိုင်ငံ ပြုပြင်ပြောင်းလဲဖို့ဆိုရင် လူငယ်တွေက အဓိကပဲလေ။ လူငယ်တွေဟာ ဒီအစီအစဉ်ကနေ တစ်ထောင့်တစ်နေ ရာ ပါဝင်ဖို့လိုတယ်။ ပညာရပ်ဆိုင်ရာ ပြောတဲ့ရှှူထောင့်ကနေလို့ရှိရင် ပညာရပ်ဆိုင်ရာတွေ ပြောမယ်။ ဒါမှမဟုတ် အတွေ့အကြုံတွေ အတွေးအမြင်တွေ ဖလှယ်မယ်နိုင်တဲ့ နေရာတွေကနေ ပါမယ်ဆိုရင် သူတို့ပါလို့ ရတယ်။ လူငယ်အချင်းချင်းပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ်ဆိုရင် လူငယ်တွေအချင်းချင်းပါဝင်ပြီး လုပ်လို့ရတယ်။ အဓိကပါဝင်ရမှာက လူငယ်တွေ ကိုယ်တိုင်ပဲဖြစ်ပါတယ်”ဟု ပြောသည်။

    ထိုပြင် လက်ပန်းချီရေးဆွဲခြင်း၊ မော်လမြိုင်တက္ကသိုလ်ကျောင်းသူ/သားများ၏ သိပ္ပံစီမံချက်နှင့် ဆိုလာကားပြသ ခြင်း၊ လူငယ်နှင့် ကျန်မားရေးဆိုင်ရာ ပြခန်းများ၊ တိုင်းရင်းသားရိုးရာအကများနှင့် တက်ရောက်လာသူများကို ဖျော်ဖြေခဲ့ကြသည်။

    အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ဖြစ်သည့် သြဂုတ်လ ၁၂ ရက်နေ့တွင် မူလကအခမ်းအနား ကျင်းပပြုလုပ်ရန် စီစဉ်ထားသော်လည်း လတ်တလောကြုံတွေ့နေရသည့် မွန်ပြည်နယ်ရေဘေးသင့်မှုကြောင့် ရက်ရွှေ့့ဆိုင်းလိုက်ရကြောင်း၊ ပြည်နယ်ခန်းမတွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း လူငယ်များအားလုံး ပျော်ရွင်စွာ ပါဝင်နိုင်ရေးအတွက် သံလွင်ဥယျာဉ်တွင် ကျင်းပရခြင်းကြောင်းကို လူငယ်ရေးရာကော်မတီအဖွဲ့ဝင် မဇင်ဝင်းမွန်က ပြောသည်။

    အဆိုပါ အခမ်းအနားကို တက်ရောက်သူ မအိစံပယ်ဖြူက “ ဒီပွဲက လူငယ်တွေ ပါဝင်ပြီး ပြုလုပ်တဲ့ပွဲဖြစ်တဲ့အ တွက် အရမ်းပျော်ပါတယ်။ ပြီးတော့ ဒီလိုပွဲမျိုးက နိုင်ငံတကာ ကျင်းပဖို့ လိုအပ်တဲ့ပွဲဖြစ်သလို မြန်မာနိုင်ငံ တိုးတက်ရေးအတွက် အကျိုးပြုမယ်လို့ ထင်ပါတယ်” ဟု ဆိုသည်။

    ယခုနှစ်တွင် ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကို မွန်ပြည်နယ် လူငယ်ရေးရာ ကော်မတီမှ ဦးစီးကာ မွန်ပြည်နယ်အခြေစိုက် လူငယ်အဖွဲ့အစုများမှ ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်ပြီး တက်ရောက်သူပေါင်း ၅၀၀ ကျော်ခန့် တွေ့ရှိရသည်။

    နိုင်ငံ၏မူဝါဒများ ချမှတ်ရာတွင်လည်းကောင်း၊ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများနှင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်းကောင်း၊ လူငယ်များ၏ ပါဝင်မှုအခန်းကဏ္ဍုကို အသိမှတ်ပြုရန်နှင့် မြှင့်တင်ပေးရန်အတွက် သြဂုတ်လ ၁၂ ရက်ကို ကမ္ဘာကုသမဂ္ဂအဖွဲ့ချုပ်က အပြည်အပြည်ဆိုင်ရာ လူငယ်များနေ့ကို သတ်မှတ်လာခဲ့ခြင်းဖြစ်သည်။


    Photo- အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားတွင်
    ပါဝင်လှုပ်ရှားသည့်လူငယ်များ(MNA)


    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks