Monday, March 16, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းလုပ်ဆောင်မည်ဟု KNU ထုတ်ပြန်

    ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းလုပ်ဆောင်မည်ဟု KNU ထုတ်ပြန်

    -

    မွန်သတင်းအေဂျင်စီ(သြဂုတ် ၁၀)

    ကရင်အမျိုးသားအစည်းအရုံး KNU အနေဖြင့် ရှေ့ဆက်ငြိမ်းချမ်းရေးဖော်ဆောာင်မှုတွင် အဓိပ္ပါယ်ပြည့်ဝစွာပါဝင်ရန်အတွက် သော်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုလုံးပါဝင်ရန်အတွက် သော်လည်းကောင်း ဆွေးနွေးခဲ့ကြပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA အပေါ် ရပ်တည်လျက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်သည့်အစုအဖွဲ့ Stakeholders များနှင့်အတူ ဆွေးနွေးညှိနှိုင်း ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း KNU ဗဟိုအမြဲတမ်းကော်မတီက သြဂုတ်လ ၉ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။

    “KNU အနေနဲ့ NCA လမ်းကြောင်းကနေ တစိုက်မတ်မတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည် ဖော်နိုင်ရေးကနေ အောင်မြင်တဲ့အထိ ကျိုးစားသွားမှာဖြစ်ပါတယ်။ အဲလို သွားရာမှာ တဘက်မှာ အကောင်အထည်ဖော်ရင်းကနေ NCA ချိုးဖောက်မှု၊ NCA လမ်း ကြောင်းတိမ်းစောင်းမှုတွေ ရှိရင်ရှိသလို ထောက်ပြ၊ ဖွင့်ချသွားမှာဖြစ်သလို တိုင်းရင်းသားများအားလုံးလိုလားတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးကို ဘုံရည်မှန်းချက်အဖြစ်ထားရှိပြီး ဘဝတူတိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေ၊ လူထုလူတန်းစားတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်” ဟု KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ဆိုသည်။

    ယခုကျင်းပသည့် (၃) ကြိမ်မြောက် ဗဟိုအမြဲတမ်းကော်မတီအစည်းအဝေးတွင် KNU ဗဟိုအလုပ်အမှုဆောင်မှ တင်သွင်းသည့် နိုင်ငံရေးအစီရင်ခံစာပါ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာကြမည့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တစ်ဆို့နေမှုများ၊ အခက်အခဲများ၊ ကျော်လွှားနိုင်မည့်လုပ်ငန်းစဉ်များတို့ကို အပြန်အလှန် အကြေအလည်ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

    ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏တရားဝင်အစည်းအဝေးများသို့ တက်ရောက်ံအား ၂၀၁၈ ခုနှစ် နိုဝင်ဘာ (၅) ရက်နေ့မှ KNU ယာယီရပ်ဆိုင်းထားခဲ့ပြီး အလွတ်သဘောဆွေးနွေးပွဲများဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ဆို့မှုများနှင့် အခက်အခဲများကို ကျော်လွှားနိုင်ရန် ကြိုးပမ်းခဲ့ကြောင်း KNU သတင်းထုတ်ပြန်ချက်တွင် တွေ့ရှိရသည်။

    KNU (၁၆) ကြိမ်မြောက်ကွန်ကရက်အပြီး (၃) ကြိမ်မြောက် ဗဟိုအမြဲတမ်းကော်မတီ၏ အစည်းအဝေး(ပထမပိုင်း)ကို ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့မှ သြဂုတ်လ ၉ ရက်နေ့အထိ ဘားအံခရိုင် လေးဝါးဒေသရှိ ဗဟိုဌာနချုပ်၌ ကျင်းပခဲ့ရာ ဗဟိုအမြဲတမ်းကော်မတီဝင် ၅၅ ဦး ရှိသည့်အနက် ကော်မတီဝင် ၄၅ ဦးနှင့် အထူးဖိတ်ကြားခံရသည့်ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။


    Photo- KNU ၏ သတင်းထုတ်ပြန်ချက်(Copy)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks