spot_img
Thursday, February 12, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးနိပွန်ဖောင်ဒေးရှင်းက မွန်ပြည်သစ်ပါတီဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းများအတွက် ငွေကျပ်သိန်းပေါင်း ၆ သောင်းကျော်ထောက်ပံ့မည်

    နိပွန်ဖောင်ဒေးရှင်းက မွန်ပြည်သစ်ပါတီဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းများအတွက် ငွေကျပ်သိန်းပေါင်း ၆ သောင်းကျော်ထောက်ပံ့မည်

    -

    မွန်သတင်းအေဂျင်စီ(သြဂုတ် ၄)

    ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်နှင့် မွန်ပြည်နယ်အစိုးရတို့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်းရှိ ဘက်စုံဒေသဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းအတွက် ဂျပန်အခြေစိုက် နီပွန်ဖောင်ဒေးရှင်းက ငွေကျပ်သိန်းပေါင်း ခြောက်သောင်းခြောက်ထောင်ကျော် ထောက်ပံ့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

    အဆိုပါ နီပွန်ဖောင်ဒေးရှင်းထောက်ပံ့မှုဖြင့် မွန်အမျိုးသားပညာရေးကျောင်းများနှင့် ဆေးပေးခန်းများဆောက်လုပ်ခြင်း၊ တပ်ဖွဲ့ဝင်များအတွက် တန်ဖိုးနည်းအိမ်ယာများဆောက်လုပ်ခြင်း၊ ကျေးရွာ (၇) ရွာ၌ ဆိုလာလျှပ်စစ်မီးတပ်ဆင်ခြင်း စသည့်လုပ်ငန်းများကို လာမည့်ပွင့်လင်းရာသီမှာတွင် စတင်တော့မည်ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဌာန တာဝန်ခံ နိုင်ဝင်းလှ ဆိုသည်။

    နိုင်ဝင်းလှက “တပ်ဖွဲ့ဝင်တွေအတွက် အိမ်ရာဆောက်ပေးဖို့၊ မွန်အမျိုးသားရေးစာသင်ကျောင်းတွေဆောက်ဖို့ အခုစီစဉ်နေတုန်းပဲ။ မွန်ပြည်သစ်ပါတီ၊ နီပွန်ဖောင်ဒေးရှင်းရယ် မွန်ပြည်နယ်အစိုးရနဲ့တွေ့ဆုံဆွေးနွေးပြီးပြီ၊ ဒီမိုးကုန်ရင် အကောင်အထည်ဖော်မယ်”ဟု ပြောသည်။

    တန်ဖိုးနည်းအိမ်ရာပေါင်း ၃၃၀ ၊ ဆေးခန်း ၂ ခု၊ စာသင်ကျောင်း ၆ ကျောင်းနှင့် ဆိုလာမီးအစုံ၂၃၀၀ တပ်ဆင်ခြင်းတို့ကို လာမည့် ၂၀၂၀ ခုနှစ် ဧပြီလတွင် အပြီးသတ်ဆောက်လုပ်သွားမည် ဖြစ်သည်။

    “ရေးမြို့နယ်မှာဆိုရင် ကရင်ရွာ၊ မွန်ရွာတွေ ရောနှောနေတာတွေရှိတယ်။ ကျနော်တို့က မွန်ရွာ ကရင်ရွာဆိုပြီး မခွဲခြားဘူး၊ လျှပ်စစ်မီးမရောက်တဲ့ ကရင်ရွာတွေမှာလည်း ဆိုလာမီးတွေတပ်ဆင်သွားမယ်။ ကေအဲန်ယူဘက်ခြမ်းက လုပ်ဆောင်နေတဲ့ ဒေသဖွံ့ ဖြိုးရေးတွေလည်းရှိတယ်” ဟု နိုင်ဝင်းလှက ဆက်ပြောသည်။

    အလားတူ နိပွန်ဖောင်ဒေးရှင်းအနေဖြင့် အပစ်ရပ်လက်မှတ်ထိုးထားထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအတွက် ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မွန်ပြည်သစ်ပါတီနှင့် ကရင်အမျိုးအသားအစည်းအရုံး KNU တို့ကို နိပွန်ဖောင်ဒေးရှင်းက အမေရိကန်ဒေါ်လာ သိန်း ၃၀၀ ထောက်ပံ့ပေးသွားမည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ဆိုသည်။

    မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မွန်ပြည်သစ်ပါတီဗဟိုအလုပ်အမှုဆောင် နိုင်ဝင်းလှ ဦးဆောင်သော အဖွဲ့ဝင်များနှင့် နိပွန်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့က မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်သည့် မွန်ပြည်နယ်အတွင်း ဘက်စုံဒေသဖွံ့ဖြိုးရေး လုပ်ငန်းစီမံကိန်းများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပြီး အဆိုပါလုပ်ငန်းစဉ်များကို သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်သည်။

    ထို့ပြင် နိပွန်ဖောင်ဒေးရှင်းက မွန်ပြည်သစ်ပါတီသို့ ဖွံ့ဖြိုးရေးလုပ်ငန်းသုံး စက်ယန္တရားများ ပေးအပ်ပွဲအခမ်းအနားကို ရေးမြို့နယ်၊ ပုပ္ဖဝတီကျေးရွာ ကိုရင်လေးကျောင်း၌ ပြီးခဲ့သည့်ဧပြီလတွင် ကျင်းပခဲ့ပြီး ဖြစ်သည်။


    မွန်ပြည်နယ်အစိုးရ၊ မွန်ပြည်သစ်ပါတီ၊ နိပွန်ဖောင်ဒေးရှင်း ညှိနှိုင်းအစည်းအဝေး(Photo-Mon State Government Office)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks