spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းဘီးလင်းမြစ်စိုးရိမ်ရေမှတ်နီးကပ်နေ၊ ကယ်ဆယ်ရေးခန်း ၁၉ ခုဖွင့်လှစ်ထား

    ဘီးလင်းမြစ်စိုးရိမ်ရေမှတ်နီးကပ်နေ၊ ကယ်ဆယ်ရေးခန်း ၁၉ ခုဖွင့်လှစ်ထား

    -

    မင်းသူရိန်(ဘီးလင်း၊ သြဂုတ် ၆)

    မွန်ပြည်နယ်ရှိ ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်သို့နီးကပ်လာသဖြင့် ကယ်ဆယ်ရေးခန်း ၁၉ ခု ဖွင့်လှစ်ထားကြောင်း ဘီးလင်းမြို့နယ်ကွပ်ကဲရေးရုံးမှ ထုတ်ပြန်ကြေညာထားသည်။

    ယနေ့နံနက် ၉ နာရီခွဲအချိန်တိုင်းတာချက်အရ (၁၀၁၅) စင်တီမီတာကို ရောက်နေသဖြင့် စိုးရိမ်ရေအမှတ် (၁၀၂၂) စင်တီမီတာသို့နီးကပ်လာသော်လည်း လက်ရှိအချိန်တွင် ရန်ကုန်-မော်လမြိုင်လမ်းမကြီး ဘီးလင်းလမ်းပိုင်းတွင် မော်တော်ယာဉ်များ သွားနိုင်သေးသည်ဟု ဆိုသည်။

    “ဒီနေ့ မနက် ၁ နာရီအချိန်အထိကို ရေဘေးရှောင်စခန်းတွေကို လာရောက်ခုံလှုံကြတဲ့ လူဦးရေက ၈၅၀ လောက်ရှိသွားပြီ။ ရေက တောက်လျှောက်တက်လာနေတယ်၊ ရေက ထပ်တက်နေတော့ အခြေအနေတွေ စောင့်ကြည့်နေပါတယ်””ဟု ဘီးလင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကို်ယ်စားလှယ် ဒေါက်တာခင်နိုင်ဦးက ပြောသည်။

    ကူညီထောက်ပံ့ရေးများ အနေဖြင့် လွန်ခဲ့တဲ့ သုံးပတ်လောက်ကတည်းက ဘီးလင်းမြစ်အထက်ပိုင်းက ကျေးရွာများကို ရိက္ခာများ ပို့ပေးထားပြီးဖြစ်ကြောင်း၊ ယမန်နှစ်က ရိက္ခာမပို့နိုင်ခဲ့သော ကျေးရွာအုပ်စု ၁၀ စုကို ယခုအခါ ရိက္ခာများ ကြိုတင်ထောက်ပံ့ထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

    ဘီလင်းမြစ်ရေနှင့် ဒုံသမိမြစ်ရေများ မြင့်တက်လာမှုကြောင့် မြို့နယ်အတွင်းရှိ အထက(ခွဲ)ကျောင်း တစ်ကျောင်း၊ မူလွန်ကျောင်း တစ်ကျောင်းနှင့် အမကကျောင်း ခြောက်ကျောင်းကို ယာယီပိတ်ထားလိုက်ရသည်။

    “အရင်နှစ်တုန်းကလို့ ဖြစ်လာတဲ့အချိန်မှာ ရိက္ခာပြတ်တာမျိုး မဖြစ်အောင် လက်ရှိအနေအထားအရ ပို့ထားပြီးသား၊ အစိုးရအဖွဲ့အနေဖြင့် ဝယ်လည်းဝယ်ခြမ်းထားပြီးသား ဝယ်ပြီးတော့မှာ နေရာအရောက်လဲ သက်ဆိုင်ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး လက်ထဲကို ထည့်ထားပြီးသား၊ ထည့်ထားပြီးသားဖြစ်တော့ ရိက္ခာပြတ်လတ်မှုတော့ ရှိဖို့ မမြင်တော့ဘူး၊ မရှိနိုင်တော့ဘူး၊ ဘီးလင်းရေလဲ တစ်နာရီကြားတစ်ခါ တစ်နာရီကြားတစ်ခါ ရီပို့စ်တွေ တောက်လျှောက်ကြည့်နေပါတယ်”ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးက ပြောသည်။

    ကယ်ဆယ်ရေးစခန်း ၁၉ ခုသို့ (ယနေ့) သြဂုတ်လ ၆ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် လာရောက်ခိုလုံသည့် အိမ်ခြေ ၃၈၀ မှ လူဦးရေ ၁၈၈၃ ဦးရှိကြောင်း ဘီးလင်းမြို့နယ်ကွပ်ကဲရေးရုံးမှ သိရသည်။

    ယမန်နှစ် ဇူလိုင်လကုန်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဘီးလင်းမြစ်ရေစိုးရိမ်ရေမှတ်ကျော်လွန်၍ မော်တော်ကားလမ်းမပေါ် ရေကျော်သဖြင့် ရန်ကုန်-မော်လမြိုင် ပြည်ထောင်စုလမ်းမကြီးအား ၃ ရက်ကြာခန့် ပိတ်ထားခဲ့ရသည်။


    ရေဘေးရှောင်စခန်းတစ်နေရာ (Photo-ဘီးလင်းမြို့နယ်ကွပ်ကဲရေးရုံး)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks