spot_img
Thursday, February 12, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးUNFC တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစု ရပ်ဆိုင်းလိုက်ရပြီ

    UNFC တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစု ရပ်ဆိုင်းလိုက်ရပြီ

    -

    မွန်သတင်းအေဂျင်စီ(သြဂုတ် ၃)

    ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တပ်ပေါင်းစု ယာယီရပ်ဆိုင်းလိုက်ကြောင်း ထိုင်းနို်င်ငံ ချင်းမိုင်မြို့၌ သြဂုတ် ၂ ရက်နေက ကျင်းပသည့် အရေးပေါ်အစည်းအဝေးတွင် ဆုံးဖြတ်လိုက်သည်ဟု UNFC ဥက္ကဋ္ဌ နိုင်ဟံသာက သတင်းထောက်များအား ပြောကြားသည်။

    နိုင်ဟံသာက “UNFC မှာလက်ရှိအနေအထားအရ အဖွဲ့ဝင်တွေက တစ်ဖွဲ့နဲ့တစ်ဖွဲ့မတူကြဘူး၊ တစ်ချို့က NCA လက်မှတ်ထိုးထားတယ်၊ တစ်ချို့က မထိုးရသေးဘူး၊ တစ်ချို့က မြောက်ပိုင်းမဟာမိတ်မှာ၊ အဲဒီလို မတူညီတဲ့အနေအထားတွေလည်း ပါဝင်တာပေါ့” ဟု ဆိုသည်။

    နောက်ဆုံးလက်ကျန် UNFC ၅ ဖွဲ့တွင် မွန်ပြည်သစ်ပါတီ NMSP, လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ NCA လက်မှတ်ရေးထိုးခဲ့ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP, ရခိုင်ပြည်အမျိုးသားကောင်စီ ANC က လက်မှတ်မထိုးရသေးသလို ရှမ်းပြည် တိုးတက်ရေးပါတီ SSPP သည်လည်း မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် FPNCC တွင်ပါဝင်လျက်ရှိသည်။

    “အားလုံးကတော့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆေက်ရေးမှာ အမြင်တူတယ်၊ ကျနော်တို့အချင်းချင်း လက်မတွဲကြရင် လိုချင်တဲ့ပန်းတိုင်မရောက်ဘူးဆိုတာကိုလည်း အမြင်တူကြတယ်၊” နိုင်ဟံသာက ဆက်ပြောသည်။
    နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးကိစ္စအပြင် UNFC အဖွဲ့ရပ်တည်ရေး ငွေကြေးအခက်အခဲများ ရင်ဆိုင်နေရသည်ဟုလည်း သိရသည်။

    UNFC စတင်ဖွဲ့စည်းခဲ့စဉ်က ကရင်အမျိုးသားအစည်းအရုံး KNU, ကချင်လွတ်လပ်ရေးအဖွဲ့ KIO စသည့်အင်အားကြီးမားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ၁၂ ဖွဲ့ပါဝင်ခဲ့သော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လမ်းကြောင်း ရွေးချယ်ခဲ့ရာတွင် အမြင်မတူသဖြင့် အသီးသီးနုတ်ထွက်ခဲ့ကြပြီး နောက်ဆုံး၌ ၅ ဖွဲ့သာကျန်ရှိခြင်း ဖြစ်သည်။

    အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ စစ်မှန် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များက UNFC တပ်ပေါင်းစုကို စတင်ဖွဲ့စည်းခဲ့သည်။


    Photo- UNFC တပ်ပေါင်းစုအလံ(Copy)


    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks