spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းဘီးလင်းမြစ်စိုးရိမ်ရေမှတ်ကျော်လွန်နေသဖြင့် ကယ်ဆယ်ရေးခန်းများသို့ လူအများလာရောက်ခိုလှုံ

    ဘီးလင်းမြစ်စိုးရိမ်ရေမှတ်ကျော်လွန်နေသဖြင့် ကယ်ဆယ်ရေးခန်းများသို့ လူအများလာရောက်ခိုလှုံ

    -

    မင်းသူရိန်(ဘီးလင်း၊ သြဂုတ် ၇)

    မွန်ပြည်နယ်ရှိ ဘီးလင်းမြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်နေသဖြင့် ကယ်ဆယ်ရေးစခန်း ၃၇ ခုတွင် လာရောက်ခိုလုံသူ ၇၀၀၅ ဦးရှိကြောင်း ဘီးလင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကို်ယ်စားလှယ် ဒေါက်တာခင်နိုင်ဦးက ပြောသည်။

    “ထောက်ပံ့မှုကတော့ ပုံမှန်အားဖြင့် လိုအပ်တဲ့ အခြေခံ အထောက်အပ့ံတွေ အကုန်ပေးထားတယ်”ဟု ဒေါက်တာခင်နိုင်ဦးက ဆိုသည်။

    ဘီရေလင်းမြစ်ရေနှင့် ဒုံသမိမြစ်ရေများ မြင့်တက်လာမှုကြောင့် ယမန်နေ့မှစတင်၍ ဘီးလင်းမြို့နယ်အတွင်းရှိ စာသင်ကျောင်း ၁၅ ကျောင်း ပိတ်ထားသည်။

    ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန် မြစ်ရေတိုင်းတာချက်အရ (၁၀၃၄) စင်တီမီတာ ရောက်ရှိနေသော်လည်း လက်ရှိအချိန်၌ ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီး ဘီးလင်းလမ်းပိုင်းတွင် မော်တော်ယာဉ်များ သွားလာနိုင်သေးကြောင်း ဒေါက်တာခင်နိုင်ဦးက ပြောသည်။

    အလားတူ အတ္တရံမြစ်ရေမြင့်တက်လာမှုကြောင့် ကျိုက်မရောမြို့နယ် ကလိုင်ကနိုင်ကျေးရွာရှိ အိမ်ခြေ ၆၀ မှ လူဦးရေ ၂၄၁ ဦးတို့အား ရသေ့ကျောင်းတိုက်ဘုန်းကြီးကျောင်း၌ ယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရသည်။

    ယနေ့ နေ့လည်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းစဉ် သံလွင်မြစ်ရေ တက်လာမှုကြောင့် ဘားအံ-ဇာသပြင်လမ်း(ရွှေတော-ကော့ပရံလမ်းပိုင်း)၌ ကားလမ်းရေကျော်သဖြင့် မော်တော်ယာဉ်များ သတိထား၍ မောင်းနှင်ကြရန် သက်ဆိုင်ရာမှ အသိပေးထားသည်။

    သံလွင်မြစ်ရေသည် ယနေ့ညနေ ၅ နာရီခွဲတိုင်းတာချက်အရ ဘားအံမြို့၌ စိုးရိမ်ရေအမှတ်ထက် ၈၁ စင်တီမီတာ ကျော်လွန်လျက်ရှိသည်။

    ဘင်္ဂလားပင်လယ်အော်ရှိ မုန်တိုင်းငယ်သည် မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားခြင်း မရှိ်သော်လည်း နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်း၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် မိုးကြီးနို်င်ပြီး လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ မွန်၊ ကရင်နှင့် တနင်္သာရီတိုင်းတို့တွင် နောက်နှစ်ရက်အထိ မိုးပိုနေမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့ထုတ်ပြန်ထားသည်။


    Photo- (၇-၈-၂၀၁၉) ရက်နေ့ ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီး ဘီးလင်းလမ်းပိုင်းအနေအထား (ဘီးလင်းမြို့နယ်ကွပ်ကဲရေးရုံး)


    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks