spot_img
Monday, February 2, 2026
More
    spot_img
    Homeငြိမ်းချမ်းရေး၆၉ နှစ်မြောက် ကရင့်အဇာနည်နေ့အခမ်းအနား ရန်ကုန်မြို့လယ်တွင် ကျင်းပ

    ၆၉ နှစ်မြောက် ကရင့်အဇာနည်နေ့အခမ်းအနား ရန်ကုန်မြို့လယ်တွင် ကျင်းပ

    -

    လရီချမ်း(ရန်ကုန်၊ သြဂုတ် ၁၂)

    (၆၉) နှစ်မြောက် ကရင့်အာဇာနည်အခမ်းအနားကို ရန်ကုန်မြို့လယ်ရှိ မြို့တော်ခန်းမရှေ့နှင့် မဟာဗန္ဓုလပန်းခြံကြား၌ ယနေ့တွင် ကျင်းပခဲ့သည်။

    ၁၉၅၀ ခုနှစ် သြဂုတ်လ (၁၂) ရက်တွင် ကျဆုံးသွားခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ ဥက္ကဌကြီး စောဘဦးကြီး၊ ဗိုလ်ချုပ်စိုင်းကေနှင့် တပ်ဖွဲ့ဝင်တို့အပါအဝင် တော်လှန်ရေးတွင် ဂုဏ်ပြောင်စွာ အသက် ပေးလှူသွားသူများအားလုံးကို ရည်ညွန်းပြီး ချီးကျုဂုဏ်ပြုသောနေ့ဖြစ်သည်။

    အခမ်းအနား စီစဉ်သူ နော်အုန်းလှက “ စောဘဦးကြီးဆိုတာ အန်တီတို့ရဲ့ အမျိုးသားယဉ်ကျေးမှူအမွေအနှစ် တစ်ခုလိုပဲ။ ဒါကြောင့် သူဟာ ကရင်အမျိုးသားရေးအတွက်ကို သူများနဲ့မတူအောင် လုပ်ခဲ့တယ်။ ဒါကြောင့် နောင်လာ နောက်သားတို့ဟာ စောဘဦးကြီးရဲ့ ကျဆုံးတဲ့နေ့ကို ကရင်အာဇာနည်နေ့လို့ သတ်မှတ်လိုက်တဲ့အပေါ်မှာ ကရင်တို့ရဲ့ ရိုးရာ ယဉ်ကျေးမှူကို ဖော်ထုတ်တာ အလေးပြုတာ မသိတဲ့ ကရင်တွေလည်း သိအောင်လို့ ကျင်းပခဲ့တာပါ” ဟု ပြောသည်။

    အခမ်းအနားတွင် ကရင်အမျိုးသားအလံတော်အား အလေးပြုခြင်း၊ အာဇာနည်ပုဂ္ဂိုလ် စောဘဦးကြီး၏ အတ္ထုပ္ပတ္ထုကို ဖတ်ကြားခြင်း၊ ကရင်အမျိုးသားများ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် အသက်စွန့်ခဲ့သွားသည့် အာဇာနည်များကို လွမ်းသူပန်းခွေချ အလေးပြုခြင်းနှင့် ပန်းခြံပတ်၍ အာဇာနည်များကို ဂုဏ်ပြုခဲ့ခြင်း ဖြစ်သည်။

    “အာဇာနည်ဆိုတာ လူတိုင်းက ချစ်ကြတယ်။ ကျွန်တော်တို့ ကရင်လူမျိုးအတွက်ဆိုရင်ပေါ့နော် တန်းတူညီမျှ အခွင့်အရေးရဖို့ ဦးဆောင်ခဲ့တဲ့ စောဘဦးကြီး ကိုယ်တိုင်ကလည်း သူရဲ့နိုင်ငံရေး ယုံကြည်ချက်အတွက် အသက်ပေးသွားတာ” ဟု အဆိုပါအခမ်းအနားကို တက်ရောက်သူ စောအဲလ်ဘတ်ချိုက ပြောသည်။

    အဆိုပါ ကရင့်အာဇာနည်နေ့ အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသား တပ်မတော်(DKBA)၊ ကရင်ပြည်သူ့ပါတီ(KPP)၊ ကရင်အမျိုးသားပါတီ၊ ကရင်အမျိုးသမီး အဖွဲ့အစည်းများနှင့် ကရင်လူငယ် အဖွဲ့စည်းများ စသည့် တက်ရောက်သူပေါင်း ၂၀၀ ခန့်ရှိကြောင်း တွေ့ရသည်။

    ကရင်အာဇာနည်နေ့အခမ်းအနားကို ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်သာမက KNU ထိန်းချုပ်နယ်မြေများ၊ ပြည်တွင်းပြည်ပရှိ နေရာအသီးသီးတို့တွင်လည်း ကျင်းပခဲ့သည်ဟု သိရသည်။


    Photo- ရန်ကုန်မြို့လယ်မှာ ကျင်းပသည့်ကရင့်အာဇာနည်နေ့အခမ်းအနား(Thet Swe Win)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks