spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်အတွင်းရှိ တောင်များတွင် မြေကြီးတူးဖော်လျှင် အရေးယူမည်ဟု မွန်ဝန်ကြီးချုပ်ပြော

    မွန်ပြည်နယ်အတွင်းရှိ တောင်များတွင် မြေကြီးတူးဖော်လျှင် အရေးယူမည်ဟု မွန်ဝန်ကြီးချုပ်ပြော

    -

    မင်းသူရိန်(မော်လမြိုင်၊ သြဂုတ် ၁၁)

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဲဖြူကုန်းကျေးရွာ၊ မရမ်းစမ်းပိုင်းတွင် သြဂုတ်လ ၉ ရက်နေ့ နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်မြေသားများ ပြိုကျခဲ့မှုနှင့် ပတ်သက်၍ မွန်ပြည်နယ်အတွင်းရှိ တောင်များတွင် မြေကြီးတူးဖော်လျှင် အရေးယူမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက သြဂုတ် ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြောကြားသည်။

    “တောင်မှာရှိတဲ့ မြေကြီးတွေကို ကျွန်တော်တို့ မွန်ပြည်နယ်တစ်လျောက်ပေါ့ တူးတာတော့ ကျွန်တော် လုံးဝလက်မခံပါဘူး။ မွန်ပြည်နယ်တစ်လျောက် ဘယ်နေရာမှာမှ တူးခွင့်မရှိပါဘူး။ တူးတာတော့ ကျွန်တော်လုံးဝ လက်မခံဘူး။ တူးတယ်ဆိုလို့ရှိရင် ဥပဒေအရ အရေးယူဖို့ ကျွန်တော် ဆုံးဖြတ်ပြီးသား ဖြစ်တယ်”ဟု ဒေါက်တာအေးဇံက ဆိုသည်။

    ပြိုကျခဲ့သည့်တောင်က သက်နုတောင်ဖြစ်နေပြီး ကျွမ်းကျင်သူများနှင့် ဆွေးနွေးကာ မည်သို့ ကိုင်တွယ်ရမည့်ကို သေချာဆွေးနွေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးလည်း ရောက်ရှိလာသောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ပြည်ထောင်စုက ကျွမ်းကျင်သူများနှင့် တိုင်ပင် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

    “သက်နုတောင်ဖြစ်တဲ့အပြင် တောင်ပေါ်မှာ အက်ကြောင်းတစ်ခုရှိလိမ့်မယ်။ တောခုတ်ထားတာတွေကလည်းရှိတော့ ဒီနေရာက သဘာဝအလျောက် ပြိုကျတာပါပဲ။ မိုးကလည်း နှစ်ရက်ဆက်တိုက် ရွာတာ ၂၈ လက်မရှိတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းမှာ တစ်နှစ်ရွာတာ ၂၈၊ ၃ဝ လက်မရှိနေတဲ့အချိန်မှာ ကျွန်တော်တို့ဆီမှာ နှစ်ရက်ထဲနဲ့ ၂၈ လက်မဆိုတော့ အဲဒါလည်း ထည့်တွက်ရမယ်။ မြေကြီးက နူးပြီးတော့ ပြိုကျတဲ့သဘောပါပဲ။ အောက်ကနေတူးထားတဲ့ နေရာတွေကလည်း တစ်ချို့နေရာတွေက ရေဝပ်တယ်”ဟု ဒေါက်တာအေးဇံက ဆက်ပြောသည်။

    မွန်ပြည်နယ်အစိုးရအနေဖြင့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားပြီး ဘီးလင်းမြစ်ရေ ကြီးမည်ကို ကြိုတင်ပြင်ဆင်ထားပေမယ့် ယခုနေရာ တောင်ပြိုလိမ့်မယ်လို့ မထင်ထားကြောင်း ၎င်းက ဆက်ပြောသည်။

    “အဲဒီနေရာမှာက မြေတူးတဲ့ကိစ္စရှိတယ်၊ အချို့နေရာတွေမှာ မြေတူးရောင်းစားတယ်၊ နှစ်မျိုးပေါ့၊ တစ်ချို့ကျတော့ ခြံဝယ်ပြီး မြေတူးရောင်းစားတယ်”ဟု မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်က ဆိုသည်။

    ပေါင်မြို့နယ်၊ သဲဲဖြူကုန်းကျေးရွာ၊ မရမ်းစမ်းပိုင်းတွင် တောင်မြေသားများ ပြိုကျခဲ့ရာနေရာ၌ သြဂုတ်လ ၁၁ ရက်နေ့ နေလယ် ၁၂ နာရီ အချိန်ထိ သေဆုံးသူ ရုပ်အလောင်း ၅၂ လောင်း တွေ့ရှိထားပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။


    Photo-မွန်ပြည်နယ်ဝန်ကြီးချုပ်အေးဇံ(ကားပေါ်ရှိသည့်ပုဂ္ဂိုလ်)-
    (Facebook မှကူးယူသည်)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks